IT

မျက်နှာပြင်မှာ ကင်မရာအပေါက် ပါဝင်တဲ့ Nokia X71 စမတ်ဖုန်း ထွက်ရှိ

Want create site? Find Free WordPress Themes and plugins.

Nokia အမှတ်တံဆိပ် စမတ်ဖုန်းတွေ ထုတ်လုပ်ခွင့်ရထားတဲ့ HMD Global ကုမ္ပဏီက Nokia X71 စမတ်ဖုန်း အသစ်ကို ထိုင်ဝမ်မှာ မိတ်ဆက်လိုက်ပါတယ်။ ရှေ့ကင်မရာအတွက် မျက်နှာပြင်မှာ အပေါက် ဖောက်ထားတဲ့ ပထမဆုံး Nokia စမတ်ဖုန်းပါ။ တရုတ်နိုင်ငံစျေးကွက်အပြင် တခြားစျေးကွက်အတွက်ပါ ထွက်ရှိလာတဲ့ ပထမဆုံး Nokia X စီးရီး ဖုန်းလည်း ဖြစ်ပါတယ်။

မော်ဒယ်လတ်ဖုန်းဖြစ်တဲ့ Nokia X71 မှာ ၆.၃၉ လက်မအကျယ် FHD+ LCD Display ပါရှိပြီး၊ မျက်နှာပြင်မှာ အပေါက်ဖောက်ပြီး ရှေ့ကင်မရာ ထည့်သွင်းထားတာကြောင့် Notch မလိုတော့ဘဲ စခရင်အပြည့်အရသာကို ပေးစွမ်းနိုင်မယ့် ဖုန်း ဖြစ်ပါတယ်။ ရှေ့ကင်မရာက 16MP ကင်မရာ ပါ။ Snapdragon 660 Chipset ကို အသုံးပြုထားကာ 6GB RAM နဲ့ 128GB Storage တို့ ပါဝင်ပါတယ်။ microSD ကတ်လည်း 256GB အထိ ထပ်စိုက်နိုင်မှာ ဖြစ်ပါတယ်။

Nokia X71 ဟာ Nokia ဖုန်းတွေ ထုံးစံအတိုင်း ကင်မရာ အသားပေး စမတ်ဖုန်းတလုံးပါ။ ကျောကင်မရာကို Zeiss အမှတ်တံဆိပ် ကျောကင်မရာသုံးလုံးကို အသုံးပြုထားပါတယ်။ အဓိက ကင်မရာက 48MP, ဒုတိယကင်မရာက မြင်ကွင်းကျယ် 8MP နဲ့ တတိယအလုံးကတော့ နောက်ခံဝေဝါးတဲ့ပုံတွေ ရိုက်ဖို့အတွက် 5MP Depth ကင်မရာပါ။

လက်ဗွေရာစနစ်ကိုတော့ အရင်ဖုန်းတွေအတိုင်း ကျောဘက်မှာပဲ ထည့်သွင်းထားပါတယ်။ 3.5mm နားကြပ်ပေါက်လည်း ပါဝင်ဦးမှာပါ။

Nokia X71 ဟာ Android One အစီအစဉ်ဝင် ဖုန်းတလုံး ဖြစ်ပြီး၊ Android 9.0 Pie စနစ်နဲ့ ဖြစ်ပါတယ်။ 3,500mAh ဘက်ထရီ ပါဝင်ပြီး၊ ဖုန်းဝယ်ရင် ဘူးထဲမှာ 18W အမြန်အားသွင်းခေါင်းတခုလည်း တပါတည်း ပါဝင်လာမှာ ဖြစ်ပါတယ်။ စျေးနှုန်းကတော့ ၃၈၅ ဒေါ်လာ သတ်မှတ်ထားပြီး၊ ဧပြီလ ၃၀ မှာ စတင်ရောင်းချသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

Nokia X27 ကို မြန်မာနိင်ငံ အပါအဝင် ကမ္ဘာ့စျေးကွက်မှာ တင်သွင်းရောင်းချတဲ့အခါမှာတော့ Nokia 8.1 Plus အမည်နဲ့ ရောင်းသွားဖို့ ရှိပါတယ်။

Ref: GSM Arena, The Verge

Did you find apk for android? You can find new Free Android Games and apps.
Loading