DJI က “Osmo Action” လို့ အမည်ပေးထားတဲ့ 4K Action Camera တလုံးကို မိတ်ဆက်လိုက်ပါတယ်။ DJI ရဲ့ ပထမဆုံး Action Camera ဖြစ်ပြီး၊ GoPro Hero 7 Black တို့ကို တိုက်ရိုက်ယှဉ်ပြိုင်မယ့် ကင်မရာဖြစ်ပါတယ်။
ကျောဘက်မှာ ကာလာ Display သုံးပြီး၊ ရှေ့ဘက်မှာ အဖြူအနက် Display ကိုပဲ သုံးထားတဲ့ GoPro မော်ဒယ်တွေနဲ့ မတူတာက Osmo Action မှာ ရှေ့ဘက် Display ကို ၁.၄ လက်မအရွယ် ကာလာအပြည့် LCD Display သုံးပေးထားပါတယ်။ ဗီဒီယိုတွေနဲ့ Self Portraits ပုံတွေ ရိုက်ကူးနိုင်မှာပါ။
ကျောဘက် Display ကတော့ ၂.၂၅ လက်မအရွယ် Touchscreen Display ဖြစ်ပါတယ်။ GoPro Hero 7 Black ထက် Touchscreen အနည်းငယ် ပိုကြီးပါတယ်။
Osmo Action မှာ 1/2.3″ 12MP CMOS Sensor ကို အသုံးပြုထားပြီး၊ 4K ဗီဒီယိုတွေကို 60fps, နဲ့ ရိုက်ကူးနိုင်ပါတယ်။ HDR တွေလည်း 30fps နဲ့ ရိုက်နိုင်မှာပါ။ Slow Motion ရိုက်မယ်ဆိုရင်တော့ 1080p ဒါမှမဟုတ် 720p ကို 240fps နဲ့ ရိုက်နိုင်မှာ ဖြစ်ပါတယ်။
ဗီဒီယိုတွေကို တည်ငြိမ်စွာ ရိုက်ကူးနိုင်ဖို့အတွက် DJI ရဲ့ RockSteady EIS စနစ်အသစ်လည်း ပါဝင်ပါတယ်။ 4K 60fps မှာတောင် EIS နဲ့ ရိုက်နိုင်မှာပါ။
ကင်မရာကိုယ်ထည်က ရေလုံပြီး၊ အပြင် ကိုယ်ထည်တခု ထပ်တပ်စရာ မလိုဘဲ ရေအောက် ၁၁ မီတာ အနက်အထိ ရိုက်ကူးနိုင်တယ်လို့ ဆိုပါတယ်။ အသံထိန်းချုပ်စနစ်၊ Wi-Fi, Bluetooth အကုန် ပါဝင်ပြီး၊ DJI ရဲ့ မိုဘိုင်း App ကနေလည်း ကင်မရာကို ထိန်းချုပ်နိုင်မှာပါ။
Osmo Action ကို DJI website မှာ ၃၄၉ ဒေါ်လာနဲ့ စတင်ဝယ်ယူနိုင်ပြီဖြစ်ကာ၊ ဖြန့်ဖြူးရောင်းချသူတွေထံ မေလ ၂၂ ရက်နေ့ ရောက်မယ်လို့ သိရပါတယ်။ ဒီမော်ဒယ်အတွက် ဆက်စပ်ပစ္စည်းတွေကိုလည်း တပါတည်း ထုတ်လုပ်ရောင်းချသွားမှာ ဖြစ်ပါတယ်။
Ref: GSM Arena, Tech Radar
You may also like these stories:
ဟွာဝေးအနေဖြင့် ထောက်လှမ်းရေး မလုပ်ကြောင်း အစိုးရများနှင့် လက်မှတ်ရေးထိုးလို
Xiaomi Mi A3 မှာ OLED Display နဲ့ မျက်နှာပြင်အောက် လက်ဗွေရာစနစ် ပါလာဖွယ်ရှိ
Vivo ရဲ့ ပထမဆုံး Gaming စမတ်ဖုန်းဖြစ်တဲ့ iQOO ကို မိတ်ဆက်
ကင်မရာ ခြောက်လုံးပါတဲ့ Samsung Galaxy S10 5G