Huawei ဟာ ၂၀၁၈ နှစ်မကုန်ခင်လေးမှာ စမတ်ဖုန်းမော်ဒယ် အသစ်တမျိုးကို ထပ်မံ မိတ်ဆက်လိုက်ပါတယ်။
“P Smart (2019)” လို့ အမည်ပေးထားတဲ့ Huawei ဖုန်းအသစ်ဟာ ရေစက်ပုံစံ Notch ၊ Kirin 710 Chipset ၊ လှပတဲ့ အပြာရောင်တို့နဲ့ ထုတ်လုပ်ထားတဲ့ တန်ဖိုးသင့် ဖုန်းမော်ဒယ်တမျိုး ဖြစ်ပါတယ်။
မျက်နှာပြင်အကျယ် ၆.၂၁ လက်မရှိပြီး Full HD+ (2340 x 1080 pixels) ရုပ်ထွက်အရည်အသွေးရှိ LCD Display နဲ ဖြစ်ပါတယ်။ သေးငယ်တဲ့ Notch ကြောင့် ဖုန်းအပေါ်ဘက်မှာ ဘောင်ဆိုလို့ မဆိုစလောက်လေးသာ ပါဝင်ပြီး Screen အပြည့် အရသာ ခံစားရမယ့် ဖုန်းတလုံးပါ။
P Smart (2019) ဖုန်းရဲ့ Notch ထဲမှာတော့ 8MP ရှေ့ကင်မရာ ၁ လုံး ပါဝင်ပါတယ်။ ကျောကင်မရာကတော့ 13MP+2MP ကျောကင်မရာ ၂ လုံးပါ။ တန်ဖိုးသင့် စမတ်ဖုန်းဆိုပေမယ့် စွမ်းဆောင်ရည် ကောင်းမွန်တဲ့ Huawei ကိုယ်ပိုင် Kirin 710 Chipset ကို အသုံးပြုထားကာ 3GB RAM နဲ့ 64GB Storage တို့ ပါဝင်ပါတယ်။ ဘက်ထရီကတော့ 3,400mAh ပါ။
P Smart (2019) ဖုန်းကို Android စနစ်အသစ်ဖြစ်တဲ့ Android 9 Pie အခြေခံ EMUI 9.0 နဲ့ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ 2019 ဖုန်းဆိုပေမယ့် USB Type-C အစား microUSB အပေါက်ပဲ ပါဝင်လာဦးမှာပါ။
Huawei P Smart (2019) ဖုန်းကို အနက်ရောင်၊ နီလာရောင်နဲ့ အပြာရောင် ဆိုပြီး အရောင် ၃ မျိုး ထုတ်လုပ်သွားမှာ ဖြစ်ပါတယ်။ ဥရောပဈေးကွက်မှာ ဇန်နဝါရီလ ၂ ရက်နေ့ စတင်ပြီး ၂၈၆ ဒေါ်လာ နဲ့ ရောင်းချသွားမှာ ဖြစ်ပါတယ်။ UK မှာတော့ ၁၈၉ ဒေါ်လာနဲ့ ဇန်နဝါရီလ ၁၁ ရက်နေ့ ရောင်းချသွားမယ်လို့ သိရပါတယ်။
Ref: Android Authority, GSM Arena