IT

OPPO F11 နဲ့ F11 Pro Avengers Limited Edition တို့ကို မကြာခင် မိတ်ဆက်မည်

Want create site? Find Free WordPress Themes and plugins.

OPPO က F11 Pro Avengers Limited Edition နဲ့ F Series သစ် F11 ဖုန်း နှစ်မျိုးကို ပြည်တွင်းဈေးကွက်မှာ မကြာမီ မိတ်ဆက်ပေးသွားတော့မှာ ဖြစ်ပါတယ်။

OPPO ဟာ အရင်ကလည်း “Lamborghini”, “Pikachu”, “Barca”, “Guerlain” စတဲ့ အမှတ်တံဆိပ်များနဲ့ ပူးပေါင်းပြီး လူငယ်များ အကြိုက်တွေ့စေမယ့် Limited Edition စမတ်ဖုန်းများ ထုတ်လုပ်ခဲ့ပါတယ်။ ယခု ၂၀၁၉ ခုနှစ်မှာတော့ Marvel ကုမ္ပဏီနဲ့ ပူးပေါင်းပြီး F11 Pro ကို Avengers Edition အဖြစ် ထပ်မံ ထုတ်ပေးသွားမှာ ဖြစ်ပါတယ်။

F11 Pro Avengers Limited Edition စမတ်ဖုန်းရဲ့ ကျောဘက်ကိုယ်ထည်ကို “Space Blue” လို့ နာမည်ပေးထားတဲ့ အပြာနုရောင် အသုံးပြုထားပါတယ်။ ဖုန်းကိုယ်ထည် နောက်ခံကို အပြာရောင်ဆဋ္ဌဂံ အကွက်တွေနဲ့ အလှဆင်ထားပြီး OPPO ရဲ့ အမှတ်တံဆိပ်ရောင်ပြေး effect များကိုလည်း ထည့်သွင်းထားပါတယ်။

ကျောဘက်မှာ အနီရောင်ရင့် Avengers အမှတ်တံဆိပ် ပါဝင်ပြီး၊ ဖုန်းဘေးဘက် ပါဝါခလုတ်ကလည်း အနီရောင် ဖြစ်နေမှာပါ။ ကျောကင်မရာနှစ်လုံးတွဲရဲ့ အပေါ်ဆုံးမှာလည်း Avengers အမှတ်တံဆိပ်ကို တွေ့မြင်ရမှာပါ။ Avengers တံဆိပ်နဲ့ Wallpaper လည်း တပါတည်း ပါဝင်လာမှာ ဖြစ်တယ်လို့ သိရပါတယ်။

OPPO F11 Pro Avengers Limited Edition ဖုန်းဟာ ရိုးရိုး OPPO F11 Pro ဖုန်းနဲ့ အသွင်အပြင်ပိုင်းပဲ ကွာခြားပြီး၊ ကျန်အစိတ်အပိုင်းတွေကတော့ အတူတူပဲ ဖြစ်ပါတယ်။ 16MP Rising Camera၊ VOOC 3.0 အားအမြန်သွင်းစနစ်၊ 6GB RAM + 128GB ROM၊ ဖုန်းစွမ်းဆောင်ရည်ကို မြှင့်တင်ပေးမယ့် Hyper Boost စနစ်၊ ညအချိန်မှာ ကြည်လင်ပြတ်သားသည့် ပုံရိပ်တွေ ရိုက်ကူးနိုင်မယ့် 48MP+5MP ကျောဘက်ကင်မရာနှစ်လုံးတို့ကို F11 Pro Avengers Limited Editon မှာ ဆက်လက်တွေ့မြင်ရမှာ ဖြစ်ပါတယ်။

F Series ရဲ့ နောက်ထပ်မျိုးဆက်သစ်ဖြစ်တဲ့ OPPO F11 စမတ်ဖုန်းကိုလည်း F11 Pro Avengers Limited Edition ဖုန်းနဲ့အတူ ပြည်တွင်းဈေးကွက်မှာ မိတ်ဆက်ပေးသွားမယ်လို့ သိရပါတယ်။ OPPO F11 စမတ်ဖုန်းမှာတော့ မော်တာတပ် Pop-up ကင်မရာ ပါဝင်လာတော့မှာ မဟုတ်ဘဲ၊ ရေစက်ပုံစံမျက်နှာပြင်နဲ့ ဖြစ်သွားမှာပါ။

AI Beauty စနစ်ပါဝင်တဲ့ 16MP ရှေ့ကင်မရာကို ၆.၅ လက်မအရွယ် မျက်နှာပြင်ရဲ့ ရေစက်ပုံစံ Notch ထဲမှာ ထည့်သွင်းပေးထားပါတယ်။ ကျောကင်မရာကတော့ F11 Pro အတိုင်း 48MP+5MP ကျောဘက်ကင်မရာနှစ်လုံး ဖြစ်ပါတယ်။

ပုံမှန်အားသွင်းစနစ်များထက် တစ်နာရီပိုမြန်တဲ့ VOOC 3.0 အမြန်အားသွင်းစနစ် နဲ့ 4,020mAh ဘက်ထရီ၊ 4GB RAM+ 128GB ROM၊ Hyper Boost စနစ်၊ Android 9.0 ကို အခြေခံထားသော ColorOS 6 တို့နဲ့ ထွက်ရှိလာမှာ ဖြစ်ပါတယ်။ F11 ဖုန်းကို Fluorite Purple အရောင်နှင့် Marble Green အရောင်ဆိုပြီး 3D အရောင်ပြေးကာလာ ၂ မျိုး ထုတ်လုပ် ရောင်းချသွားမှာပါ။

OPPO F11 Pro Avengers Limited Edition စမတ်ဖုန်းနဲ့ F Series မျိုးဆက်သစ် F11 စမတ်ဖုန်းကို Marvel ပရိသတ်တွေ မျှော်လင့်စောင့်စားနေတဲ့ Avengers: Endgame ရုပ်ရှင်ဇာတ်ကား ပွဲဦးထွက်ရုံတင်ပြသမယ့် ဧပြီလ ၂၆ ရက်နေ့မှာ၊ ရန်ကုန်မြို့၊ စံရိပ်ငြိမ်ဂမုန်းပွင့်ရှိ မင်္ဂလာရုပ်ရှင်ရုံမှာ မိတ်ဆက်သွားမယ်လို့ သိရပါတယ်။

Ref: OPPO

Did you find apk for android? You can find new Free Android Games and apps.
Loading