IT

Qualcomm ကို တရားစွဲဆိုမှုမှာ LG ပါဝင်လာ

Want create site? Find Free WordPress Themes and plugins.

Qualcomm ဟာ iPhones မော်ဒယ်အဟောင်းတွေကို တရုတ်နိုင်ငံနဲ့ ဂျာမနီမှာ နိုင်ငံတို့မှာ ရောင်းချခွင့် ပိတ်ပင်အောင် Apple ကို တရားစွဲဆိုထားသူ ဖြစ်ပေမယ့် ကိုယ်တိုင်ကလည်း Apple နဲ့ U.S အစိုးရတို့ရဲ့ တရားစွဲဆိုမှုကို ရင်ဆိုင်နေရသူ ဖြစ်ပါတယ်။ ဒါ့အပြင် တောင်ကိုရီးယားဈေးကွက်စောင့်ကြည့်ရေးကော်မရှင် (KFTC) ရဲ့ တရားစွဲဆိုမှုကိုလည်း ခံထားရပါတယ်။

လွန်ခဲ့တဲ့ ၂ နှစ်တုန်းကလည်း KFTC ဟာ Qualcomm ကို မူပိုင်ခွင့်အလွဲသုံးစားပြုလုပ်မှုနဲ့ ကန်ဒေါ်လာ ၉၁၅ သန်း ပေးဆောင်ရန် ပြစ်ဒဏ် ချမှတ်ခဲ့ပါတယ်။ ဒါပေမဲ့ Qualcomm ကို ဒဏ်ဆောင်ဖို့ ငြင်းဆန်ခဲ့တာကြောင့် KFTC က တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။ Apple, Samsung, Intel, MediaTek နဲ့ Huawei စတဲ့ နည်းပညာကုမ္ပဏီကြီးတွေလည်း KFTC ရဲ့ တရားစွဲဆိုမှုကို ပူးပေါင်း ပါဝင်လာကြပါတယ်။

ဒါပေမဲ့ Samsung ကတော့ ယခုနှစ် အစောပိုင်းမှာ Qualcomm နဲ့ မူပိုင်ခွင့် အပြန်အလှန် အသုံးချမှု သဘောတူညီချက် ရယူခဲ့တဲ့အတွက် တရားစွဲဆိုမှုကနေ ထွက်ခဲ့ပါတယ်။

တောင်ကိုရီးယားနိုင်ငံမှာ တရားစွဲဆိုမှုမှာ Samsung လို ပြည်တွင်းကုမ္ပဏီတခု မပါဝင်တော့တာက KFTC အတွက် ထိုးနှက်ချက်တခုပါ။ ယနေ့မှာတော့ တောင်ကိုရီးယားအခြေစိုက် နည်းပညာကုမ္ပဏီကြီး တခုဖြစ်တဲ့ LG က KFTC အမှုကို ပါဝင်လာပြီ ဖြစ်ပါတယ်။

LG အနေနဲ့ Qualcomm နဲ့ လတ်တလော ညှိနှိုင်းမှု အခက်အခဲတွေ့နေတဲ့ အချိန်မှာ Qualcomm ကို အသာစီးရဖို့အတွက် ယခု အမှုမှာ ပါဝင်ခဲ့တာလားဆိုတာကိုတော့ ကွဲကွဲပြားပြား မသိရသေးပါဘူး။ LG လို တောင်ကိုရီးယား အခြေစိုက် Qualcomm ရဲ့ ဖောက်သည် ကုမ္ပဏီကြီးတခု ပါဝင်လာတာက Qualcomm အတွက်တော့ စိုးရိမ်စရာ ဖြစ်လာမှာပါ။

Qualcomm ဟာ သူ့ရဲ့ ဈေးကွက် လွှမ်းမိုးထားနိုင်မှုကို Chipset ရောင်းချမှု တစိတ်တပိုင်းအနေနဲ့ မလိုအပ်တဲ့ မူပိုင်ခွင့်တွေ တောင်းခံတာ၊ မူပိုင်ခွင့်စာချုပ်တွေမှာ ပြိုင်ဘက် Chipset ကုမ္ပဏီတွေကို တားမြစ်တဲ့ စည်းကမ်းချက်တွေ ထုတ်တာ စတဲ့ ဈေးကွက်လက်ဝါးကြီးအုပ်မှုတွေကြောင့် KFTC ရဲ့ ပြစ်ဒဏ် ချမှတ်ခံခဲ့ရတာ ဖြစ်ပါတယ်။

Ref: Phone Arena

Did you find apk for android? You can find new Free Android Games and apps.
Loading