IT

Notch နှစ်ခုပါ ပထမဆုံး စမတ်ဖုန်းကို Sharp မိတ်ဆက်

ဂျပန်စမတ်ဖုန်း ကုမ္ပဏီ Sharp ဟာ Notch နှစ်ခုပါဝင်တဲ့ ပထမဆုံး စမတ်ဖုန်းကို မိတ်ဆက်လိုက်ပါတယ်။ “Aquos R2 Compact” လို့ အမည်ပေးထားတဲ့ စမတ်ဖုန်းဟာ Display အပေါ်ဘက်မှာ ရှေ့ကင်မရာထားဖို့အတွက် အဝိုင်းပုံ Notch တခုနဲ့ အောက်ဘက်မှာတော့ လက်ဗွေရာဆန်ဆာ ထားဖို့အတွက် Notch တခုတို့ ပါဝင်လာပါတယ်။

Aquos R2 Compact ရဲ့ Screen က 5.2-inch 2280 x 1080 IGZO LCD Screen ဖြစ်ပြီး၊ ကင်မရာနဲ့ လက်ဗွေရာ ဆန်ဆာနေရာတို့မှာ သိသိသာသာ ဝိုက်သွားတာ တွေ့မြင်ရမှာပါ။ 19.9 Aspect Ratio နဲ့ ဖြစ်တာကြောင့် Screen က နည်းနည်းရှည်ပါလိမ့်မယ်။ Snapdragon 845 Chipset ၊ 4GB RAM နဲ့ 64GB Internal Storage တို့ ပါဝင်ပြီး၊ microSD ကတ် စိုက်လို့လည်း ရမှာပါ။

ကျောကင်မရာကိုတော့ 22.6-megapixel ကင်မရာတလုံးပဲ သုံးထားပြီး၊ ဖုန်းရှေ့ဘက်က Essential ဖုန်း ပုံစံ Notch နေရာမှာတော့ 8-megapixel ကင်မရာကို ထည့်ပေးထားပါတယ်။ 2,500mAh ဘက်ထရီကို USB-C Port ကနေ အားအမြန်သွင်းနိုင်မှာပါ။

Sharp ရဲ့ ဖုန်းအသစ်ကို နောက်ဆုံး Android စနစ်ဖြစ်တဲ့ Android 9.0 Pie နဲ့ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ဂျပန်နိုင်ငံမှာ ရှေ့နှစ်၊ ဇန်နဝါရီလမှ စတင် ဝယ်ယူနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။ ဈေးနှုန်းကိုတော့ Sharp ဝက်ဘ်ဆိုဒ်မှာ ထပ်မံကြေညာသွားဖို့ ရှိပါတယ်။

Google ဟာ Android စနစ်မှာ Notch အရေအတွက် အများဆုံး ၃ ခုထိ ထည့်ခွင့် ပြုထားပါတယ်။ ဒါပေမယ့် လက်ရှိထွက်ထားသမျှ ဖုန်းတိုင်းလိုလိုက Notch တခုတည်းနဲ့ပဲ ဖြစ်ပြီး၊ Notch နှစ်ခုပါတဲ့ ဖုန်းကို အခုမှ စတင်မြင်တွေ့ဖူးတာ ဖြစ်ပါတယ်။

Ref: Digital Trends, PC World

Loading