• English
Tuesday, June 17, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home စီးပွားရေး IT

48-megapixel ကင်မရာ ပါဝင်သည့် ဒေါ်လာ ၁၅၀ တန် Redmi Note 7 ကို Xiaomi မိတ်ဆက်

by Nigma
10 January 2019
in IT
A A
Xiaomi ရဲ့  Redmi Note 7 စမတ်ဖုန်း

Xiaomi ရဲ့ Redmi Note 7 စမတ်ဖုန်း

6.7k
VIEWS
Share on FacebookShare on Twitter

ပြီးခဲ့တဲ့နှစ်ကုန်ခါနီးမှာ Xiaomi ဥက္ကဋ္ဌ Lin Bin ဟာ 48-megapixel ကင်မရာပါတဲ့ ဖုန်းသစ်တမျိုးရဲ့ တဝက်တပျက် ဓာတ်ပုံကို အွန်လိုင်းပေါ် တင်ခဲ့ပါတယ်။ ယနေ့ ဇန်နဝါရီ ၁၀ ရက်မှာတော့ အဆိုပါဖုန်းကို Xiaomi က တရားဝင် မိတ်ဆက်လိုက်ပါပြီ။ Xiaomi ရဲ့ Redmi တန်ဖိုးနည်းစီးရီးရဲ့ နောက်ဆုံးမော်ဒယ် Redmi Note 7 ဖြစ်ပါတယ်။

ဒီဇိုင်းပိုင်းအနေနဲ့ မကြာသေးမီက မိတ်ဆက်ခဲ့တဲ့ Xiaomi Mi Play စမတ်ဖုန်းနဲ့ တူညီပြီး ရေစက်ပုံစံ Notch ၊ အရောင်ပြေးဒီဇိုင်းနဲ့ ကျောဘက်ကိုယ်ထည်၊ နောက်ကျောဘက်လက်ဗွေရာဆန်ဆာ၊ ကျောကင်မရာ နှစ်လုံးတို့ ပါဝင်တဲ့ ဖုန်းတလုံးဖြစ်ပါတယ်။

RelatedPosts

တရုတ်ပြည်က ရှမ်းတို့ရဲ့ စစ်ဆောင်ပန္နား

တရုတ်ပြည်က ရှမ်းတို့ရဲ့ စစ်ဆောင်ပန္နား

16 June 2025
594
တက်စ်လာ အင်ဂျင်နီယာဟောင်း တဦး လျှို့ဝှက် အချက်အလက် ခိုးယူမှု နဲ့ တရားစွဲ ခံရ

တက်စ်လာ အင်ဂျင်နီယာဟောင်း တဦး လျှို့ဝှက် အချက်အလက် ခိုးယူမှု နဲ့ တရားစွဲ ခံရ

15 June 2025
1.3k
တနင်္သာရီမြို့

တနင်္သာရီမြို့

15 June 2025
305

ကျောကင်မရာနှစ်လုံးမှာ အဓိက ကင်မရာဆန်ဆာက 48-megapixel ၊ f/1.8 lens ဖြစ်ပြီး Sony IMX586 ဆန်ဆာ ဖြစ်ပါတယ်။ ဒုတိယဆန်ဆာကတော့ နောက်ခံဝါးတဲ့ဓာတ်ပုံတွေ ရိုက်ဖို့အတွက် 5-megapixel depth sensor ဖြစ်ပါတယ်။

Redmi Note 7 ရဲ့ ကျောကင်မရာဟာ အလင်းရောင်ကောင်းတဲ့အခြေအနေမှာ သေးငယ်တဲ့ 0.8 မိုက်ခရိုမီတာ အရွယ်အစား pixels ပေါင်း ၄၈ သန်းနဲ့ 48MP ဓာတ်ပုံတွေ ရိုက်ကူးနိုင်မှာ ဖြစ်ပါတယ်။

ညဘက်အချိန်မှာတော့ pixels ၄ ခုကို ပေါင်းစည်းကာ 1.6 မိုက်ခရိုမီတာ pixels ပေါင်း ၁၂ သန်းနဲ့ 12MP ဓာတ်ပုံတွေ ရိုက်ကူးနိုင်မှာပါ။ ဆန်ဆာရဲ့ ပြင်ပအရွယ်အစားကလည်း လက်မဝက်လောက် ရှိပြီး စမတ်ဖုန်းတွေမှာ တွေ့နေကျ ဆန်ဆာတွေထက် ပိုမိုကြီးမားတာ တွေ့ရမှာပါ။

