• English
Friday, June 13, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home စီးပွားရေး IT

MasterCard က အခမဲ့စမ်းသပ်မှုပြီးတာနဲ့ ငွေတန်း မဖြတ်ရန် စည်းကမ်းချက်ထုတ်

by Nigma
17 January 2019
in IT
A A
MasterCard က အခမဲ့စမ်းသပ်မှုပြီးတာနဲ့ ငွေတန်း မဖြတ်ရန် စည်းကမ်းချက်ထုတ်
30.5k
VIEWS
Share on FacebookShare on Twitter

အွန်လိုင်းဝန်ဆောင်မှု တော်တော်များများဟာ သုံးစွဲသူတွေကို ဆွဲဆောင်ဖို့အတွက် အခမဲ့ အစမ်းသုံး ကာလ (Free Trial) တွေ ပေးတတ်ကြပါတယ်။ ဒါပေမဲ့ အသုံးပြုသူ အများစုဟာ Free Trial ပြည့်မယ့် အချိန်ကို မမှတ်မိကြပါဘူး။ ဒါကြောင့် Free Trial ပြည့်သွားတာနဲ့ ငွေတန်းဖြတ်ခံရတော့တာပါပဲ။ ဒီလိုဖြစ်ရပ်တွေ မရှိစေဖို့အတွက် ယခုအခါ MasterCard က စည်းကမ်းချက်အသစ်တခု ထုတ်လိုက်ပါတယ်။

ယနေ့ကစပြီး အွန်လိုင်းဝန်ဆောင်မှုပေးတဲ့ ကုမ္ပဏီတွေအနေနဲ့ Free Trial ပြည့်ပြီးရင် လစဉ်ကြေး ဖြတ်ဖို့အတွက် သင့်ဆီကနေ အရင်ဆုံး ခွင့်ပြုချက် တောင်းခံရတော့မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ကုမ္ပဏီတွေအနေနဲ့ ဝန်ဆောင်မှုဈေးနှုန်းအချက်အလက်တွေကို သုံးစွဲသူထံ လစဉ် ပေးပို့ရမှာ ဖြစ်သလို၊ လစဉ်ကြေးဝန်ဆောင်မှု ပယ်ဖျက်နိုင်မယ့် နည်းလမ်းကိုလည်း ရှင်းလင်းစွာ ဖော်ပြပေးရမှာ ဖြစ်ပါတယ်။

RelatedPosts

စစ်ထောက်လှမ်းရေး ဝါဒဖြန့် မြရာပင် မှ မြန်မာတိုင်းမ် ဆီသို့

စစ်ထောက်လှမ်းရေး ဝါဒဖြန့် မြရာပင် မှ မြန်မာတိုင်းမ် ဆီသို့

9 June 2025
5.2k
အီလွန်မတ်စ်ပိုင် တက်စ်လာက ယာဉ်တိုက်မှု အချက်အလက်တွေ လူသိရှင်ကြား မထုတ်ဖို့ တောင်းဆို

အီလွန်မတ်စ်ပိုင် တက်စ်လာက ယာဉ်တိုက်မှု အချက်အလက်တွေ လူသိရှင်ကြား မထုတ်ဖို့ တောင်းဆို

8 June 2025
1.8k
မော်လမြိုင်မြို့

မော်လမြိုင်မြို့

8 June 2025
646

ဒါကြောင့် မိမိ စမ်းသပ်အသုံးပြုလိုတဲ့ အွန်လိုင်းဝန်ဆောင်မှုတိုင်းကို စိတ်အေးလက်အေး သုံးနိုင်တော့မှာပါ။ Free Trail ကုန်ခါနီးရင် ကတ်အချက်အလက် ဖြည့်သွင်းထားတဲ့ ကုမ္ပဏီက သင့်ထံ အီးမေးလ် ဒါမှမဟုတ် မက်ဆေ့ကနေ ငွေဆက်လက်ကောက်ခံဖို့ လိုအပ်ကြောင်း အကြောင်းကြားလာမှာ ဖြစ်ပါတယ်။

