• English
Saturday, July 19, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home စီးပွားရေး IT

Google အပြင် Intel နဲ့ Qualcomm တို့လည်း Huawei ကို ပိတ်ပင်

by Nigma
20 May 2019
in IT
A A
Huawei ကုမ္ပဏီ

Huawei ကုမ္ပဏီ

9.9k
VIEWS
Share on FacebookShare on Twitter

Google က Huawei ကို Android App နဲ့ Service တွေ အသုံးပြုခွင့် ပိတ်ပင်လိုက်ပြီးနောက်မှာ အခြား အမေရိကန် နည်းပညာ ကုမ္ပဏီကြီးတွေကလည်း Huawei ကို ပိတ်ပင်မှုတွေ ထပ်မံ လုပ်ဆောင်လိုက်ပါတယ်။

ကမ္ဘာ့အကြီးဆုံး Chipset ထုတ်လုပ်တဲ့ ကုမ္ပဏီကြီး ၃ ခုဖြစ်တဲ့ Intel၊ Qualcomm နဲ့ Broadcom တို့ကလည်း အမေရိကန်အစိုးရရဲ့ အမိန့်အတိုင်း Huawei ကုမ္ပဏီနဲ့ စီးပွားရေးလက်တွဲမှုတွေကို ချက်ချင်း ရပ်ဆိုင်းလိုက်တယ်လို့ Bloomberg သတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။

RelatedPosts

ဗိုလ်ချုပ်က စာနယ်ဇင်းသမားကို မပစ်ပယ်ဘူး

ဗိုလ်ချုပ်က စာနယ်ဇင်းသမားကို မပစ်ပယ်ဘူး

19 July 2025
262
အောင်လအန်ဆန်းနှင့် ဂျိုရွှာဗန်တို့က ပေးတဲ့ အမျိုးသားစည်းလုံးညီညွတ်မှု

အောင်လအန်ဆန်းနှင့် ဂျိုရွှာဗန်တို့က ပေးတဲ့ အမျိုးသားစည်းလုံးညီညွတ်မှု

16 July 2025
1.4k
NVIDIA က ကမ္ဘာ့ပထမဆုံး ဒေါ်လာ ၄ ထရီလျံ တန်ကြေးရှိ နည်းပညာ ကုမ္ပဏီ ဖြစ်လာ

NVIDIA က ကမ္ဘာ့ပထမဆုံး ဒေါ်လာ ၄ ထရီလျံ တန်ကြေးရှိ နည်းပညာ ကုမ္ပဏီ ဖြစ်လာ

13 July 2025
794

Huawei ထံ တင်ပို့ရောင်းချမှု ရပ်ဆိုင်းလိုက်တဲ့ ကုမ္ပဏီတွေထဲမှာ Memory Chips ထုတ်လုပ်တဲ့ အမေရိကန်အခြေစိုက် Micron Technology နဲ့ Western Digital တို့ အပြင် ဂျာမန် Chip ကုမ္ပဏီ Infineon Technlogies လည်း ပါဝင်တယ်လို့ Nikkei က ထပ်မံ ဖော်ပြထားပါတယ်။

Google က Huawei ရဲ့ Android အသုံးပြုခွင့်လိုင်စင်ကို ရုပ်သိမ်းလိုက်ပြီး၊ Google Play Store အပါအဝင် Google Play Service တွေ အသုံးပြုခွင့် ပိတ်ပင်ခဲ့အပြီးမှာ အခြား အမေရိကန်နည်းပညာကုမ္ပဏီကြီးတွေကလည်း အလားတူ ပိတ်ပင်မှုတွေ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ Android စမတ်ဖုန်းဈေးကွက်ထဲကနေ ထွက်ခွာရဖွယ်ရှိတဲ့ Huawei အနေနဲ့ Google ဝန်ဆောင်မှုတွေ မပါတဲ့ Android Open-Source Edition ကို သုံးရင်သုံး ဒါမှမဟုတ် ကိုယ်ပိုင် မိုဘိုင်း OS တခု ထုတ်ရမယ့် အခြေအနေ ဖြစ်လာနိုင်ပါတယ်။

Bloomberg သတင်းရင်းမြစ်တွေအရ ထပ်မံ ကြေညာချက် မပြုခင်အထိ Huawei နဲ့ ကုန်သွယ်မှု သဘောတူညီချက်တွေကို ရပ်ဆိုင်းထားရန် အမေရိကန် Chip ကုမ္ပဏီ အကြီးအကဲ အများအပြားကို အကြောင်းကြားထားတယ်လို့ သိရပါတယ်။

Intel ဟာ Huawei ကို ဆာဗာချစ်ပ်တွေနဲ့ Huawei လက်ပ်တော့တွေအတွက် Processors တွေ ထောက်ပံ့ပေးနေတဲ့ အဓိက ကုမ္ပဏီတခု ဖြစ်တာကြောင့် ယခု ပိတ်ပင်မှုက ကုမ္ပဏီ နှစ်ဖက်လုံးအတွက် ထိခိုက်မှု ရှိလာမှာပါ။ Qualcomm ကတော့ Modem အချို့နဲ့ Processors အချို့ကိုပဲ Huawei ဆီ ရောင်းချနေတာကြောင့် ထိခိုက်မှု ကြီးမားမှာ မဟုတ်ပါဘူး။

