IT

Huawei Y6 Pro 2019 ကို ပြည်တွင်းဈေးကွက်တွင် ရောင်းချမည်

Want create site? Find Free WordPress Themes and plugins.

လွန်ခဲ့တဲ့ ဇန်နဝါရီလ ၃၀ ရက်နေ့က သီရိလင်္ကာနိုင်ငံမှာ စတင်မိတ်ဆက်ခဲ့တဲ့ Huawei Y6 Pro 2019 စမတ်ဖုန်းကို ပြည်တွင်းဈေးကွက်မှာ ရောင်းချသွားမှာ ဖြစ်ပါတယ်။

တန်ဖိုးနည်း စမတ်ဖုန်း မော်ဒယ်တခုဖြစ်တဲ့ Huawei Y6 Pro 2019 မှာ နှင်းစက်ကျနေတဲ့ ပုံစံ DewDrop Notch ဒီဇိုင်းနှင့် ကြီးမားသည့် ၆.၀၉ လက်မအရွယ် FullView Display ပါရှိပြီး၊ HD+ (720×1520 pixels) ရုပ်ထွက်အရည်အသွေး ရှိပါတယ်။ MediaTek ရဲ့ Helio A22 SoC ကို အသုံးပြုထားပြီး၊ 3GB RAM ပါရှိမှာပါ။

ဒေတာ သိမ်းဆည်းဖို့အတွက်ကတော့ 32GB Storage ပါရှိပါတယ်။ Storage ထပ်လိုတယ်ဆိုရင်လည်း microSD ကတ်ကို 512GB အထိ ထပ်စိုက်နိုင်ဦးမှာပါ။

ဓာတ်ပုံရိုက်ဖို့အတွက် f/1.8 Aperture ရှိတဲ့ 13MP ကျောကင်မရာတလုံး ပါရှိပြီး၊ Selfie အတွက်ကတော့ 8MP ကင်မရာတလုံး ပါရှိပါတယ်။ Video Enhancement Technology ပါဝင်တာကြောင့် ရိုက်ကူးလိုက်တဲ့ ဗီဒီယိုရဲ့ အရောင်သိပ်သည်းဆ ၊ အလင်းအမှောင်တို့အား အကောင်းဆုံး ဖြစ်အောင် အလိုအလျှောက် ချိန်ညှိပေးနိုင်မယ်လို့ ဆိုပါတယ်။

တန်ဖိုးနည်းစမတ်ဖုန်းတလုံးဖြစ်ပေမယ့် နောက်ဆုံး Android ဗားရှင်း Android 9 Pie စနစ်အခြေခံ EMUI 9.0 နဲ့ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ဘက်ထရီကတော့ 3,020mAh ဘက်ထရီ ဖြစ်ပြီး၊ ဖုန်းအောက်ဘက်က micro USB Port ကနေ အားသွင်းနိုင်မှာ ဖြစ်ပါတယ်။ Security ပိုင်းအတွက် Face Unlock စနစ်ပါဝင်ပြီး လက်ဗွေရာဆန်ဆာတော့ ပါဝင်ခြင်း မရှိပါဘူး။

Built-in FM Radio ပြီး HUAWEI SuperSound နှင့် Histen 5.0 ကြောင့် 3D Surround Sound System နဲ့ နားဆင်နိုင်မှာဖြစ်တယ်လို့ Huawei က ပြောကြားထားပါတယ်။ အဆိုပါ Built-in FM Radio အား နားကြပ်ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ နားထောင်နိုင်မယ်လို့ သိရပါတယ်။ Huawei SuperSound စနစ်ကြောင့် ထွက်ရှိခဲ့တဲ့ Y6 Series ထဲမှာ အသံအကောင်းဆုံး ပေးစွမ်းနိုင်မယ့် မော်ဒယ်တခု ဖြစ်ပါတယ်။

Y6 Pro ကို အရောင်များအနေနဲ့ Sapphire Blue (အပြာရောင်) ၊ Midnight Black (အမည်းရောင်) နဲ့ သားရေပုံစံ (Amber Brown) အညိုရောင်တို့ ရွေးချယ်ဝယ်ယူနိုင်မှာဖြစ်ပြီး ဈေးနှုန်းအနေနဲ့ မြန်မာငွေကျပ် ၁၈၉၀၀၀ နဲ့ ရောင်းချသွားမှာပါ။

Did you find apk for android? You can find new Free Android Games and apps.
Loading