၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ CES ပွဲမတိုင်ခင်မှာ LG က CineBeam 4K လေဆာ ပရိုဂျက်တာ မော်ဒယ်အသစ်ကို မိတ်ဆက်လိုက်ပါတယ်။
မူလမော်ဒယ် HU80K ရဲ့ ရှည်မျောမျော၊ တာဝါပုံစံ ဒီဇိုင်းကို စွန့်ခွာပြီး၊ ဧည့်ခန်းနဲ့ ပိုလိုက်ဖက်မယ့် လေးထောင့်ကျကျ ဒီဇိုင်း ပုံစံ အဖြစ် ပြောင်းလဲထားပါတယ်။
CineBeam 4K လေဆာပရိုဂျက်တာအသစ်ရဲ့ အဓိကဆွဲဆောင်မှုကတော့ သူ့ရဲ့ Ultra Short Throw (UST) နည်းပညာပါ။ နံရံနဲ့ ၂ လက်မ အကွာအဝေးကနေတင် အရွယ်အစား ၉၀ လက်မရှိတဲ့ Screenကို ထိုးပြနိုင်တဲ့ ပုံရိပ်အနီးထိုး နည်းပညာ ဖြစ်ပါတယ်။ Screen ဒီထက် ကြီးကြီး ကြည့်ချင်ရင် ၇ လက်မ အကွာအဝေးကို ရွှေ့လိုက်ရုံနဲ့ ၁၂၀ လက် ပုံရိပ်တွေကို ထိုးပြနိုင်ပါတယ်။
LG ရဲ့ စမတ်တီဗီ အသစ်တွေလိုပဲ ThinQ AI စနစ် ပါဝင်မှာဖြစ်တာကြောင့် ယခု လေဆာပရိုဂျက်တာကို Magic အဝေးထိန်းခလုတ်ကနေ အသံနဲ့တင် ထိန်းချုပ်နိုင်ပါတယ်။ လက်အမူအရာနဲ့ ထိန်းချုပ်နိုင်တဲ့ Gestures လုပ်ဆောင်ချက်တွေလည်း Magic ရီမုတ်မှာ ပါဝင်မှာ ဖြစ်ပါတယ်။
LG CineBeam ပရိုဂျက်တာအသစ်ဟာ အလင်းရောင်တောက်ပမှု ၂၅၀၀ lumens အထိ ရှိပြီး၊ 4K UHD ပုံရိပ်အရည်အသွေးကို ပေးစွမ်းနိုင်ပါတယ်။ ချိတ်ဆက်ဖို့ အပေါက်တွေအနေနဲ့ USB ၊ Ethernet နဲ့ HDMI Ports တို့ ပါဝင်မှာပါ။
LG လေဆာပရိုဂျက်တာအသစ်ရဲ့ ဈေးနှုန်းနဲ့ ဝယ်ယူရရှိနိုင်မယ့် ရက်ကိုတော့ မကြာခင် Las Vegas မြို့မှာ ကျင်းပမယ့် CES 2019 ပွဲမှာ ထုတ်ပြန်ကြေညာသွားဖို့ ရှိပါတယ်။
Ref: The Verge, Engadget