စမတ်ဖုန်းတွေ ပေါများလာတာနဲ့အမျှ စမတ်ဖုန်း အသုံးပြုမှုနဲ့ စွဲလမ်းမှုတွေဟာ ဆိုရင်လည်း တဖြည်းဖြည်းကို မြင့်တက်လာနေတာပဲ ဖြစ်ပါတယ်။ ဒီနေ့ခေတ်ရဲ့ မရှိမဖြစ် အရေးပါတဲ့ ပစ္စည်းတခုလို ဖြစ်လာနေတဲ့ စမတ်ဖုန်းတွေရဲ့ အံ့အားသင့်ဖွယ်ရာ လူသိနည်းတဲ့ အကြောင်းအရာတွေကို ဗဟုသုတအနေနဲ့ ပြန်လည် မျှဝေပေးလိုက်ပါတယ်။
(၁) စစ်တမ်းကောက်ယူချက်တွေအရ လူတယောက်ဟာ တနေ့မှာ အကြိမ် ၁၅၀ လောက် ဖုန်းကို Check လုပ်လေ့ ရှိတယ်လို့ ဆိုပါတယ်။ ၅ မိနစ်တကြိမ်ဆိုသလို ပျမ်းမျှအားဖြင့် စစ်ဆေးအသုံးပြုလေ့ရှိပြီး လူ ၁၀၀ မှာ ၄၀ လောက်ဟာ အိမ်သာတက်ရင်း ဖုန်းအသုံးပြုလေ့ရှိကြတယ်လို့လည်း စစ်တမ်းတွေအရ သိရပါတယ်။
(၂) ဖုန်းအသုံးမပြုရရင် မနေနိုင်တဲ့ရောဂါ (သို့မဟုတ်) စမတ်ဖုန်း စွဲလမ်းမှုရောဂါကို Nomophobia လို့ ခေါ်ပြီး ဒီလိုခံစားနေရသူတွေဟာ တကမ္ဘာလုံးအတိုင်းအတာနဲ့ လူသန်းနဲ့ချီပြီး ရှိတယ်လို့ သိရပါတယ်။ စမတ်ဖုန်းစွဲလမ်းမှုဟာ မူးယစ်ဆေးဝါးနဲ့ အရက်စွဲသလိုမျိုးအထိ အရေအတွက်အားဖြင့်မြင့်တက်လာနေတာဖြစ်ပြီး ၇၅ ရာခိုင်နှုန်းခန့်သော လူတွေဟာ အိပ်ပျော်ပြီး တရေးနိုး အချိန်တွေမှာတောင် ဖုန်းအသုံးပြုလေ့ ရှိကြပါတယ်။
(၃) ကမ္ဘာတဝှမ်းက လူဦးရေအရေအတွက်ထက် စမတ်ဖုန်းအရေအတွက်ဟာ ပိုမိုများပြားကြောင်း စစ်တမ်းတွေအရ သိရပြီး များပြားလှတဲ့ ဖုန်းလိုင်းတွေနဲ့ ဖုန်းအမျိုးအစား အရေအတွက်တွေကလည်း တနှစ်ထက်တနှစ် မြင့်တက်လာနေတယ်လို့ သိရပါတယ်။
(၄) ကမ္ဘာ့ဈေးအကြီးဆုံးဖုန်း အမျိုးအစားကတော့ Falcon Supernova Pink Diamond iPhone6 အမျိုးအစားပဲဖြစ်ပြီး ရွှေ ၁၈ ကာရက်နဲ့ ပန်းရောင်ရှိတဲ့ စိန်တွေနဲ့ ဖုန်းရဲ့ကျောဘက်ကို အလှဆင်ထားတာပဲ ဖြစ်ပါတယ်။ ဒီဖုန်းရဲ့ ဈှေးနှုန်းကတော့ ဒေါ်လာ ၄၈ ဒဿမ ၅ သန်းခန့် တန်ဖိုးရှိပါတယ်။
(၅) ဖင်လန်နိုင်ငံမှာ ဖုန်းကို ပစ်ပေါက်ကစားတဲ့ အားကစားပုံစံတမျိုးကို ၂၀၀၀ ပြည့်နှစ်လောက်တည်းကနေစပြီး ကျင်းပခဲ့ကြတာပဲဖြစ်ပြီး မှတ်တမ်းတွေအရ အမျိုးသားပြိုင်ပွဲမှာ ၉၇ မီတာခန့် ပစ်ပေါက်နိုင်ပြီး အမျိုးသမီးပြိုင်ပွဲမှာတော့ မီတာ ၄၀ ခန့် အကွာအဝေးအထိ ပစ်ပေါက်နိုင်ခဲ့တယ်လို့ သိရပါတယ်။
Ref. ehorus.com