Redmi Note 7 မှာ ၆.၃ လက်မအရွယ် 1080P LCD Display ကို အသုံးပြုထားပြီး၊ 19.5:9 Aspect Ratio နဲ့ ဖြစ်ပါတယ်။ Gorilla Glass လည်း အုပ်ပေးထားမှာပါ။ Snapdragon 660 SoC ကို အသုံးပြုထားပြီး၊ ရှေ့ဘက် Notch ထဲမှာတော့ 13-megapixel ကင်မရာတလုံးကို တွေ့မြင်ရပါတယ်။

ဘက်ထရီကတော့ 4,000mAh ဘက်ထရီဖြစ်ပြီး USB-C နဲ့ အားသွင်းနိုင်မှာပါ။ Quick Charge 4 အားအမြန်သွင်းစနစ် သုံးနိုင်မယ်လို့ သိထားရပါတယ်။ ဒါပေမဲ့ တခါတည်းပါတော့ အားသွင်းခေါင်းကတော့ ရိုးရိုး 5V/2A charger ပဲ ဖြစ်တာကြောင့် ထပ်ဝယ်မှ ရပါမယ်။ 3.5mm နားကြပ်ပေါက်လည်း ပါဝင်ပါသေးတယ်။

လွန်ခဲ့တဲ့ တပတ်တုန်းက Xiaomi CEO Lei Jun က Redmi တံဆိပ်ဖုန်းတွေကို ကုန်ကျစရိတ်ပိုမိုသက်သာစေဖို့အတွက် အွန်လိုင်းကနေပဲ ရောင်းချတော့မှာ ဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။ Redmi ကို သီးသန့် အမှတ်တံဆိပ်ခွဲတခုအနေနဲ့ လည်ပတ်မယ့် အစီအစဉ်ကြောင့် ဖုန်းနောက်ဘက်မှာ “Redmi by Xiaomi” ဆိုတဲ့ အမှတ်တံဆိပ်စာသားအသစ်ကို တွေ့မြင်ရပါလိမ့်မယ်။

Redmi Note 7 ဟာ အားရစရာ ဟာ့ဒ်ဝဲတွေကို အသုံးပြုထားပေမယ့် ဈေးနှုန်းကတော့ 3GB RAM နဲ့ 32GB Storage မော်ဒယ်ကို ၉၉၉ ယွမ် ( ကန်ဒေါ်လာ ၁၅၀ ခန့်) သာ ရှိပါတယ်။ တန်ဖိုးနည်းဖုန်းပရိတ်သတ်တွေ သဘောတွေ့မယ့် ဖုန်းတလုံးပါ။ ပိုမြင့်တဲ့ 6GB/64GB မော်ဒယ်ကို လိုချင်ရင်လည်း ဒေါ်လာ ၂၀၀ ခန့်သာ ကျသင့်ပါမယ်။

Xiaomi Redmi Note 7 ကို တရုတ်နိုင်ငံမှာ စတင်ဝယ်ယူ ရရှိနိုင်မှာဖြစ်ကာ အိန္ဒိယနဲ့ တခြား Xiaomi ရှိပြီးသား ဈေးကွက်တွေကိုလည်း ဝင်ရောက်လာဖို့ ရှိပါတယ်။ Blue, Twilight Gold နဲ့ Black အရောင်သုံးမျိုး ရရှိမှာဖြစ်ပြီး ဇန်နဝါရီ ၁၅ ရက်နေ့မှာ စတင် ဝယ်ယူနိုင်မှာပါ။

Ref: The Verge

Your Thoughts …
Tags: Redmi Note 7
Nigma

Nigma

Contributor

Similar Picks:

No Content Available
Next Post
အာဖရိကနိုင်ငံများ

လည်ပတ်သင့်တဲ့ အာဖရိကနိုင်ငံများ

ယနေ့ ပြန်လည် ဖွင့်လှစ်လိုက်သော တရုတ်-မြန်မာ နယ်စပ် ကျင်စန်းကျော့ဂိတ် မြင်ကွင်း  / ခွာညို သစ်သီး ပွဲရုံ

နှစ်ပတ်ကျော် ပိတ်ခဲ့သည့် ကျင်စန်းကျော့ဂိတ် ပြန်ဖွင့်

No Result
View All Result

Recommended

စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

6 days ago
5.9k
အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

2 days ago
5.4k

Most Read

  • တရုတ်ဖိအားကြောင့် နောင်ချိုကို TNLA လက်လွှတ်ရမလား

    တရုတ်ဖိအားကြောင့် နောင်ချိုကို TNLA လက်လွှတ်ရမလား

    shares
    Share 0 Tweet 0
  • ကချင်မှာ စစ်တပ်တန်ပြန်ထိုးစစ် ပိုလုပ်လာ

    shares
    Share 0 Tweet 0
  • အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

    shares
    Share 0 Tweet 0
  • တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

    shares
    Share 0 Tweet 0
  • တရုတ်ပြည်က ရှမ်းတို့ရဲ့ စစ်ဆောင်ပန္နား

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate