IT

ဇနီးဖြစ်သူ ညဘက်အိပ်ပျော်စေဖို့ သေတ္တာတလုံး တီထွင်ခဲ့တဲ့ Mark Zuckerberg

Want create site? Find Free WordPress Themes and plugins.

နေအိမ်မှာ အသက် ၄ နှစ်အောက် သမီးလေး ၂ ယောက် ရှိနေလို့ ပင်ပန်းပေမယ့် အိပ်ရခက်နေတဲ့ ဇနီးသည် အိပ်ပျော်ဖို့ အတွက် သေတ္တာတလုံးကို တီထွင်ခဲ့တယ်လို့ Mark Zuckerberg က သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ တင်ထားခဲ့ပါတယ်။

အသက် ၃၄ နှစ်ရှိပြီ ဖြစ်တဲ့ Facebook တည်ထောင်သူ Mark Zuckerberg ဟာ ပရဟိတတွေမှာ အားတက်သရော လုပ်ကိုင်လေ့ရှိတဲ့ ဇနီးသည် Priscilla Chan ညဘက်တွေမှာ အိပ်မပျော်နိုင်တာကို မြင်ပြီး စိတ်မကောင်းဖြစ်ရတယ်လို့ ဆိုပါတယ်။

“မိခင်ဖြစ်ရတာ မလွယ်ဘူးဗျ။ ကျနော်တို့မှာ ကလေးတွေ ရပြီးကတည်းက ကျနော့်ဇနီး အိပ်ရေးဝဝ မအိပ်ရတာပဲ။ ကလေးတွေကို ထကြည့်တာနဲ့ ကလေးတွေ နိုးလောက်ပီထင်ပြီး နာရီကြည့်တာတွေလုပ်ပြီးရင် သူက ပြန်အိပ်မပျော်တော့ဘူး။ သူ့မှာ စိတ်ဖိအားတွေ အရမ်း များနေတယ်” လို့ ပြောခဲ့ပါတယ်။

“ဒီသေတ္တာလေးက သူ နာရီ ခဏခဏ ထမကြည့်အောင် ကူညီလိမ့်မယ်။ ဒီသေတ္တာက နာရီ မဟုတ်ပါဘူး။ သူတရေးနိုးလို့ ကြည့်မယ်ဆိုရင် အချိန်ကို ပြမှာ မဟုတ်ဘူး။ သူ ထရမယ့် အချိန်ကို ရောက်မှသာ အချိန်ကို မြင်ရမှာပါ။ မနက် ၆ နာရီနဲ့ ၇ နာရီ အတွင်းမှာ သေတ္တာအောက်က မီးလေး လင်းလာပါလိမ့်မယ်။ ဒါကြောင့် ညဘက်တွေ ရင်တထိတ်ထိတ်နဲ့ အိပ်ဖို့ မလိုတော့ပါဘူး”လို့ Zuckerberg က ပြောပါတယ်။

“အင်ဂျင်နီယာ တယောက် အနေနဲ့ရော ခင်ပွန်း တယောက်အနေနဲ့ပါ ကျနော့်ဇနီး ကောင်းကောင်းမွန်မွန် အိပ်ပျော်စေမယ့် ပစ္စည်းကို တီထွင်ရတာ အရမ်း ပျော်ပါတယ်။ ဒါက ကျနော့် အချစ်ကို ပြသတဲ့ နည်းလမ်း တခုပါပဲ”လို့ ဂုဏ်ယူစွာ ပြောဆိုခဲ့ပါတယ်။

Ref;People

Did you find apk for android? You can find new Free Android Games and apps.
Loading