IT

Display အပေါက်နဲ့ Huawei Nova 4 စမတ်ဖုန်း ထွက်ရှိ

Want create site? Find Free WordPress Themes and plugins.

၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလဟာ Display အပေါက်ဖုန်းတွေ စတင် ရေပန်းစားလာတဲ့ လလို့ ခေါ်ဆိုရမှာပါ။ ပထမဦးဆုံး Display အပေါက်နဲ့ ဖုန်းကို Huawei ရဲ့ Brand အခွဲ Honor က ဒီဇင်ဘာလ ၁၀ ရက်နေ့မှာ မိတ်ဆက်ခဲ့ပါတယ်။

အဲဒီနေ့မှာပဲ ပြိုင်ဘက် Samsung ကုမ္ပဏီကလည်း Display အပေါက်နဲ့ Galaxy A8s ကို မိတ်ဆက်ခဲ့ပြန်ပါတယ်။ ယနေ့မှာတော့ Huawei ကလည်း Nova 4 ဆိုတဲ့ Display အပေါက်ပါ ဖုန်းတလုံးကို ထပ်မံ မိတ်ဆက်လိုက်ပါတယ်။ Huawei ဖုန်းတွေထဲမှာ အဆိုပါဒီဇိုင်း သုံးထားတဲ့ ပထမဆုံး ဖုန်းဖြစ်ပါတယ်။

Huawei Nova 4 နဲ့ Honor View 20 တို့ဟာ Display အပေါက်အပြင် တခြား ဒီဇိုင်း၊ အချက်အလက်တွေလည်း တူညီမှု အများအပြား ရှိတာ တွေ့ရပါတယ်။ ဖုန်း ၂ မျိုးစလုံးဟာ အဓိက ကျောကင်မရာအတွက် 48-megapxiel ဆန်ဆာတွေကို အသုံးပြုထားပါတယ်။ Nova 4 မှာတော့ 48-megapixel ဆန်ဆာ အပါအဝင် ကျောကင်မရာက စုစုပေါင်း ၃ လုံးဖြစ်ပြီး၊ Honor View 20 မှာတော့ ကျောကင်မရာကို မမြင်တွေ့ရသေးပါဘူး။

Nova 4 စမတ်ဖုန်းရဲ့ Display ဘယ်ဘက် အပေါ်ထောင့်မှာ သေးငယ်တဲ့ အပေါက်လေးတခုကို တွေ့မြင်နိုင်ပါတယ်။ အဆိုပါ Display အပေါက်ထဲမှာတော့ 25MP, f/2.0 ကင်မရာတလုံး ထည့်ပေးထားပါတယ်။ အပေါက်က သေးငယ်တဲ့အတွက် ဒီဇိုင်းကို အနှောင့်အယှက် ဖြစ်နေတာမျိုးတော့ မရှိပါဘူး။

Huawei ဟာ Honor View 20 မှာတော့ Kirin 980 Chipset အသစ်စက်စက်ကို သုံးပေးထားပေမယ့်၊ Nova 4 မှာတော့ View 10 နဲ့ P20 Pro တုန်းက Kirin 970 ကိုပဲ ထပ်မံ သုံးပေးထားပါတယ်။ Huawei Nova 4 ရဲ့ တခြားအချက်အလက်တွေကတော့ ၆.၄ လက်မ အကျယ်၊ 2310 x 1080 pixel မျက်နှာပြင်၊ 8GB RAM နဲ့ 128GB Storage တို့ ပါဝင်ပါတယ်။

ကျောဘက်လက်ဗွေရာဆန်ဆာလည်း တွေ့မြင်ရဦးမှာပါ။ ဒါ့အပြင် USB-C ကနေ 18W အားအမြန်သွင်းစနစ် အသုံးပြုနိုင်မယ့် 3,750mAh ဘက်ထရီလည်း ပါဝင်လာပါတယ်။

Nova 4 စမတ်ဖုန်းကို ဒေါ်လာ ၄၉၀ နဲ့ ဒေါ်လာ ၄၅၀ ဆိုပြီး မော်ဒယ် ၂ မျိုး ခွဲရောင်းသွားဖို့ ရှိတယ်လို့ ဆိုပါတယ်။ ၄၉၀ ဒေါ်လာတန်က 48-megapixel ဆန်ဆာနဲ့ ဖြစ်ပြီး၊ ၄၅၀ ဒေါ်လာတန်က 20-megapixel ဖြစ်သွားပါမယ်။ Huawei Nova စီးရီးဖုန်းတွေ ထုံးစံအတိုင်း မြန်မာနိုင်ငံဈေးကွက်ကိုလည်း ဝင်ရောက်လာမယ်လို့ မျှော်လင့်ရပါတယ်။

Ref: The Verge, GSM Arena

Did you find apk for android? You can find new Free Android Games and apps.
Loading