Galaxy S10 စမတ်ဖုန်းမော်ဒယ်သစ် ပွဲထုတ် မိတ်ဆက်မယ့်ရက်ကို Samsung က တရားဝင် ကြေညာလိုက်ပါပြီ။ ဆန်ဖရန်စစ္စကိုမြို့က ဘေလ်ဂရေဟမ်ခန်းမမှာ ပစိဖိတ်စံတော်ချိန်၊ ဖေဖော်ဝါရီလ ၂၀ ရက်နေ့၊ မနက် ၁၁ နာရီမှာ မိတ်ဆက်သွားမှာ ဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ်ဟာ Galaxy စမတ်ဖုန်းစီးရီး ၁၀ နှစ်ပြည့်နေ့လည်း ဖြစ်ပါတယ်။
Samsung ဟာ Unpacked ပွဲမှာ Galaxy S10 ဖုန်းမော်ဒယ် အသစ်အပြင် နှစ်ရှည်လများ အကောင်အထည်ဖော်နေတဲ့ ခေါက်ချိုးဖုန်းရဲ့ အပြီးသတ် ဗားရှင်းကိုလည်း မိတ်ဆက်သွားမယ်လို့ The Wall Street Journal က ဖော်ပြထားပါတယ်။
Galaxy S10 ဖုန်းကိုလည်း မော်ဒယ်ကွဲ ၃ မျိုးအထိ ထုတ်သွားမယ်လို့ သိရပါတယ်။ 5G ရမယ့် Galaxy S10 စတုတ္တမြောက် မော်ဒယ်ကိုတော့ လာမယ့် နွေဦးပေါက်မှာ ထပ်မံမိတ်ဆက်သွားဖို့ ရှိပါတယ်။
Samsung ဟာ Galaxy S စီးရီးဖုန်းတွေကို ကမ္ဘာ့မိုဘိုင်းနည်းပညာပြပွဲ (MWC) မှာ မိတ်ဆက်ခဲ့လေ့ရှိပေမယ့်၊ အခုတကြိမ်မှာတော့ MWC ပွဲထက် အရင် မိတ်ဆက်သွားမှာပါ။ MWC 2019 ပွဲဟာ 5G နည်းပညာကို အဓိက ပြသသွားမယ့် ပွဲဖြစ်တာကြောင့် 5G Galaxy S10 ကို အဆိုပါပွဲမှာ အသေးစိတ်မိတ်ဆက်ဖို့ Samsung က စဉ်းစားထားပုံ ပေါ်ပါတယ်။
၂၀၁၈ ခုနှစ်မှာ Samsung Galaxy S9 ဟာ မျှော်မှန်းသလောက် ရောင်းအားမကောင်းခဲ့တဲ့အတွက်ကြောင့် ယခု ၂၀၁၉ ခုနှစ်ဟာ Samsung Mobile အတွက် အရေးကြီးနှစ်တနှစ် ဖြစ်လာမှာပါ။
ယခုတပတ် ထုတ်ပြန်ခဲ့တဲ့ စတုတ္တ ၄ လပတ်ဘဏ္ဍာရေးအစီရင်ခံစာမှာ စမတ်ဖုန်း ဝင်ငွေအမြတ်အစွန်း နည်းပါးဖို့ ရှိကြောင်း ကြေညာခဲ့တဲ့ Samsung အနေနဲ့ Galaxy S10 က အရေးပါတဲ့ ဖုန်းတလုံး ဖြစ်လာမှာပါ။
Ref: The Verge