၂၀၁၆ ခုနှစ်မှာ စတင်မိတ်ဆက်ခဲ့တဲ့ Xiaomi ရဲ့ Mi Notebook Air လက်ပ်တော့မော်ဒယ်အသစ် ၂ မျိုး ထပ်မံ ထွက်ရှိလာ ပါပြီ။ ယခုတပတ်၊ ဗုဒ္ဓဟူးနေ့က တရုတ်နိုင်ငံမှာ 65-inch Mi TV အသစ်၊ Mi AirDots နားကြပ်အသစ်တွေနဲ့ အတူ မိတ်ဆက်သွားခဲ့တာ ဖြစ်ပါတယ်။
ယခုအသစ်ထွက်ရှိလာတဲ့ Mi Notebook Air မော်ဒယ်ကွဲအသစ်နှစ်မျိုးစလုံးဟာ Intel ရဲ့ 8th Generation Core i3 Processors တွေနဲ့ ဖြစ်ပါတယ်။ တလုံးက 13.3-inch Display နဲ့ဖြစ်ကာ နောက်တလုံးကတော့ 15.6-inch Display နဲ့ပါ။
Mi Notebook Air မော်ဒယ်အသစ်နှစ်ခုရဲ့ အဓိကအချက်တွေကတော့ 8th Gen Core i3 Processors ၊ RAM 8GB အထိ၊ USB Type-C သုံး အားအမြန်သွင်းစနစ်၊ လက်ဗွေရာဆန်ဆာ နဲ့ 128GB SATA SSD တပ်ဆင်နိုင်မှုတို့ ပါဝင်တာ ဖြစ်ပါတယ်။ မော်ဒယ်နှစ်ခုစလုံးက Windows 10 Home Edition နဲ့ ထွက်လာမှာ ဖြစ်ပါတယ်။
ဈေးနှုန်းအနေနဲ့ကတော့ 8GB RAM ပါဝင်တဲ့ 13.3-inch Mi Notebook Air အနိမ့်ဆုံးကို ၃၉၉၉ ယွမ် ( မြန်မာငွေ ၉ သိန်းစွန်းစွန်း) ရှိပါတယ်။ တရုတ်ဈေးကွက်အတွင်းပဲ ရောင်းချသွားမှာပါ။ Display အရွယ်အစားအသစ်ဖြစ်တဲ့ 15.6-inch Mi Notebook Air အနိမ့်ဆုံးမော်ဒယ် (4GB RAM/12GB Storage) ကိုတော့ ၃၃၉၉ ယွမ် ( မြန်မာငွေ ၇ သိန်းခွဲကျော်) ပေးရပါလိမ့်မယ်။
13.3-inch Mi Notebook Air ကို ယနေ့က စတင်ဝယ်ယူနိုင်ပြီဖြစ်ကာ၊ 15.6-inch မော်ဒယ်ကတော့ Pre-Order ပဲ မှာထားလို့ ရဦးမှာဖြစ်ပါတယ်။ နိုဝင်ဘာ ၁၁ ရက်နေ့ စရောင်းမှာဆိုတော့ သိပ်တော့ မလိုတော့ပါဘူး။
Xiaomi ဟာ Mi Notebook Air မော်ဒယ်အမြင့်တွေကို Inte 8th Gen Core i5 နဲ့ Core i7 တွေနဲ့ ယခုနှစ်၊ ဇန်နဝါရီလ ကတည်းက Update လုပ်ပေးပြီးသား ဖြစ်ပါတယ်။ အခုမှ Core i3 မော်ဒယ်တွေကို Update လုပ်ပေးလိုက်တာပါ။
Mi Notebook Air 15.6-inch ဟာ 13.3-inch မော်ဒယ်ထက် စာရင် အရွယ်အစားကြီတာကြောင့် အအေးပေးစနစ် ပိုမို ကောင်းမွန်ပါတယ်။ ပန်ကာနှစ်လုံးနဲ့ 2+2 Heat Pipe စနစ်ကို အသုံးပြုထားတာကြောင့် လက်ပ်တော့အတွင်းအပူချိန်ကို ပိုမိုကောင်းမွန်စွာ ထိန်းညှိပေးနိုင်ပါလိမ့်မယ်။
Mi Notebook Air ရဲ့ 40W ဘက်ထရီကလည်း အားအမြန်သွင်းစနစ် အသုံးပြုနိုင်ပြီး၊ မိနစ် ၃၀ အတွင်း ၅၀ ရာခိုင်နှုန်း အထိ သွင်းပေးနိုင်သလို၊ အားအပြည့်သွင်းထားရင် ၉ နာရီခွဲလောက် ခံတာကြောင့် လက်ပ်တော့ကို ကိုယ်နဲ့မကွာ အမြဲဆောင်သွားနေရသူတွေ အကြိုက်တွေ့မယ့် လက်ပ်တော့မော်ဒယ်တွေ ဖြစ်ပါတယ်။
Ref: Gadgets NDTV, India Today