IT

ဗြိတိန် 5G ကွန်ရက် တည်ဆောက်ရာမှာ Huawei ပါဝင်ခွင့် ရရှိဟုဆို

Want create site? Find Free WordPress Themes and plugins.

တရုတ်ဆက်သွယ်ရေးကုမ္ပဏီ Huawei ကို ဗြိတိန်နိုင်ငံရဲ့ 5G ကွန်ရက်သစ်ကို ကူညီ တည်ဆောက်ပေးဖို့အတွက် ခွင့်ပြုလိုက်ပြီ ဖြစ်တယ်လို့ သတင်းထွက်ပေါ်လာပါတယ်။ အမေရိကန် အပါအဝင် ဗြိတိန်အစိုးရဝန်ကြီး အများစုက ခွင့်မပြုဖို့ သတိပေးထားပေမယ့် ဗြိတိန်ဝန်ကြီးချုပ် ထရီဆာမေ သဘာပတိအဖြစ် တာဝန်ယူထားတဲ့ အမျိုးသားလုံခြုံရေးကောင်စီက ဧပြီလ ၂၃ ရက်နေ့မှာ ခွင့်ပြုချက် လက်မှတ် ထိုးပေးလိုက်တာ ဖြစ်ကြောင်း ကမ္ဘာ့သတင်းမီဒီယာ အများအပြားက ဖော်ပြနေကြပါတယ်။

ဗြိတိန် 5G ကွန်ရက်သစ်အတွက် အခြေခံပစ္စည်း၊ အဆောက်အဦတွေ တည်ဆောက်ရာမှာ Huawei ကို အင်တာနာတိုင်တွေနဲ့ “အဓိကမကျတဲ့ အစိတ်အပိုင်း” တွေကိုပဲ တည်ဆောက်ခွင့် ပေးခဲ့တာလို့ သိရပါတယ်။ အတည်မပြုရသေးတဲ့ ယခု ဆုံးဖြတ်ချက်ပေါက်ကြားမှုကြောင့် ဗြိတိန်နဲ့ ထရမ့်အစိုးရ အဖွဲ့အကြား တင်းမာမှုတွေ အားကောင်းလာစေနိုင်ပါတယ်။ ဗြိတိန်လွှတ်တော် အဖွဲ့ဝင်တွေကလည်း ယခုသတင်းပေါက်ကြားမှုရဲ့ ရင်းမြစ်ကို ရှာဖွေဖော်ထုတ်မယ်လို့ ဆိုပါတယ်။

Huawei နဲ့ ပတ်သက်တဲ့ မည်သည့် ဆုံးဖြတ်ချက်မဆို ဒီဂျစ်တယ်၊ ယဉ်ကျေးမှု ဝန်ကြီးက လွှတ်တော်ကို တင်ပြကာ၊ မကြေငြာသရွေ့ အတည်ဖြစ်မှာ မဟုတ်ပါဘူး။ အကယ်၍ အမျိုးသားလုံခြုံရေးကောင်စီ ကနေ Huawei ကို အကန့်အသတ်နဲ့ ဖြစ်စေ၊ 5G ကွန်ရက်မှာ ပါဝင်ခွင့် ပြုတယ်လို့ အမှန်တကယ် ဆုံးဖြတ်ချက်ချမယ်ဆိုရင် အမေရိကန်ပြည်ထောင်စုနဲ့ ဆက်ဆံရေး ပျက်ယွင်းနိုင်ပါတယ်။

အမေရိကန်ပြည်ထောင်စုရဲ့ ကွန်ရက်တွေဟာ ဗြိတိန်နဲ့ ချိတ်ဆက်နေတဲ့အတွက် အမေရိကန်ဘက်မှာလည်း လုံခြုံရေးစိုးရိမ်မှုတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။

ယခုသတင်းနဲ့ ပတ်သတ်ပြီး အိမ်ဖြူတော် အမျိုးသားလုံခြုံရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဂါရတ်မားကွစ်က “သမ္မတ ပြောခဲ့သလိုပဲ 5G ကွန်ရက်တွေဟာ လုံးဝ လုံခြုံမှုရှိရပါမယ်။ ခိုင်လုံမှုရှိရပါမယ်။ ရန်သူ့ အန္တရာယ်ကနေ ကာကွယ်ထားရပါမယ်။ တကယ်လည်း ကျနော်တို့ဆီမှာ ရန်သူတွေ ရှိပါတယ်” လို့ Twitter မှာ ရေးသားခဲ့ပါတယ်။

သုံးသပ်သူအချို့ကတော့ ဗြိတိန်ရဲ့ ဆုံးဖြတ်ချက်ဟာ စံနမူနာ သဖွယ် ဖြစ်ပြီး၊ အခြားနိုင်ငံတွေလည်း အလားတူ ဆုံးဖြတ်ကြလိမ့်မယ်လို့ ပြောကြားထားကြပါတယ်။ နိုင်ငံတကာ 5G အငြင်းပွားမှုတွေကို လေ့လာနေတဲ့ ဆိုက်ဘာလုံခြုံရေးပညာရှင် ဂျိမ်းစ်လူးဝစ်က နိုင်ငံတော်တော်များများက အပြီးတိုင် ပိတ်ပင်မှု လုပ်ဖို့ နည်းတယ်လို့ ဆိုပါတယ်။

Ref: Washington Post

Did you find apk for android? You can find new Free Android Games and apps.
Loading