၂၀၁၈ ခုနှစ်အတွင်း စိတ်ဝင်စားစရာ အကောင်းဆုံး ဖုန်းတွေထဲမှာ Vivo Nex လည်း အပါအဝင်ပါ။ Display ပေါ်က Notch ကို ဖျောက်ဖို့အတွက် ထူးခြားတဲ့ ကင်မရာ ဆလိုက်ဒါ ဒီဇိုင်းကို အသုံးပြုခဲ့ပြီး အားလုံးရဲ့ အာရုံကို ဖမ်းစားနိုင်ခဲ့ပါတယ်။
ယနေ့မှာတော့ Vivo ဟာ မူလ Nex ဖုန်းကို ပြန်လည်ဆန်းသစ် ထုတ်လုပ်ထားတဲ့ Vivo Nex Dual Display Edition ကို တရုတ်နိုင်ငံမှာ ထပ်မံ မိတ်ဆက်ပြသလိုက်ပါတယ်။
Dual Display ဆိုတဲ့ နာမည်အတိုင်း Screen နှစ်ခု ပါဝင်လာပြီး၊ AMOLED Display နှစ်ခု သုံးပေးထားပါတယ်။ မူလ Nex က ရှေ့ကင်မရာ ဆလိုက်ဒါကို လုံးဝ ဖြုတ်ပစ်လိုက်ပြီး ကျောကင်မရာ ၃ လုံးပဲ ထည့်ပေးထားပါတယ်။ ဒါကြောင့် ရှေ့ကင်မရာအတွက် အပေါက်ဖောက်စရာ၊ Notch ထားစရာတွေ မလိုတော့ဘဲ ဖုန်းက Screen အပြည့် ဖြစ်သွားပါတယ်။
ကျောကင်မရာ ဆန်ဆာ ၃ ခုကို “Lunar Ring” ထဲ ထည့်ထားပြီး 12-megapixel primary ကင်မရာ၊ 2-megapixel secondary ကင်မရာနဲ့ 3D ပုံရိပ်ဖတ်ရှုဖို့အတွက် TOF ဆန်ဆာ တို့ပါရှိပါတယ်။ဖုန်းရှေ့ဘက် ပင်မ Display ကနေ Unlock လုပ်ဖို့အတွက်ကိုတော့ In-Display Fingerprint Sensor ထည့်ပေးထားတာ တွေ့ရပါတယ်။
Selfie ရိုက်ချင်တဲ့အခါ ဖုန်း ကျောကင်မရာနဲ့ ရိုက်ရမှာဖြစ်ပြီး အနောက်ဘက် Display မှာ မိမိပုံရိပ်ကို တွေ့မြင်ရမှာပါ။ ဒါ့အပြင် တခြားလူကို ဓာတ်ပုံရိုက်ပေးမယ်ဆိုရင်လည်း ဓာတ်ပုံရိုက်ခံသူက မိမိပုံရိပ်ကို ရှေ့Display ကနေ မြင်နေရမှာ ဖြစ်ပါတယ်။ Display ကနေ မိမိ ကိုယ်နေဟန်ထားကို စိတ်ကြိုက် ပြင်ဆင်နိုင်မှာ ဖြစ်ပါတယ်။
နောက်ဘက် Display မှာ ပါတဲ့ အဝိုင်းပုံစံ “Lunar Ring” က အလှသက်သက် ဖြစ်သလို Notification မီး အချက်ပြဖို့အတွက်လည်း အသုံးချနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် အလင်းရောင်မကောင်းတဲ့ အခြေအနေမှာ Selfie ရိုက်ချင်ရင် အလင်းထုတ်ပေးဦးမှာပါ။ သီချင်းသံအလိုက် မီးရောင်ပြဖို့လည်း အသုံးပြုနိုင်ပါတယ်။
Vivo ဟာ Nex Dual Display Edition မှာ Screen နှစ်ခုလုံးကို AMOLED Display တွေ သုံးပေးထားပါတယ်။ ပင်မ Display က ၆.၄ လက်မ 2340 x 1080 pixels ဖြစ်ပြီး၊ နောက်ဘက် Display ကတော့ ၅.၅ လက်မ 16:9 1080p Display ဖြစ်ပါတယ်။ Display နှစ်ခုလုံးကို သာမန်ဖုန်းအတိုင်း အပြည့်အဝ အသုံးပြုနိုင်မှာပါ။
Display နှစ်ခုကို နောက်ထပ် အသုံးချနိုင်မယ့် နေရာကတော့ Gaming ပါ။ FPS အပစ်အခတ်ဂိမ်းတွေ ဆော့တဲ့အခါ သေနတ်ပစ်တဲ့ ခလုတ်ကို ကျောဘက် Display မှာ ထားပြီး၊ ပိုနေတဲ့ လက်ချောင်းတွေနဲ့ နှိပ်ကစားနိုင်ပါတယ်။
Vivo Nex Dual Display ဖုန်းရဲ့ Specs တွေကတော့ Snapdragon 845 Chipset ၊ 10GB RAM နဲ့ 128GB Storage တို့ပါ။ ဘက်ထရီကတော့ 3,500mAh ဘက်ထရီ ဖြစ်ပါတယ်။ USB-C သုံး 10V အားအမြန်သွင်းစနစ် ပါဝင်သလို၊ 3.5mm နားကြပ်ပေါက်လည်း ပါဝင်လာပါသေးတယ်။
ဒီဖုန်းကို တရုတ်နိုင်ငံမှာ ၇၂၅ ဒေါ်လာနဲ့ ဒီဇင်ဘာ ၂၉ ရက် စတင် ရောင်းချသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ တရုတ်နိုင်ငံ ပြင်ပမှာ ရရှိနိုင်မလားတော့ မပြောခဲ့ပါဘူး။
Ref: The Verge, Gadgets NDTV