IT

ပြဿနာအားလုံး ကျေအေးလိုက်တဲ့အတွက် Apple ထံမှ ကန်ဒေါ်လာ ၄.၇ ဘီလျံခန့် Qualcomm ရရှိမည်

Want create site? Find Free WordPress Themes and plugins.

Apple နဲ့ Qualcomm တို့ရဲ့ မူပိုင်ခွင့်ပြဿနာဟာ နောက်ဆုံးမှာတော့ ဆုံးခန်းတိုင်သွားခဲ့ပါပြီ။ ကုမ္ပဏီနှစ်ခုကြား နှစ်ရှည်လများ အငြင်းပွားမှုတွေ ဖြစ်ပေါ်ခဲ့ပြီးနောက်မှာ နှစ်ဦးသဘောတူ ကျေအေးလိုက်တာ ဖြစ်ပါတယ်။ အခုလို ကျေအေးနိုင်ခဲ့အတွက် Qualcomm ဟာ Apple ထံကနေ ကန်ဒေါ်လာ ၄ ဒဿမ ၇ ဘီလျံလောက် ရရှိသွားမယ်လို့လည်း သိရပါတယ်။

Apple နဲ့ Qualcomm တို့ဟာ နှစ်ဦးနှစ်ဖက် အပြန်အလှန် တရားစွဲဆိုထားသမျှကို ရုပ်သိမ်းလိုက်ကြောင်း ဧပြီလလယ်လောက်မှာ ရုတ်တရက် ကြေညာခဲ့တာ ဖြစ်ပါတယ်။ နှစ်ရှည်လများ ရန်သူတော်တွေအဖြစ် ရပ်တည်ခဲ့တဲ့ Qualcomm နဲ့ Apple တို့ဟာ အခုအခါ အကောင်းဆုံး မိတ်ဆွေတွေ ဖြစ်သွားကြပါပြီ။

အသစ်ထုတ်မယ့် iPhones တွေရဲ့ 5G အနာဂတ်ကိုလည်း ကုမ္ပဏီနှစ်ခု ပူးပေါင်း အကောင်အထည် ဖော်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ 5G ဖုန်း Modem ဈေးကွက်ကနေ Intel နှုတ်ထွက်သွားပြီးနောက် Apple နဲ့ Qualcomm တို့ ပြေလည်မှု ရရှိခဲ့တာ ဖြစ်ပါတယ်။

Qualcomm ဟာ နောက်လာမယ့် ၂ နှစ်အတွင်းမှာ Apple ရဲ့ Chip ထောက်ပံ့သူကုမ္ပဏီလည်း ဖြစ်လာမှာပါ။ ၆ နှစ်သက်တမ်းရှိတဲ့ မူပိုင်ခွင့် အသုံးပြုမှုဆိုင်ရာ သဘောတူညီချက်ကိုလည်း လက်မှတ်ရေးထိုးနိုင်ခဲ့တယ်လို့ Qualcomm က ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

ဒါကြောင့် ၂၀၂၀ ပြည့်နှစ်မှာ ထွက်မယ့် iPhones တွေမှာ Snapdragon Chipsets တွေနဲ့ Modems တွေ ပါလာတော့မှာ ဖြစ်ပါတယ်။ Apple ဟာ မူလက Intel နဲ့ပဲ လက်တွဲဖို့ ရည်ရွယ်ထားခဲ့ပေမယ့်၊ Intel ဘက်က နည်းပညာအကောင်အထည်ဖော်မှုဆိုင်ရာ ရည်မှန်းချက်တွေ မပြည့်မီခဲ့တဲ့အတွက် ကုမ္ပဏီနှစ်ခုကြား တင်းမာမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

Apple ထံက ရရှိမယ့် ဒေါ်လာ ၄ ဒဿမ ၇ ဘီလျံမှာ ရှေ့လာမယ့် အနာဂတ်အတွက် မူပိုင်ခွင့်ကြေးတွေ မပါသေးဘူးလို့ သိရပါတယ်။ ဒါပေမဲ့ အခုလို ဒေါ်လာ ဘီလျံများစွာ သုံးလိုက်တဲ့အတွက် တကမ္ဘာလုံးဆိုင်ရာ မူပိုင်ခွင့် အသုံးပြုမှု သဘောတူညီချက် ကို ၆ နှစ် သက်တမ်းနဲ့ ရရှိခဲ့ပြီး၊ ၂ နှစ် သက်တမ်း တိုးခွင့်လည်း ရရှိသွားခဲ့ပါတယ်။

Intel ထွက်သွားပြီးနောက်မှာ 5G Modem ထုတ်နိုင်တဲ့ အမေရိကန်ကုမ္ပဏီဆိုလို့ Qualcomm တခုတည်း ရှိတဲ့အတွက် ယခုသဘောတူညီချက်က Apple အတွက် တကယ့်ကို အရေးကြီးပါတယ်။

“Apple နဲ့ နှစ်ရှည်သဘောတူညီချက်တွေ ရရှိခဲ့တဲ့အတွက် ဝမ်းသာမိပါတယ်။ Apple ကိုလည်း ကျနော်တို့ ဖောက်သည်တဦးအဖြစ် ဆက်လက် ကူညီထောက်ပံ့သွားဖို့ အသင့်ပါပဲ” လို့ Qualcomm ကုမ္ပဏီရဲ့ CEO ဖြစ်သူ Steve Mollenkopf က ပြောကြားခဲ့ပါတယ်။

Qualcomm ကို ဒေါ်လာ ၄ ဒဿမ ၇ ဘီလျံလောက် ပေးရပေမယ့် Apple အတွက် ဟန်ပျက်မှာ မဟုတ်ပါဘူး။ Apple ဟာ ယခုအချိန်မှာ ငွေသားချည်းပဲ ကန်ဒေါ်လာ ၂၂၅ ဒဿမ ၄ ဘီလျံ လောက် လက်ထဲကိုင်ထားနိုင်တဲ့ ကုမ္ပဏီတခု ဖြစ်တယ်လို့ CNBC က တင်ပြထားပါတယ်။

Ref: The Verge, GSM Arena

Did you find apk for android? You can find new Free Android Games and apps.
Loading