• English
Thursday, May 15, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home စီးပွားရေး IT

GDPR ချိုးဖောက်မှုကြောင့် Google ကို ယူရို သန်း ၅၀ ဒဏ်ရိုက်

by Nigma
22 January 2019
in IT
A A
Google ရဲ့ အချက်အလက်အသုံးပြုမှု မူဝါဒတွေဟာ ရှင်းလင်း ပြည့်စုံမှုမရှိဘူးလို့ သိရပါတယ်

Google ရဲ့ အချက်အလက်အသုံးပြုမှု မူဝါဒတွေဟာ ရှင်းလင်း ပြည့်စုံမှုမရှိဘူးလို့ သိရပါတယ်

7.4k
VIEWS
Share on FacebookShare on Twitter

ပြင်သစ်နိုင်ငံ ဒေတာအချက်အလက် ကာကွယ်ရေးဆိုင်ရာ စည်းကမ်းထိန်းသိမ်းရေး အဖွဲ့အစည်းတခုဖြစ်တဲ့ CNIL ဟာ Google ကို ယူရို သန်း ၅၀ ( အမေရိကန်ဒေါ်လာ ၅၆.၈ သန်း) ဒဏ်ကြေး ချမှတ်လိုက်ပါတယ်။

ဥရောပသမဂ္ဂ က ချမှတ်ထားတဲ့ အထွေထွေ ဒေတာအချက်အလက် ကာကွယ်ရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်း (GDPR) ကို လိုက်နာဆောင်ရွက်မှု မရှိတာကြောင့် ပြစ်ဒဏ် ချမှတ်လိုက်တာပါ။

RelatedPosts

အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

14 May 2025
12k
တရုတ်ဆီ အချက်အလက် လွှဲပြောင်းမှုနဲ့ TikTok ကို EU က ဒေါ်လာ သန်း ၆၀၀ ဒဏ်ရိုက်

တရုတ်ဆီ အချက်အလက် လွှဲပြောင်းမှုနဲ့ TikTok ကို EU က ဒေါ်လာ သန်း ၆၀၀ ဒဏ်ရိုက်

11 May 2025
1.6k
မြိတ်မြို့

မြိတ်မြို့

11 May 2025
577

Google ပေးဆောင်ရမယ့် ဒဏ်ကြေးဟာ ဥရောပ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့အစည်းတခုက ချမှတ်တဲ့ GDPR ဒဏ်ကြေး တွေထဲမှာ အများဆုံး ဖြစ်ပါတယ်။ ဒါ့အပြင် လွန်ခဲ့တဲ့နှစ်၊ မေလက စတင်အသက်ဝင်ခဲ့တဲ့ စည်းမျဉ်းစည်းကမ်း တွေကို ချိုးဖောက်ကြောင်း ပြစ်ဒဏ်ချမှတ်ခံခဲ့ရတဲ့ ပထမဆုံး နည်းပညာကုမ္ပဏီကြီး အဖြစ်လည်း မှတ်တမ်းဝင်သွားခဲ့ပါတယ်။

Google ဟာ ဒေတာအချက်အလက်ရယူအသုံးပြုမှုဆိုင်ရာ အချက်အလက်တွေကို သုံးစွဲသူတွေထံ ပြည့်စုံရှင်းလင်းစွာ မဖော်ပြထားဘဲ၊ ပွင့်လင်းမြင်သာမှုမရှိတာကြောင့် ဒဏ်ရိုက်ခဲ့တာဖြစ်တယ်လို့ CNIL က တနလာၤနေ့မှာ ပြောကြားခဲ့ပါတယ်။

Google ဟာ အချက်အလက် ရယူအသုံးပြုမှု ပုံစံတွေနဲ့ အချက်အလက်သိမ်းဆည်းထားမှုကာလတွေကို တနေရာတည်းမှာ မဖော်ပြထားဘဲ၊ အသုံးပြုသူအနေနဲ့ ကလစ် ငါးခု၊ ခြောက်ခုလောက် နှိပ်ပြီးမှ ဒီအချက်အလက်တွေကို သိရှိနိုင်အောင် လုပ်ထားတယ်လို့ CNIL က ထပ်လောင်း ပြောကြားပါတယ်။

