IT

Screen နှစ်ခုပါ Laptop တွေအတွက် Windows Lite ကို ဖန်တီးလျက်ရှိ

Want create site? Find Free WordPress Themes and plugins.

Microsoft ဟာ Chromebook ကို ယှဉ်ပြိုင်မယ့် Laptop တွေနဲ့ မျက်နှာပြင်နှစ်ခုပါ တက်ဘလက်ပုံစံ Laptop တွေအတွက် ပိုမိုပေ့ါပါးတဲ့ Windows ဗားရှင်းအသစ်ကို ဖန်တီးလျက်ရှိပါတယ်။

Screen နှစ်ခုမှာ ချောမွေ့စွာ အသုံးပြုနိုင်ဖို့အတွက် Windows OS ရဲ့ Interface ပုံစံကို အရိုးရှင်းဆုံးဖြစ်အောင် ပြင်ဆင်လျက်ရှိတယ်လို့ Microsoft အတွင်းလူတွေက The Verge ကို ပြောကြားခဲ့ပါတယ်။ Chip နဲ့ PC ထုတ်လုပ်သူ တွေအပေါ် မူတည်ကာ Screen နှစ်ခုပါမယ့် Device အသစ်တွေကို ယခုနှစ်နှောင်းပိုင်းအတွင်း စောစီးစွာ မြင်တွေ့ရဖို့ ရှိပါတယ်။

လက်ရှိ Windows 10 OS ကို စွမ်းဆောင်ရည် လိုအပ်ချက်တွေပါ လျှော့ချထားတဲ့ Windows အသစ်ကို “Windows Lite” လို့ ကုဒ်နာမည်ပေးထားပါတယ်။ Intel ကလည်း Laptop ထုတ်လုပ်တဲ့ ကုမ္ပဏီတွေကို Screen နှစ်ခုပါတဲ့ ပစ္စည်းအသစ်တွေ ဖန်တီးကြဖို့ တိုက်တွန်းလုပ်ဆောင်လျက်ရှိပါတယ်။

မကြာမီအချိန်အတွင်း Microsoft ရဲ့ Courier ဒီဇိုင်းလိုမျိုး Screen နှစ်ခုပါတဲ့ Tablet ၊ Laptop နဲ့ ခေါက်ချိုးနိုင်တဲ့ Display တွေကို တွေ့မြင်လာရဖို့ ရှိပါတယ်။ Microsoft အနေနဲ့ အဆိုပါ Hardware အသစ်တွေ ထွက်ရှိလာတဲ့အခါမှာ Windows ကိုလည်း အဆင်သင့် ဖြစ်နေစေဖို့ ဆန္ဒရှိနေတာပါ။

Microsoft ဟာ စွမ်းဆောင်ရည် လိုအပ်ချက်နည်းပါးတဲ့ Windows Lite ကို ကျောင်းသုံးနဲ့ ရုံးသုံး နယ်ပယ်တွေမှာ ယခုခေတ်စားလျက်ရှိတဲ့ Chromebook တွေရဲ့ ပြိုင်ဘက် Laptop တွေ ထုတ်ဖို့လည်း အသုံးချသွားဖို့ ရှိပါတယ်။ အရင်ကလည်း Windows Store က Apps တွေကိုပဲ အသုံးပြုနိုင်တဲ့ Windows 10 S ဆိုပြီး ထုတ်ထားဖူးပါတယ်။

ဒါပေမယ့် Windows 10 S ရဲ့ အသွင်အပြင်ကတော့ သာမန် Windows 10 အတိုင်း ဖြစ်ပြီး ပြောင်းလဲမှု မရှိပါဘူး။ Windows Lite မှာတော့ Interface ပါ ပြောင်းလဲသွားမှာပါ။ လုပ်ဆောင်ချက်အကန့်အသတ်ရှိတဲ့ Windows Phone Continuum UI နဲ့ Surface Hub တို့မှာ လုပ်ခဲ့တဲ့ shell ပုံစံမျိုးကို ရောစပ်ထားမယ်လို့ သိရပါတယ်။

Windows Lite ကို ဘယ်အချိန် မြင်တွေ့ရမလဲဆိုတာကိုတော့ မသိရသေးပါဘူး။ လာမယ့် မေလအတွင်းမှာတော့ Build ညီလာခံကို ကျင်းပသွားမှာဆိုတော့ အဆိုပါပွဲမှာ Windows Lite အတွက် ဗျူဟာတွေနဲ့ Developers တွေအတွက် အချက်အလက်တွေကို မျှဝေသွားဖို့ ရှိပါတယ်။

Ref: The Verge, Gadgets NDTV

Did you find apk for android? You can find new Free Android Games and apps.
Loading