မြန်မာနိုင်ငံရဲ့ ထိပ်တန်း PR အေဂျင်စီတခုနှင့် ဒီဂျစ်တယ် အေဂျင်စီ တခုတို့ ပူးပေါင်းပြီး ERA Myanmar အမည်ရှိ Integrated Marketing Communication Agency ကို တည်ထောင်လိုက်ပါတယ်။
ERA Myanmar (ERA) ကို မြန်မာနိုင်ငံရဲ့ Public Relations အေဂျင်စီ ကဏ္ဍမှာ ဦးဆောင်နေတဲ့ Echo Myanmar နဲ့ Digital Marketing လုပ်ငန်းကြီးတခု ဖြစ်တဲ့ RevoTech တို့ လက်တွဲပူးပေါင်းပြီး တည်ထောင်လိုက်တာပါ။ မြန်မာနိုင်ငံရဲ့ အေဂျင်စီလောကမှာ ပထမဆုံးအကြိမ်အဖြစ် အေဂျင်စီနှစ်ခု ပူးပေါင်းလိုက်တာလည်း ဖြစ်ပါတယ်။
Digital Marketing နည်းပညာပိုင်းတွင် RevoTech ရဲ့ ကျွမ်းကျင်မှု နဲ့ Public Relations နှင့် Strategic Communications ပိုင်းတွင် Echo ရဲ့ ကျွမ်းကျင်မှုများကို ပေါင်းစပ်ပြီး၊ ERA Myanmar ဟာ ကဏ္ဍစုံဆက်သွယ်ရေး အေဂျင်စီ (Integrated Communications Agency) အဖြစ် ရပ်တည်သွားမှာ ဖြစ်ပါတယ်။
ဒီဂျစ်တယ်အခန်းကဏ္ဍ၊ တမူထူးခြားသော ဖန်တီးမှုအပိုင်းနဲ့ နည်းဗျူဟာမြောက် ဆက်သွယ်ရေး (Strategic Communication) နယ်ပယ်မှ ကျွမ်းကျင်သူဦးရေ ၇၀ နဲ့ မြန်မာနိုင်ငံတွင် အကြီးမားဆုံးသော အေဂျင်စီအဖြစ် လည်ပတ်သွားမယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။
ERA Myanmar ရဲ့ မန်နေးဂျင်းဒါရိုက်တာဖြစ်သူ Anthony Larmon က “အရင်ကလို သမားရိုးကျ မီဒီယာနည်းလမ်းတွေကလည်း အခုချိန်ထိ အရေးပါတဲ့ကဏ္ဍ ဖြစ်နေသေးတယ် ဆိုပေမယ့် ဒီနေ့ခေတ် ဒီဂျစ်တယ်နည်းပညာနဲ့ ပြောင်းလဲလာတဲ့ မီဒီယာအသုံးပြုမှု ပုံစံတွေကိုလည်း လျစ်လျူရှုထားလို့ မရပါဘူး”
“မြန်မာနိုင်ငံအတွက် အဖြေ မရှိသေးတဲ့ မေးခွန်းတခုအတွက် ERA ဟာ အဖြေဖြစ်ပါတယ်။ အဲဒါကတော့ ကျနော်တို့ အနေနဲ့ Client တွေရဲ့ စီးပွားရေး လုပ်ငန်းစုတွေမှာ ပါဝင်နေသူတွေနဲ့ ရေရှည်ခိုင်မြဲတဲ့ ဆက်ဆံရေးတွေကို တည်ထောင်ပေးပြီး ဆက်နွယ်မှုရှိတဲ့ Campaign တွေ ဆက်လက်ပြီး ဖန်တီးသွားနိုင်ဖို့ဆိုတာတွေအပြင် Client တွေကို အကောင်းဆုံး ဝန်ဆောင်မှုပေးနိုင်ဖို့အတွက် အနာဂတ်မှာ အေဂျင်စီတွေအနေနဲ့ ဘယ်လို လိုက်လျောညီထွေဖြစ်အောင် နေရမလဲဆိုတဲ့ မေးခွန်းအတွက် ERA ဟာ အဖြေ တခုပါပဲ” လို့ ပြောကြားခဲ့ပါတယ်။
မြန်မာနိုင်ငံတွင်းနဲ့ ပြည်ပဆက်သွယ်လုပ်ကိုင်မှု သက်တမ်း ၈ နှစ်စာ ပေါင်းစပ်ထားသော အတွေ့အကြုံပေါ်အခြေခံပြီး ဝန်ဆောင်မှုများကို Client များအား ပေးစွမ်းသွားမယ်လို့ ဆိုပါတယ်။ Client တွေမှာ မြန်မာကုမ္ပဏီများသာမက နာမည်ရှိလူသိများသော နိုင်ငံတကာ အမှတ်တံဆိပ်လုပ်ငန်းများလည်း ပါဝင်ပြီး၊နည်းပညာ၊ ဆက်သွယ်ရေး၊ ငွေကြေးဆိုင်ရာဝန်ဆောင်မှုများ၊ ခရီးသွားလုပ်ငန်းများ၊ လူသုံးကုန်ပစ္စည်းများ စတဲ့ ကဏ္ဍမျိုးစုံမှ ပါဝင်ပါတယ်။
“RevoTech ဟာဆိုရင်လည်း Marketing နည်းပညာဆိုင်ရာ နည်းလမ်းတွေမှာ ဦးဆောင်သူဖြစ်ပါတယ်။ သို့ပေမယ့် ကျနော်တို့ အနေနဲ့ ERA နဲ့ ပတ်သက်ပြီး စိတ်လှုပ်ရှားနေတာ တခုက နှစ်ဖွဲ့လုံးရဲ့ ကျွမ်းကျင်မှုတွေကို ပေါင်းစပ်ပြီး ဒီဂျစ်တယ်၊ အစဉ်အလာ၊ ပွဲအခမ်းအနားတွေအပြင် အများနဲ့မတူတဲ့ ဖန်တီးမှုအခန်းကဏ္ဍတွေမှာလည်း ထူးခြားတဲ့ Campaign အသစ်တွေကို ဖန်တီးလုပ်ကိုင်သွားဖို့တွေဘဲ ဖြစ်ပါတယ်”လို့ ERA Myanmar ရဲ့ ဒါရိုက်တာဖြစ်သူ စောသူရဝင်းက ပြောကြားခဲ့ပါတယ်။
ERA Myanmar ဟာ Southeast Asia PR Agency of the Year (2018) ၊ PublicAffairsAsia က ပေးအပ်တဲ့ New Consultancy of the Year (2017) အပြင် Guerilla Marketing ၊ Telecommunications ၊ Technology ၊ Influencer Management နဲ့ Branding စတဲ့ ကဏ္ဍများအတွက် Campaign ဆု ၇ ဆု ရရှိခဲ့ပြီးဖြစ်ပါတယ်။
ဒါ့အပြင် ကမ္ဘာတစ်ဝှမ်းမှ အမြင့်မားဆုံးသော ဆုအဖြစ် အသိအမှတ်ပြုခံထားရသည့် Global SABRE ဆုကိုရရှိထားသော မြန်မာနိုင်ငံရဲ့ ပထမဦးဆုံးနှင့် တစ်ခုတည်းသော Agency လည်း ဖြစ်တယ်လို့ သိရှိရပါတယ်။
Ref: ERA Myanmar