IT

၂၀၁၈ ခုနှစ်မှာ လူကြိုက်အများဆုံး ဆိုရှယ်မီဒီယာတွေက ဘာတွေလဲ

Want create site? Find Free WordPress Themes and plugins.

ယနေ့ခေတ်မှာ စမတ်ဖုန်းတွေ ပေါများလာတာနဲ့အမျှ Social Media တွေ အသုံးပြုမှုဟာလည်း ယခင်ကထက် ပိုမိုကျယ်ပြန့်လာပါတယ်။ များပြားလှတဲ့ Social Media တွေကလည်း သုံးစွဲသူတွေကို နည်းပညာအမျိုးမျိုးနဲ့ ဆွဲဆောင်နေကြပြီး အခုဖော်ပြပေးမှာက ၂၀၁၈ ခုနှစ်အတွင်း လူကြိုက်အများဆုံးနဲ့ အသုံးပြုမှုအများဆုံး ဆိုရှယ်မီဒီယာတွေပဲ ဖြစ်ပါတယ်။

(၁) Facebook

ဆိုရှယ်မီဒီယာလောကမှာ သုံးစွဲသူအများဆုံးနဲ့ လူကြိုက်အများဆုံးကတော့ Facebook ပဲဖြစ်ပါတယ်။ စစ်တမ်းတွေ အရဆိုရင်တော့ ကမ္ဘာတဝှမ်းလုံး အတိုင်းအတာနဲ့ဆိုရင် Facebook သုံးစွဲသူ ၂ ဘီလီယံကျော် ရှိကြောင်း သိရပါတယ်။

(၂) YouTube

၂၀၀၅ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တဲ့ YouTube ဟာဆိုရင်တော့ လူတွေကို ဖျော်ဖြေရေးသက်သက်တင် မဟုတ်ဘဲ ဗဟုသုတရှာဖွေရာ နေရာတခုလည်းဖြစ်တာကြောင့် လူကြိုက်အများဆုံးနဲ့ အသုံးပြုမှု အများဆုံး Social Media Website တခု ဖြစ်နေပါတယ်။

(၃) Instagram

၂၀၁၀ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တဲ့ Instagram ကိုတော့ Facebook ကပဲ ပိုင်ဆိုင်တာဖြစ်ပြီး အနုပညာရှင်အများစုနဲ့ လူငယ်တွေအများဆုံး အသုံးပြုတဲ့ Social Media တခု ဖြစ်ပါတယ်။ စစ်တမ်းတွေအရ သုံးစွဲသူ ၁ ဘီလီလျံခန့် ရှိပြီး Instagram အသုံးပြုမှု ၉၅ ရာခိုင်နှုန်းခန့်ဟာ Facebook သုံးစွဲသူတွေလည်း ဖြစ်ပါတယ်။

(၄) Twitter

နိုင်ငံရေးသမားတွေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ အများဆုံး အသုံးပြုကြတဲ့ Twitter ကိုတော့ ၂၀၀၆ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တာဖြစ်ပြီး သုံးစွဲသူအများဆုံး ဆိုရှယ်မီဒီယာ စာရင်းမှာ ၃၀၀ မီလီယံခန့်နဲ့ ရပ်တည်နေပါတယ်။

(၅) Piterest

၂၀၁၀ခုနှစ်မှာ စတင်ပေါ်ထွက်လာခဲ့တဲ့ Pinterest ဟာဆိုရင်တော့ ဓာတ်ပုံတွေ အပြန်အလှန် မျှဝေလို့ရတဲ့ Social Media တခု ဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ်နောက်ပိုင်းမှာ လူကြိုက်များလာသလို သုံးစွဲမှုလည်း များပြားလာတဲ့ Pinterest ဟာဆိုရင် လက်ရှိမှာ သုံးစွဲသူပေါင်း ၂၀၀ မီလီယံကျော် ရှိပါတယ်။

Ref: smallbiztrends.com

Did you find apk for android? You can find new Free Android Games and apps.
Loading