IT

iPhone မော်ဒယ်အမြင့်တွေကို အိန္ဒိယမှာ ထုတ်လုပ်ဖို့ Apple စီစဉ်

Want create site? Find Free WordPress Themes and plugins.

Apple နဲ့ မိတ်ဖက်ကုမ္ပဏီ Foxconn တို့ဟာ iPhone မော်ဒယ် အမြင့်တွေကို တရုတ်နိုင်ငံကနေ အိန္ဒိယနိုင်ငံမှာ ပြောင်းလဲ ထုတ်လုပ်ဖို့ စီစဉ်နေတယ်လို့ Reuters သတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။

ထိုင်ဝမ်အခြေစိုက် Foxconn ကုမ္ပဏီဟာ Apple ဖုန်းတွေကို အိန္ဒိယနိုင်ငံမှာ ပထမဆုံး တာဝန်ယူ ထုတ်လုပ်သွားမှာ ဖြစ်ပြီး တန်ဖိုးအကြီးဆုံး iPhone X စီးရီးကို တာဝန်ယူ ထုတ်လုပ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

အိန္ဒိယနိုင်ငံ တောင်ပိုင်း Tamil Nadu ပြည်နယ်၊ Sriperumbudur မြို့က Foxconn စက်ရုံမှာ ထုတ်လုပ်သွားမှာ ဖြစ်တယ်လို့ အမည်မဖော်လိုတဲ့ အတွင်းလူတဦးက Reuters ကို ပြောကြားခဲ့ပါတယ်။ Foxconn ဟာ Xiaomi ဖုန်းတွေကိုလည်း အဆိုပါ စက်ရုံကနေ ထုတ်လုပ်လျက်ရှိပါတယ်။

Foxconn ဟာ Apple ဖုန်းတွေ ထုတ်ဖို့အတွက် အဆိုပါ စက်ရုံကို ကန်ဒေါ်လာ ၃၅၆ သန်း ရင်းနှီးကာ တိုးချဲ့သွားမှာ ဖြစ်တယ်လို့ Tamil Nadu ရဲ့ စက်မှုဝန်ကြီး M C Sampath က Reuters က ဆိုပါတယ်။ ယခု ရင်းနှီးမြှပ်နှံမှုကြောင့် အလုပ်အကိုင်ပေါင်း ၂၅,၀၀ အထိ ဖန်တီးပေးနိုင်မှာပါ။

Apple နဲ့ Foxconn တို့ဟာ အမေရိကန်နဲ့ တရုတ်နိုင်ငံ အကြား ဖြစ်ပွားလျက်ရှိတဲ့ ကုန်သွယ်ရေးစစ်ပွဲကြောင့် ကုမ္ပဏီနှစ်ခုလုံး ထိခိုက်နစ်နာမှု နည်းပါးအောင် အိန္ဒိယမှာ iPhones မော်ဒယ်အမြင့်တွေ ပြောင်းလဲ ထုတ်လုပ်ဖို့ စီစဉ်နေတာပါ။

Apple အနေနဲ့ အခုမှ အိန္ဒိယမှာ iPhones ထုတ်မှာတော့ မဟုတ်ပါဘူး။ တန်ဖိုးနည်း iPhone SE နဲ့ 6S မော်ဒယ်တွေကို Wistron Corp စက်ရုံကနေ အိန္ဒိယမှာ တပ်ဆင်ထုတ်လုပ်နေတာ ကြာမြင့်နေပါပြီ။

အိန္ဒိယမှာ ရောင်းချရတဲ့ iPhones မော်ဒယ် တဝက်လောက်ကလည်း iPhone 8 ထက် ဟောင်းတဲ့ မော်ဒယ်နိမ့် iPhones တွေသာ ဖြစ်ပါတယ်။ ဒါကြောင့် Foxconn စက်ရုံကလည်း လွန်ခဲ့တဲ့နှစ်က မိတ်ဆက်ခဲ့တဲ့ iPhone X မော်ဒယ်အဟောင်းတွေကိုပဲ ပြန်ထုတ်ဖို့ ဖြစ်နိုင်ပါတယ်။ iPhone အစိတ်အပိုင်းတွေ တပ်ဆင်ဖို့ပဲလား ဒါမှမဟုတ် လိုအပ်တဲ့ အစိတ်အပိုင်းတွေပါ အိန္ဒိယမှာ ထုတ်မှာလားဆိုတာကိုလည်း ကွဲကွဲပြားပြား မသိရသေးပါဘူး။

Foxconn ကိုယ်တိုင်ကတော့ တရုတ်-အမေရိကန် ကုန်သွယ်ရေးစစ်ပွဲ ပြဿနာဟာ ကုမ္ပဏီအတွက် အကြီးမားဆုံး အခက်အခဲတခု ဖြစ်ကြောင်း ထုတ်ဖော် ဝန်ခံထားပါတယ်။ ကုန်သွယ်ရေးစစ်ပွဲရဲ့ ရိုက်ခတ်မှုဒဏ်ကို ကာကွယ်ဖို့အတွက် အစီအစဉ်ရေးဆွဲနေကြောင်းလည်း ထုတ်ဖော် ပြောကြားခဲ့ဖူးပါတယ်။

ဗီယက်နမ်အစိုးရပိုင် မီဒီယာရဲ့ ဖော်ပြချက်အရ Foxconn ဟာ ဗီယက်နမ်နိုင်ငံမှာလည်း စက်ရုံတခု ဆောက်ဖို့ စဉ်းစားနေတယ်လို့ သိရပါတယ်။

Ref: Reuters, GSM Arena

Did you find apk for android? You can find new Free Android Games and apps.
Loading