IT

Messenger မှာ "Unsend" လုပ်ဆောင်ချက် စတင်ပါဝင်လာ

လွန်ခဲ့တဲ့တလက စတင်ကြေညာခဲ့တဲ့ Messenger ရဲ့ “Unsend” လုပ်ဆောင်ချက်ကို ယခု တရားဝင် ထုတ်ပေးလိုက်ပါပြီ။

Android နဲ့ iOS ၂ မျိုးစလုံးအတွက် တခါတည်း ထုတ်ပေးလိုက်တာ ဖြစ်ပေမယ့် တကမ္ဘာလုံး အတိုင်းအတာနဲ့ မဟုတ်ဘဲ ဘိုလီဗီယား၊ ကိုလံဘီယာ၊ လစ်သူယေးနီးယားနဲ့ ပိုလန်နိုင်ငံတို့မှာပဲ စတင်ထုတ်ပေးခဲ့တာ ဖြစ်ပါတယ်။ တခြားနိုင်ငံတွေမှာလည်း အမြန်ဆုံးရရှိသွားမယ်လို့ ကတိပေးထားပါတယ်။

Messenger ရဲ့ “Unsend” လုပ်ဆောင်ချက်အသစ်ဟာ စာပို့သူနဲ့ လက်ခံသူ နှစ်ဖက်စလုံးက မက်ဆေ့တွေကို ပြန်ဖျက်ပစ်နိုင်တဲ့ လုပ်ဆောင်ချက်တခုပါ။ Facebook CEO Mark Zuckerberg အရင်ဆုံး အသုံးပြုခဲ့ပြီးနောက်မှာ အားလုံးအတွက် ထုတ်ပေးလိုက်တာ ဖြစ်ပါတယ်။

Messenger ရဲ့ “Unsend” ကနေ မက်ဆေ့တခုကို ၁၀ မိနစ်အတွင်း ပြန်ဖျက်နိုင်မှာဖြစ်ပြီး၊ မက်ဆေ့ဖျက်ထားတဲ့ နေရာကိုလည်း Chat ထဲမှာ ပြပေးထားမှာပါ။ စာမက်ဆေ့တင်မက၊ အသံ၊ ဗီဒီယို၊ ဓာတ်ပုံ စတာတွေ အားလုံးကိုလည်း Unsend ပြန်လုပ်နိုင်မှာပါ။

မက်ဆေ့သက်သေ မကျန်ရစ်တဲ့ ယခုလုပ်ဆောင်ချက်ကို မသမာသူတွေ အခွင့်ကောင်းမယူနိုင်စေဖို့အတွက် ဖျက်လိုက်တဲ့ မက်ဆေ့တွေကို အချိန်ခဏတာတခုအထိ Facebook က သိမ်းပေးထားမှာလည်း ဖြစ်ပါတယ်။

Unsend လုပ်ဆောင်ချက်ကို မိမိမှာ ရရှိလို့ အသုံးပြုချင်တယ်ဆိုရင် ကိုယ်ဖျက်လိုတဲ့ မက်ဆေ့ကို ဖိထားလိုက်ပါ။ ဒီအခါ Remove ဆိုတဲ့ Option အသစ်တခုကို တွေ့မြင်ရမှာဖြစ်ပြီး၊ Remove for Everyone လုပ်လိုက်ရင် စာလက်ခံသူအားလုံးဆီမှာ မက်ဆေ့ပျောက်သွားမှာ ဖြစ်ပါတယ်။ Remove for You ဆိုရင်တော့ အရင် Delete အတိုင်း ကိုယ့်ဘက်မှာပဲ ပျောက်သွားမှာပါ။

Facebook ဟာ အလားတူ Unsend လုပ်ဆောင်ချက်တွေကို ထပ်မံထုတ်ပေးသွားဖို့လည်း ရှိပါတယ်။ ရိုးရိုး Conversation က ပြောတဲ့ မက်ဆေ့တွေကိုလည်း ပျက်သွားမယ့်အချိန် ကြိုတင်သတ်မှတ်ထားနိုင်တာ၊ ဒါမှမဟုတ် Chat တခုလုံးကို ပျက်သွားမယ့်အချိန် သတ်မှတ်နိုင်တာ စတဲ့ နောက်ထပ်လုပ်ဆောင်ချက်အသစ်တွေကို ထပ်မံမြင်တွေ့ရဖို့ ရှိပါတယ်။

Ref: Engadget

Loading