IT

Infinity U Display ပါဝင်တဲ့ Samsung Galaxy M30 မကြာခင် မိတ်ဆက်မည်

Want create site? Find Free WordPress Themes and plugins.

Samsung ဟာ Galaxy M10 နဲ့ M20 စမတ်ဖုန်းတို့ကို မိတ်ဆက်ပြီးနောက် တလအကြာမှာ Galaxy M30 ဆိုတဲ့ ဖုန်းအသစ်တမျိုးကို ထပ်မံမိတ်ဆက်သွားမယ်လို့ သိရပါတယ်။ အိန္ဒိယနိုင်ငံမှာ ဖေဖော်ဝါရီလ ၂၇ ရက်နေ့၊ ညနေ ၆ နာရီမှာ တရားဝင် မိတ်ဆက်ပွဲပြုလုပ်သွားမှာဖြစ်ကြောင်း Samsung Mobile India က Twitter စာမျက်နှာကနေ တဆင့် တရားဝင် ကြေညာလိုက်ပါတယ်။

Galaxy M စီးရီးဟာ Samsung ရဲ့ တန်ဖိုးနည်းဖုန်းစီးရီးအသစ်ဖြစ်ပြီး၊ M စီးရီးရဲ့ ပထမဆုံးဖုန်းတွေဖြစ်တဲ့ Galaxy M10 နဲ့ M20 တို့ကို လွန်ခဲ့တဲ့လကုန်လောက်ကမှ စတင် မိတ်ဆက်ရောင်းချခဲ့တာ ဖြစ်ပါတယ်။ Galaxy M10 နဲ့ M20 တို့မှာ Infinity-V Display တွေကို အသုံးပြုခဲ့ပေမယ့်၊ M30 မှာတော့ Infinity-U Display ကို ပြောင်းလဲ အသုံးပြုသွားမှာပါ။

ဒါ့အပြင် Galaxy M10 နဲ့ M20 တို့မှာ LCD Display ကို အသုံးပြုခဲ့ပေမယ့်၊ M30 မှာတော့ Samsung ရဲ့ နာမည်ကျော် Display နည်းပညာတခုဖြစ်တဲ့ Super AMOLED ကို အသုံးပြုသွားဖို့ ရှိပါတယ်။

Galaxy M30 မှာ Infinity-U ဒီဇိုင်းနဲ့ ၆.၄ လက်မအရွယ် FHD+ Super AMOLED မျက်နှာပြင် ပါဝင်လာမှာ ဖြစ်သလို၊ ဖုန်းကျောဘက်မှာတော့ ကျောကင်မရာသုံးလုံးတွဲနဲ့ လက်ဗွေရာဆန်ဆာတို့ကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။

ကြိုတင်ခန့်မှန်းချက်တွေအရ Galaxy M30 မှာ Exynos 7904 SoC နဲ့ 5,000mAh ဘက်ထရီ တို့ အသုံးပြုသွားမယ်လို့ သိထားရပါတယ်။ အနိမ့်ဆုံး 4GB RAM နဲ့ 64GB Storage မော်ဒယ်တို့ ပါဝင်လာမှာပါ။ ဈေးနှုန်းက ရူပီး ၁၅,၀၀၀ (မြန်မာငွေ ၃ သိန်းခန့်) ဆိုတော့ စိတ်ဝင်စားစရာကောင်းမယ့် တန်ဖိုးနည်းဖုန်းတလုံး ဖြစ်လာမှာပါ။

Samsung ဟာ Galaxy M30 ကို မိတ်ဆက်ပြီးရင် Galaxy A စီးရီး မျိုးဆက်သစ် ဖုန်းတွေကိုလည်း အိန္ဒိယမှာ မိတ်ဆက်ဖို့ ပြင်ဆင်နေတယ်လို့လည်း သိရပါတယ်။

Ref: Gadgets NDTV, GSM Arena

Did you find apk for android? You can find new Free Android Games and apps.
Loading