IT

ဘတ်စ်ကား တစီးထက် ရှည်တဲ့ 16K TV ကို Sony ပြသ

Want create site? Find Free WordPress Themes and plugins.

4K TV တွေထက် Pixels ပေါင်း ၁၆ ဆ ပိုမို များပြားပြီး၊ သာမန် 1080p HD TV တွေထက် Pixels ၆၄ ဆ ပိုမို များပြားတဲ့ 16K TV တလုံးကို Sony က ဖန်တီးလိုက်ပါတယ်။ အရှည် ၆၃ ပေ နဲ့ အမြင့် ၁၇ ပေ ရှိပြီး၊ ဘတ်စ်ကားတစီးထက်တောင် ပိုရှည်တဲ့ တီဗီ တလုံးပါ။ အိမ်မှာ ဝယ်ထားမယ် ဆိုရင်တောင် ဧည့်ခန်း ကြီးကြီးမားမားရှိမှ ထားနိုင်မှာ ဖြစ်ပါတယ်။

Sony 16K TV ဟာ Pixels များပြားလွန်းတာကြောင့် အနီးကပ် ကြည့်ရင်တောင် ပုံရိပ်တွေ ဝေဝါးသွားမှာ မဟုတ်ပါဘူး။ 16K နည်းပညာကို ဈေးကွက်ဝင် ထုတ်ကုန်တွေဆီ ရောက်ရှိလာဖို့ကတော့ ဆယ်စုနှစ် တော်တော် ကြာဦးမှာ ဖြစ်တယ်လို့ ကျွမ်းကျင်သူတဦးက ဆိုပါတယ်။

Sony 16K TV ကြီးကို ဂျပန်နိုင်ငံ၊ တိုကျိုမြို့တောင်ဘက်၊ ယိုကိုးဟားမားမြို့က အလှကုန်ပစ္စည်း ကုမ္ပဏီ Shiseido ရဲ့ လေ့လာရေးစင်တာ အသစ်မှာ တပ်ဆင်လျက် ရှိပါတယ်။ အရွယ်အစား ကြီးမားလွန်းတာကြောင့် ပထမထပ် နဲ့ ဒုတိယ ထပ်အကြားမှာ တပ်ဆင်သွားမှာပါ။ 16K TV ထုတ်လုပ်မယ့်အကြောင်းကိုတော့ လတ်စ်ဗေးဂတ်မြို့မှာ လက်ရှိ ကျ်းပနေတဲ့ NBA ကုန်စည်ပြပွဲမှာ ကြေညာခဲ့တာ ဖြစ်ပါတယ်။

“အခု ဆယ်စုနှစ်အကုန်မှာ 8K TV ဆီသို့ ကျနော်တို့ ဖြေးညှင်းစွာ တက်လှမ်းနေပါပြီ။ ဒီ့ထက် အဆင့်မြင့်တဲ့ TV နည်းပညာဆီ ရောက်ရှိနိုင်ဖို့ ဘယ်လောက် ကြာဦးမလဲဆိုတာလည်း ဘယ်သူမှ မသိနိုင်ပါဘူး။ ဒါကြောင့် 16K ဟာ လောလောဆယ်မှာတော့ ကုမ္ပဏီလုပ်ငန်းကြီးတွေ အတွက်ပဲ ဖြစ်နေမှာပါ” လို့ Strategy Analytics အကြံပေးလုပ်ငန်းရဲ့ David Mercer က မှတ်ချက်ပေး ပြောကြားခဲ့ပါတယ်။

“8K ကိုတောင် Display ကြီးကြီးမှာ ကြည့်ရရင် မှင်တက်မတက် ခံစားရတော့ ဒီ 16K Display တွေကို လူကိုယ်တိုင် မြင်တွေ့ရတာ တကယ့်ကို အံ့မခန်းပါပဲ။ ဒီလောက် မြင့်မားတဲ့ ရုပ်ထွက်အရည်အသွေးကို ကြည့်ရတဲ့အခါ ကိုယ့်မျက်လုံးမှာ မြင်နေသမျှတွေက ကြွတက်နေသယောင် ဖြစ်နေကာ Virtual Reality နည်းပညာဆန်ဆန် ခံစားမှုမျိုး ပေးစွမ်းနိုင်ပါတယ်” လို့ သူက ဆိုပါတယ်။

Sony 16K TV

Sony ဟာ အရင်ကလည်း 8K မျက်နှာပြင်တခုကို ဖန်တီးထုတ်လုပ်ခဲ့ပါသေးတယ်။ တိုကျို ဟာနဲဒါ လေဆိပ်မှာ ၂၀၁၄ ခုနှစ်က တပ်ဆင် ပြသခဲ့တဲ့ Display နည်းပညာပါ။ ဒါပေမဲ့ အဆိုပါ Display က မြင်ကွင်းတခုကို Screen တခုတည်းမှာ အဆက်အစပ်မရှိ ဖော်ပြနိုင်တဲ့ ပုံစံမဟုတ်ဘဲ Screen အသေးလေးတွေကို ပေါင်းသပ်ထားတဲ့ ပုံစံ ဖြစ်ပါတယ်။

တကယ်တမ်းတော့ အခု 16K TV အသစ်ကလည်း ဖြုတ်တပ်နိုင်တဲ့ Display အချပ် အများအပြားနဲ့ ပေါင်းစပ် ဖန်တီးထားတာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် အဆိုပါ Display အချပ်တွေမှာ ဘောင်မပါဝင်ဘဲ တခုနဲ့ တခုကြားထဲမှာ လှစ်ဟနေတာမျိုး မရှိတဲ့အတွက် Screen တခုတည်းလို့ ထင်ရအောင် ပေါင်းစပ် တပ်ဆင်နိုင်ပါတယ်။ ဒီနည်းပညာကိုတော့ Sony က “Crystal LED” လို့ ခေါ်ဆိုထားပါတယ်။

micro-LED မျက်နှာပြင်နည်းပညာကို Sony က ပေးထားတဲ့ နာမည်ဖြစ်ပါတယ်။ Sony နည်းတူ Samsung ကလည်း ယခု စနစ်ကို စမ်းသပ်လျက် ရှိတယ်လို့ သိရပါတယ်။ Sony ဟာ သေးငယ်ပြီး ရုပ်ထွက်အရည်အသွေး အနည်းငယ် ပိုနိမ့်တဲ့ Crystal LED Display အချပ်လေးတွေကို ရုံးခန်း၊ ကားပြခန်း၊ ရုပ်ရှင်ရုံ နဲ့ အပန်းဖြေကစားကွင်းကြီးတွေမှာ အသုံးပြုဖို့အတွက် ဆွယ်နေတယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ 16K အပြည့် ပြနိုင်တဲ့ ဗီဒီယိုတွေ မရှိသေးတာကြောင့် ဒီ တီဗီမှာ ပြဖို့အတွက် သားရိုင်းတိရိစ္ဆာန် အကြောင်း ဗီဒီယိုတခုကို ကိုယ်တိုင် ဖန်တီးပြီး ပြသနေရပါတယ်။ ရုပ်ထွက်အရည်အသွေး ပိုမြင့်တဲ့ TV တွေမှာ အရသာအပြည့် ခံစားကြည့်ရှုနိုင်အောင် ရှိပြီးသား ဗီဒီယိုရဲ့ ရုပ်ထွက်အရည်အသွေးကို အယ်ဂရစ်သမ် အကူအညီနဲ့ ဆွဲတင်ပေးတဲ့ နည်းပညာနဲ့ပဲ ဖန်တီးထားတာ ဖြစ်တယ်လို့ ယူဆရပါတယ်။

Ref: BBC, My Broadband

Did you find apk for android? You can find new Free Android Games and apps.
Loading