Free Trial ယူထားတာကို အလုပ်ရှုပ်ပြီး မေ့နေတတ်တဲ့သူတွေအတွက် ဝမ်းသာစရာပါ။ ဒါ့အပြင် အဆိုပါ မက်ဆေ့မှာ ကျသင့်မည့် လစဉ်ကြေးနှုန်းထား၊ ငွေပေးချေရမည့်ရက်နဲ့ ငွေကောက်ခံတဲ့ကုမ္ပဏီတို့ကို ရှင်းလင်းစွာ ဖော်ပြပေးထားမှာဖြစ်တဲ့အတွက် လစဉ်ကြေး တိုးသွားတာမျိုးဆိုလည်း သိရှိနိုင်ပါတယ်။

အကယ်လို့ လစဉ်ကြေးပေးပြီး ဆက်လက်အသုံးပြုမယ်ဆိုရင်လည်း ဝန်ဆောင်မှုပယ်ဖျက်နိုင်မယ့် နည်းလမ်း အဆင့်ဆင့်ကို လစဉ် အီးမေးလ်တိုင်းမှာ ထည့်သွင်း ဖော်ပြပေးရမှာ ဖြစ်တဲ့အတွက် မကြိုက်လို့ မသုံးချင်တော့ဘူးဆိုရင် အလွယ်တကူ ပယ်ဖျက်နိုင်မှာ ဖြစ်ပါတယ်။

Ref: Engadget, The Verge

Your Thoughts …
Tags: MasterCardအွန်လိုင်းဝန်ဆောင်မှု
Nigma

Nigma

Contributor

Similar Picks:

ဗဟိုဘဏ် (ရန်ကုန်ရုံးခွဲ) / ဧရာဝတီ

Master ၊ Visa ၊ UPI ၊ JCB ကတ်များ ပြည်တွင်းငွေပေးချေ အသုံးပြုခြင်း ဗဟိုဘဏ် သတိပေး

by အောင်သီဟ
31 July 2019
9k

မြန်မာနိုင်ငံသားများ ပြည်ပတွင် ငွေပေးချေမှုနှင့် နိုင်ငံခြားသားများ ပြည်တွင်းသို့ လာရောက်ရာတွင် ငွေပေး ချေမှုအတွက်သာ အသုံးပြုခွင့်ပေးထားသော Master၊ Visa၊ UPI၊ JCB ကြိုတင်ငွေဖြည့်ကတ်(Prepaid Card) များကို ပြည်တွင်းငွေပေးချေမှုများတွင် အသုံးပြုခြင်းကို ဗဟိုဘဏ်က ခွင့်ပြုထားခြင်း...

Next Post
ရှမ်းပြည်မြောက်ပိုင်း အခြေစိုက် တအာင်း အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တပ်ဖွဲ့ဝင်များ / ဧရာဝတီ

ရထားလမ်းစီမံကိန်း TNLA က တရုတ်နှင့်ဆွေးနွေးလို

မောင်တောနယ်စပ်တွင် တွေ့ရသော နယ်ခြားစောင့်တပ်ဖွဲ့ဝင် တဦး  / မင်းအောင်ခိုင်

မောင်တောပစ်ခတ်မှုတွင် ရဲတပ်ဖွဲ့ဝင် ၆ ဦး ဒဏ်ရာရ

No Result
View All Result

Recommended

စစ်ထောက်လှမ်းရေး ဝါဒဖြန့် မြရာပင် မှ မြန်မာတိုင်းမ် ဆီသို့

စစ်ထောက်လှမ်းရေး ဝါဒဖြန့် မြရာပင် မှ မြန်မာတိုင်းမ် ဆီသို့

4 days ago
5.2k
စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

2 days ago
4.2k

Most Read

  • တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

    တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

    shares
    Share 0 Tweet 0
  • စစ်ကောင်စီက မော်ဒယ်ဂျွန်လွင်ကို ဘာတွေ စစ်မေးခဲ့လဲ

    shares
    Share 0 Tweet 0
  • တော်လှန်ရေးတပ်ဖွဲ့တွေ ၈၀ ရာခိုင်နှုန်း နယ်မြေပိုင်စိုးသတဲ့လား

    shares
    Share 0 Tweet 0
  • စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

    shares
    Share 0 Tweet 0
  • စစ်ကောင်စီ ရွေးကောက်ပွဲ၏ ခါးသီးသော အမှန်တရားများ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate