IT

နှစ်ဖက်လှည့် သုံးနိုင်တဲ့ ကျောကင်မရာ သုံးလုံးပါ Samsung Galaxy A80 ဖုန်း ထွက်ရှိ

Want create site? Find Free WordPress Themes and plugins.

ကင်မရာအတွက် ထူးခြားဆန်းသစ်တဲ့ ဒီဇိုင်းကို အသုံးပြုထားတဲ့ Galaxy A80 ဖုန်းမော်ဒယ်အသစ်ကို Samsung က မိတ်ဆက်လိုက်ပါတယ်။ Selfie ရိုက်လိုတဲ့အခါ ကျောကင်မရာ သုံးလုံးက ဖုန်းကိုယ်ထည်အပေါ်ဘက်ကို အလိုအလျောက် လျှောတိုက် ထွက်လာမှာ ဖြစ်ပြီး၊ ကင်မရာသုံးလုံးတွဲကို ပြောင်းပြန်လှန်ပေးမှာ ဖြစ်ပါတယ်။

ဒီနည်းအားဖြင့် ကျောကင်မရာကို အရှေ့ကင်မရာအဖြစ်ပါ နှစ်မျိုး အသုံးပြုနိုင်မှာပါ။ ယမန်နှစ်က ကြေညာခဲ့တဲ့ Samsung ရဲ့ “New Infinity” Display နည်းပညာအသစ်ကို အသုံးပြုထားတဲ့ ပထမဆုံး Samsung ဖုန်းလည်း ဖြစ်ပါတယ်။

Galaxy A80 ရဲ့ အလိုအလျောက် ဆလိုက်ဆွဲတပ်လာမယ့် ကင်မရာအစိတ်အပိုင်းမှာ စုစုပေါင်း ကင်ရာ သုံးလုံးပါဝင်ပါတယ်။ အဓိက ကင်မရာက f/2.0 အပါချာရှိတဲ့ 48-megapixel ကင်မရာပါ။ ဒုတိယကင်မရာက f/2.2 မြင်ကွင်းကျယ် 8-megapixel ကင်မရာ နဲ့ တတိယအလုံးက ToF ဆန်ဆာပါ။

အသုံးလိုတဲ့အခါမှ ထွက်လာမယ့် ကင်မရာဒီဇိုင်းကို အသုံးပြုထားတာကြောင့် ဖုန်းအရှေ့ဘက်မှာ ကင်မရာနေရာအတွက် Notch တွေ အပေါက်တွေ ထားစရာ မလိုတော့ဘဲ မျက်နှာပြင်အပြည့် ပေးစွမ်းထားနိုင်ပါတယ်။ မျက်နှာပြင်အကျယ် ၆.၇ လက်မရှိတဲ့ FHD+ Super AMOLED Display နဲ့ ဖြစ်ပါတယ်။

ဆလိုက်ဒါတပ် ကင်မရာနဲ့ နှစ်ဖက်လှည့်နိုင်တဲ့ ကင်မရာ ဒီဇိုင်းတွေကို အရင်က ထွက်ရှိထားတဲ့ ဖုန်းတွမှာလည်း တွေ့မြင်ခဲ့ရပြီး ဖြစ်ပါတယ်။ ၂၀၁၄ တုန်းက ထွက်ခဲ့တဲ့ OPPO N1 မှာ နှစ်ဖက်လှည့်နိုင်တဲ့ 13-megapixel ကင်မရာ၊ OPPO Find X နဲ့ Xiaomi Mi MIX 3 တို့မှာ ဆလိုက်ဒါ ဒီဇိုင်းတို့ ပါခဲ့ပြီးသားပါ။ Galaxy A80 ကတော့ အဆိုပါ ဒီဇိုင်းနှစ်ခုလုံးကို ပေါင်းစပ် အသုံးပြုထားတဲ့ ပထမဆုံး ဖုန်းဖြစ်ပါတယ်။

Galaxy A80 ရဲ့ တခြားအချက်အလက်တွေကတော့ စွမ်းဆောင်ရည်မြင့် Octa-core Processor၊ 8GB RAM နဲ့ 128GB Storage တို့ ဖြစ်ပါတယ်။ မျက်နှာပြင်အောက် လက်ဗွေရာစနစ်လည်း ပါဝင်မှာပါ။ 25W အားအမြန်သွင်းစနစ် အသုံးပြုနိုင်တဲ့ 3,700mAh ဘက်ထရီလည်း ပါဝင်ပါတယ်။ ရွှေရောင်၊ အဖြူရောင်နဲ့ အနက်ရောင် သုံးမျိုး ထုတ်သွားမယ်လို့ သိရပါတယ်။ စျေးနှုန်းကိုတော့ မသိရသေးပါဘူး။ မေလ ၂၉ ရက်နေ့ စတင် ရောင်းချသွားမှာပါ။

Samsung ဟာ ၂၀၁၉ ခုနှစ်မှာ Galaxy A10, A20, A30, A40, A50, A70 နဲ့ A80 ဖုန်း မော်ဒယ်အသစ်တွေကို မိတ်ဆက်ခဲ့ပြီး ဖြစ်ပါတယ်။

Ref: The Verge, Tech Radar

Did you find apk for android? You can find new Free Android Games and apps.
Loading