Google ရဲ့ အချက်အလက်အသုံးပြုမှု မူဝါဒတွေဟာ ရှင်းလင်း ပြည့်စုံမှုမရှိဘဲ မတိမကျနဲ့ အကြမ်းဖျဉ်း သဘောလောက် သာ ဖော်ပြထားတာကို CNIL က တွေ့ရှိခဲ့တာပါ။ အခုလို ရှင်းလင်းစွာ မဖော်ပြထားတာကြောင့် Google ဟာ အသုံးပြုတဦးချင်းစီအလိုက် ကြော်ငြာ (Personalized Ads) တွေ ပြသရာမှာ အသုံးပြုသူထံက လက်ခံသဘောတူညီချက် မရယူထားဘူးလို့ ကော်မရှင်က ပြောကြားခဲ့ပါတယ်။

“ကျနော်တို့ဆီကနေ ပွင့်လင်းမြင်သာမှု နဲ့ ထိန်းချုပ်နိုင်မှု ကောင်းကောင်းရဖို့အတွက် အားလုံးက မျှော်လင့်ထားကြပါတယ်။ ဒါကြောင့် ဒီမျှော်လင့်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့ ကျနော်တို့ဘက်ကလည်း အစွမ်းကုန် ကြိုးပမ်းလျက်ရှိပါတယ်။ GDPR ရဲ့ အသုံးပြုသူကိုယ်တိုင် သဘောတူလက်ခံမှုဆိုင်ရာ စည်းမျဉ်းလိုအပ်ချက်တွေကို ဖြည့်ဆည်းနိုင်အောင်လည်း ကြိုးပမ်းသွားမှာပါ”

“ လက်ရှိမှာတော့ ယခု ပြစ်ဒဏ်ချမှတ်တဲ့ ဆုံးဖြတ်ချက်ကို လေ့လာနေပြီး၊ ရှေ့ဆက်ရမယ့် ခြေလှမ်းတွေကို ဆုံးဖြတ်သွားမှာပါ” လို့ Google ရဲ့ ပြောရေးဆိုခွင့်ရှိသူတဦးက ပြောကြားခဲ့ပါတယ်။

မေလက အသက်ဝင်ခဲ့တဲ့ GDPR စည်းမျဉ်းအသစ်တွေမှာ အသုံးပြုသူတွေရဲ့ ပုဂ္ဂိုလ်ရေးအချက်အလက် ရယူအသုံးပြု၊ သိမ်းဆည်းမှုဆိုင်ရာ နည်းလမ်းတွေကို တင်းကြပ်တဲ့ စည်းမျဉ်းတွေ ချမှတ်ထားပါတယ်။ ကုမ္ပဏီတွေအနေနဲ့ အသုံးပြုသူထံက ဒေတာရယူတော့မယ်ဆိုရင် အသုံးပြုသူကိုယ်တိုင် အမှန်တကယ် နားလည်သဘောတူညီမှု ရှိဖို့ လိုက်နာရမှာပါ။

ဒါ့အပြင် အသုံးပြုသူတွေကို ၎င်းတို့ရဲ့ ပုဂ္ဂိုလ်ရေး အချက်အလက် ကော်ပီတွေကို ပြန်လည် တင်ပြနိုင်ရမှာဖြစ်ပြီး၊ ဒေတာကျိုးပေါက်မှု ဖြစ်ရပ်တွေကိုလည်း ၇၂ နာရီအတွင်း သတင်းပို့နိုင်ဖို့ မဖြစ်မနေ လိုအပ်ပါတယ်။

Ref: The Verge, Cnet

Your Thoughts …
Tags: GDPRGoogleချိုးဖောက်မှု
Nigma

Nigma

Contributor

Similar Picks:

Browser အသစ်တခု ဖန်တီးပြီး Google ကို ယှဉ်ဖို့ ခြေလှမ်းလာတဲ့ OpenAI

Browser အသစ်တခု ဖန်တီးပြီး Google ကို ယှဉ်ဖို့ ခြေလှမ်းလာတဲ့ OpenAI

by ဧရာဝတီ
24 November 2024
1.4k

OpenAI က Google ရဲ့ အဓိက စီးပွားရေးမိတ်ဖက် ကုမ္ပဏီဖြစ်တဲ့ Samaung ရဲ့ ထုတ်ကုန်တွေမှာ AI (ဉာဏ်ရည်တု) လုပ်ဆောင်ချက်တွေ ထည့်သွင်းဖို့ ဆွေးနွေးခဲ့တယ် ဆိုပြီးလည်း…

သမ္မတဟောင်း ဒေါ်နယ်ထရမ့်ကို ရဲတွေက ဖမ်းနေပုံအတုအား AI ဖြင့် ဖန်တီးထားသည့်ပုံ

အုတ်အော်သောင်းတင်းဖြစ်လာတဲ့ AI ကမ္ဘာ

by CWM
25 March 2023
19k

ပြီးခဲ့တဲ့လကတည်းက သိပ်မကြာတော့တဲ့ အနာဂတ်မှာ အခုပေါ်လာတဲ့ AI နည်းပညာကြောင့် ပြဿနာမျိုးစုံ ပေါ်လာတော့မယ်လို့ သတိပေးမှုတွေ ရှိခဲ့တယ်။

Google ၏ USM သည် ဘာသာစကား ၁၀၀ ကျော်ကို အလိုအလျောက် သိရှိသည်

Google က ဘာသာစကား ၁၀၀၀ သုံး AI တည်ဆောက်ရန် နီးစပ်လာ

by ဧရာဝတီ
9 March 2023
5.9k

ဉာဏ်ရည်တု (AI) နည်းပညာပြိုင်ပွဲတွင် မိုက်ခရိုဆော့ဖ်က အပေါ်စီးရနေခြင်းကို ပြောင်းလဲသွားစေရန် Google က လုပ်ဆောင်နေသည်။

သီချင်းစာသားတွေကို ဖော်ပြပေးနေတဲ့ Genuis.com

သီချင်းစာသားတွေကို Google က ကော်ပီကူးနေကြောင်း Genuis ဝက်ဘ်ဆိုဒ် စွပ်စွဲ

by Nigma
17 June 2019
6.3k

Google ကတော့ Search Result မှာပြတဲ့ သီချင်းစာသား အကြောင်းအရာတွေကို LyricFind Inc ဆိုတဲ့ ပြင်ပ ကုမ္ပဏီတခုကနေ လိုင်စင်နဲ့ ယူသုံးထားတာ ဖြစ်တယ်လို့ ဆိုပါတယ်။

Google နဲ့ လက်တွဲခွင့် မရတော့တဲ့အတွက် Huawei စမတ်ဖုန်း အသုံးပြုသူတွေအနေနဲ့ Android OS စနစ်နဲ့ အလှမ်းဝေးတော့မှာပါ

Huawei ကို Android နှင့် Google အသုံးပြုခွင့် ပိတ်သိမ်း

by Nigma
20 May 2019
30.9k

တရုတ်နိုင်ငံပြင်ပ ရောင်းချတဲ့ Huawei စမတ်ဖုန်းအသစ်တွေမှာလည်း Google Play Store နဲ့ Gmail App အပါအဝင် လူသုံးများတဲ့ Application တွေနဲ့ Service တွေ အသုံးပြုခွင့် ရရှိတော့မှာ မဟုတ်ပါဘူး

Google ရဲ့ Nest Hello လူခေါ်ခေါင်းလောင်း

Facial Recognition နည်းပညာနဲ့ ဧည့်သည်တွေကို မှတ်သားထားနိုင်တဲ့ လူခေါ်ခေါင်းလောင်း

by Nigma
5 June 2018
4.1k

အကယ်လို့ ကိုယ်က အိမ်မှာ မရှိနေတဲ့ အခါမျိုးမှာလည်း စမတ်ဖုန်းမှာပါတဲ့ မိုက်ခရိုဖုန်းကို အသုံးချပြီး Nest Hello လူခေါ် ခေါင်းလောင်းကနေ ဧည့်သည်ကို လှမ်းစကားပြောနိုင်ပါသေးတယ်။

Next Post
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်  /  ဧရာဝတီ

တိုင်းနှင့် ပြည်နယ် အစိုးရများ ပြည်သူနှင့် ဒူးတိုက် ဆွေးနွေးပွဲများ ပြုလုပ်ရန် အတိုင်ပင်ခံ မှာကြား

အဆိုတော် နီနီခင်ဇော်  / The Voice Myanmar's Facebook

“ပြိုင်ပွဲဝင်တွေကို နှလုံးသားနဲ့ရွေးရသလို ဉာဏ်ပညာနဲ့လည်း ရွေးရတယ်”

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

3 days ago
6.9k
အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

5 days ago
5.7k

Most Read

  • အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    shares
    Share 0 Tweet 0
  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    shares
    Share 0 Tweet 0
  • မျက်ရည်ကျရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး

    shares
    Share 0 Tweet 0
  • ကရင်မလင်မှာ ရှီကျင့်ဖျင်နှင့် မင်းအောင်လှိုင် တွေ့ဆုံမှုနောက်ကွယ်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate