Gaming Laptop တလုံး ဝယ်ယူဖို့ စဉ်းစားတဲ့အခါ Samsung အမှတ်တံဆိပ်ကို ဘယ်သူမှ အရင်စဉ်းစားမိကြမှာ မဟုတ်ပါဘူး။ ဒါကို ပြောင်းလဲပစ်ဖို့အတွက် Notebook Odyssey ဆိုတဲ့ Gaming Laptop တလုံးကို CES 2019 ပွဲမှာ Samsung က မိတ်ဆက်ပြသခဲ့ပါတယ်။
PC Gaming ဈေးကွက်ထဲကို ပိုမိုအာရုံစိုက်လာတဲ့ Samsung ရဲ့ ခြေလှမ်းတရပ်ဆိုလည်း မမှားပါဘူး။ Samsung Odyssey ဟာ အရင်ကတည်းက ရှိပြီးသား Gaming Laptop စီးရီးတခုပါ။ ဒါပေမဲ့ ယခု Notebook Odyssey အသစ်ကတော့ ယခင် လက်ပ်တော့တွေနဲ့ ဒီဇိုင်းပိုင်းကအစ တော်တော်လေး ကွဲထွက်နေပါတယ်။
Specs ပိုင်းအနေနဲ့ Nvidia က အသစ်မိတ်ဆက်ထားတဲ့ RTX 2080 GPU ပါဝင်လာပြီး 8th Gen hexacore Intel Core i7 Pricessor နဲ့ ဖြစ်ပါတယ်။ Processor မော်ဒယ်အတိအကျကို မပြောထားပေမယ့် i7-8850H ဖြစ်နိုင်ပါတယ်။ 16GB RAM ပါဝင်ပြီး၊ ၁၅.၆ လက်မ 1080p Display နဲ့ပါ။ 144Hz အထိ ရနိုင်မယ့် GSYNC ပါတဲ့ Display ဖြစ်ပါတယ်။
Storage အနေနဲ့ 256GB NVMe SSD ကို အသုံးပြုထားပြီး၊ 1TB HDD လည်း ပါဝင်ဦးမှာပါ။ USB-C Port တခုအပြင် USB-A သုံးခု ၊ Ethernet နဲ့ HDMI တပေါက်တို့လည်း ပါဝင်ပါတယ်။
Samsung ဟာ Odyssey ရဲ့ ဒီဇိုင်းကို လုံးဝ ပြင်ဆင်ထားပါတယ်။ မြင်မြင်ချင်း သတိထားမိမှာက သူ့ရဲ့ Display နဲ့ ကိုယ်ထည်ကို ချိတ်ဆက်ထားတဲ့ ပတ္တာ (Hinge) ပါ။ တခြား လက်ပ်တော့တွေလို Hinge အပြည့် မသုံးထားဘဲ လေပိုဝင်ဖို့အတွက် အလယ်မှာပဲ Hinge ထည့်ထားပါတယ်။
Samsung က Notebook Odyssey ကို အမေရိကန်ပြည်ထောင်စုမှာ ၂၀၁၉ ခုနှစ် အစောပိုင်းအတွင်း စတင် ရောင်းချသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။ ဈေးနှုန်းနဲ့ ရက်အတိအကျကိုတော့ မပြောရသေးပါဘူး။
Ref: The Verge, Engadget