IT

4,230mAh ဘက်ထရီ ပါဝင်သည့် OPPO A5s ဖုန်းကို မြန်မာနိုင်ငံတွင် စတင် ဝယ်ယူနိုင်

Want create site? Find Free WordPress Themes and plugins.

ပြီးခဲ့တဲ့ မတ်လကမှ တရားဝင် မိတ်ဆက်ခဲ့တဲ့ OPPO A5s ဖုန်းသစ်ကို ယခုအခါ ပြည်တွင်းဈေးကွက်မှာ စတင် ဝယ်ယူနိုင်ပြီ ဖြစ်ပါတယ်။

OPPO A5s စမတ်ဖုန်းဟာ တန်ဖိုးသင့် ဖုန်းတလုံးဖြစ်ပြီး၊ သူ့အရင် ထွက်ရှိထားတဲ့ OPPO A5 ရဲ့ ညီနောင် မော်ဒယ်လို့ ဆိုနိုင်ပါတယ်။ ဖုန်းနှစ်ခုမှာ Chipset နဲ့ Notch ဒီဇိုင်းတို့ပဲ အဓိက ကွာသွားမှာပါ။ OPPO A5 တုန်းက Snapdragon 450 နဲ့ ဖြစ်ပြီး၊ A5s မှာတော့ MediaTek ရဲ့ Helio P35 Chipset ပြောင်းသုံးပေးထားပါတယ်။

Chipset နှစ်ခုလုံးက Cortex-A53 CPUs တွေ အတူတူပဲ ဖြစ်ပေမယ့်၊ Helio P35 က Clockspeed ပို မြန်ပါတယ်။ GPU ကတော့ ထုံးစံအတိုင်း တူညီမှာ မဟုတ်ဘဲ A5s က PowerVR GE8320 နဲ့ပါ။

A5 အတိုင်း HD+ ရုပ်ထွက်အရည်အသွေးရှိတဲ့ ၆ ဒဿမ၂ လက်မအရွယ် IPS LCD မျက်နှာပြင်နဲ့ ဖြစ်ပေမယ့်၊လေးထောင့်ပုံစံ Notch အစား ပိုမိုသေးငယ်တဲ့ ရေစက်ပုံစံ Notch ကို ပြောင်းလဲ အသုံးပြုထားပါတယ်။ ဒီ့အတွက် မျက်နှာပြင်ပြည့်အရသာကို ပိုမိုခံစားနိုင်မှာပါ။

Notch အတွင်းက ရှေ့ကင်မရာကတော့ 8MP ပဲ ဖြစ်ပါတယ်။ ကျောကင်မရာကလည်း A5 အတိုင်း 13+2MP နှစ်လုံးတွဲပါ။ လက်ဗွေရာဆန်ဆာကိုတော့ ဖုန်းရဲ့ ကျောဘက်မှာ တွေ့မြင်ရမှာပါ။

OPPO A5s ဟာ မျက်နှာပြင်ကြီးမားတာကြောင့် ဘက်ထရီ ကြာရှည်ခံစေဖို့အတွက် 4230 mAH ဘက်ထရီ ကြီးကြီး သုံးပေးထားပါတယ်။ Android 8.1 Oreo စနစ်အခြေခံ Color OS 5.2 နဲ့ အသုံးပြုနိုင်မှာပါ။ 2GB RAM နဲ့ 32GB Storage တမျိုးတည်း ထွက်ရှိမှာဖြစ်ပြီး၊ အနီနဲ့ အနက် အရောင်၂ ရောင် ထွက်ရှိထားပါတယ်။ OPPO A5s စမတ်ဖုန်းသစ်ရဲ့ ဈေးနှုန်းကတော့ မြန်မာငွေ၂၀၉,၉၀၀ ကျပ် ဖြစ်ပါတယ်။

Ref: OPPO Myanmar, GSM Arena

Did you find apk for android? You can find new Free Android Games and apps.
Loading