ဖုန်းတွေကို Screen အပြည့်ဖြစ်ဖို့ ကြိုးစားနေကြတဲ့ စမတ်ဖုန်း ကုမ္ပဏီတွေဟာ နည်းပညာအသစ်၊ အသစ်တွေကို သူ့ထက်ငါ ဦးအောင် အပြိုင်အဆိုင် ဖော်ဆောင်နေကြပါတယ်။ အဲဒီထဲမှာ LG လည်း အပါအဝင်ပါ။
ကိုယ်ပိုင် Display တွေ ထုတ်လုပ်နေတဲ့ LG ကုမ္ပဏီဟာ ဖုန်းရှေ့ကင်မရာကို Display အတွင်းမှာ ထည့်သွင်းထားတဲ့ ဒီဇိုင်းတခုကို မူပိုင်ခွင့်တင်ထားပြီ ဖြစ်ပါတယ်။ ယခုဒီဇိုင်းအသစ်နဲ့ဆိုရင် လက်ရှိဖုန်းတွေလို မျက်နှာပြင်ထိပ်မှာ ကင်မရာထားဖို့အတွက် Notch နေရာ ထည့်သွင်းစရာလိုတော့မှာ မဟုတ်ပါဘူး။
LG ဟာ ယခုမူပိုင်ခွင့်ကို တောင်ကိုရီးယားနိုင်ငံမှာ ဒီဇိုင်းပုံစံ ၂ မျိုးနဲ့ တင်သွင်းထားတာ ဖြစ်ပါတယ်။ ရိုးရိုး တဖြောင့်တည်း Display နဲ့၊ Display အကွေး Curved ဆိုပြီး ဒီဇိုင်းဆွဲထားပါတယ်။ ဒါပေမဲ့ အခြေခံသဘောတရားကတော့ အတူတူပါပဲ။
Display မှာ ဖုန်းအတွက် လိုအပ်တဲ့ Sensor နဲ့ ကင်မရာ ၁ လုံး ဒါမှမဟုတ် ၂ လုံး ရပ်ဂ်ဘီဘောလုံးပုံစံ အပေါက်တခု ပါဝင်မှာ ဖြစ်ပါတယ်။ အပေါက်ကို Display အရှေ့ချပ်ပြားရဲ့ အလယ် ဒါမှမဟုတ် အပေါ်ဘက် ဘယ်ထောင့်၊ ညာထောင့်တွေမှာ ထားသွားဖို့ ရှိပါတယ်။
မူပိုင်ခွင့်တွေဟာ အမြဲတမ် းအကောင်အထည်ဖော်လေ့ ရှိတဲ့အရာတွေ မဟုတ်တာကြောင့် LG အနေနဲ့ ယခု ဒီဇိုင်းနဲ့ ဖုန်းမျိုး ထုတ်ဖို့က ရာနှုန်းပြည့် မသေချာပါဘူး။ ဒါပေမဲ့ စိတ်အနှောင့်အယှက်စရာဖြစ်တဲ့ Notch ကို ဖျောက်ပစ်နိုင်မယ့် အသုံးဝင် ဒီဇိုင်းတခုလို့တော့ ဆိုနိုင်ပါတယ်။
Ref: GSM Arena