Huawei အနေနဲ့လည်း သူ့ဖုန်းတွေမှာ ကုမ္ပဏီကိုယ်တိုင်ထုတ် Chipset နဲ့ Modems တွေကို အဓိကထား သုံးနေတာကြောင့် ဖုန်းအတွက်ကတော့ ထိခိုက်မှု ကြီးမားဖွယ် မရှိပါဘူး။

Huawei ဘက်ကလည်း အခုလို အခြေအနေကို ကြိုသိတဲ့အတွက် အမေရိကန်ကုမ္ပဏီတွေကလည်း Chips တွေကို လွန်ခဲ့တဲ့ ၃ လအတွင်း ဝယ်ယူစုဆောင်းပြီး ဖြစ်တယ်လို့ နောက်ထပ် Bloomberg သတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။ ဒါ့အပြင် ယခုလို Android နဲ့ Windows စနစ်တွေ သုံးခွင့် မရတော့မယ့် အခြေအနေ ကြုံလာရင် အဆင်သင့်ဖြစ်စေဖို့အတွက် ကိုယ်ပိုင် OS တွေကို ရေးဆွဲထားပြီး ဖြစ်တယ်လို့ သိရပါတယ်။

Microsoft ဘက်ကတော့ Huawei လက်ပ်တော့တွေအတွက် Windows OS စနစ် ထောက်ပံ့ပေးဦးမှာလားဆိုတာ ထုတ်ဖော်ပြောကြားထားခြင်း မရှိသေးပါဘူး။ ဒါပေမယ့် အမေရိကန်အစိုးရ အမိန့်ကိုတော့ လိုက်နာရဖို့ များပါတယ်။ အမေရိကန်အစိုးရဟာ Huawei ကို ကန့်သတ်ပိတ်ပင်ဖို့ ကြိုးစားနေတာ အချိန်အတော်ကြာခဲ့ပြီ ဖြစ်ပါတယ်။ အမေရိကန်အစိုးရဌာနတွေမှာ Huawei ထုတ်ကုန်တွေ မကိုင်ဖို့ကိုလည်း တရားဝင် တားမြစ်ထားပါတယ်။

Huawei နဲ့ အမေရိကန်အစိုးရအကြားက ပြဿနာဟာ သမ္မတ ထရမ့် အစိုးရနဲ့ တရုတ်အစိုးရတို့အကြား အခြေအနေ ပိုမိုတင်းမာလာတဲ့ ကုန်သွယ်ရေးစစ်ပွဲကနေ ပေါက်ဖွားလာခဲ့တာ ဖြစ်ပါတယ်။ အမေရိကန်အစိုးရဟာ နှစ်နိုင်ငံအကြား ကုန်သွယ်မှုဆက်ဆံရေးကို ပြန်လည်ညှိနှိုင်းရန် ဆွေးနွေးမှုတွေ ဆက်လက် လုပ်ဆောင်လျက် ရှိပါတယ်။

Ref: The Verge

You may also like these stories:

Huawei ကို Android နှင့် Google အသုံးပြုခွင့် ပိတ်သိမ်း

ဗြိတိန် 5G ကွန်ရက် တည်ဆောက်ရာမှာ Huawei ပါဝင်ခွင့် ရရှိဟုဆို

Cloud Gaming နှင့် AI နည်းပညာအတွက် Microsoft နှင့် Sony တို့ ပူးပေါင်း

Audi နှင့် Huawei တို့ ပူးပေါင်းပြီး မောင်းသူမဲ့ကားနည်းပညာ ဖော်ဆောင်မည်

Your Thoughts …
Tags: GoogleHuaweiIntelQualcomm
Nigma

Nigma

Contributor

Similar Picks:

Browser အသစ်တခု ဖန်တီးပြီး Google ကို ယှဉ်ဖို့ ခြေလှမ်းလာတဲ့ OpenAI

Browser အသစ်တခု ဖန်တီးပြီး Google ကို ယှဉ်ဖို့ ခြေလှမ်းလာတဲ့ OpenAI

by ဧရာဝတီ
24 November 2024
1.4k

OpenAI က Google ရဲ့ အဓိက စီးပွားရေးမိတ်ဖက် ကုမ္ပဏီဖြစ်တဲ့ Samaung ရဲ့ ထုတ်ကုန်တွေမှာ AI (ဉာဏ်ရည်တု) လုပ်ဆောင်ချက်တွေ ထည့်သွင်းဖို့ ဆွေးနွေးခဲ့တယ် ဆိုပြီးလည်း…

အီလွန်မတ်စ် တက်စ်လာ ရဲ့ Robotaxi တွေကို ဆန်ဖရန်စစ္စကိုမှာ ၂ လ အတွင်း ဖြန့်မယ်တဲ့

အီလွန်မတ်စ် တက်စ်လာ ရဲ့ Robotaxi တွေကို ဆန်ဖရန်စစ္စကိုမှာ ၂ လ အတွင်း ဖြန့်မယ်တဲ့

by ဧရာဝတီ
12 July 2025
547

ပြိုင်ဆိုင်မှု ပြင်းထန်လာခြင်းနဲ့ အီလွန်မတ်စ်ရဲ့ လက်ယာစွန်း နိုင်ငံရေး အမြင်တွေကို ဆန့်ကျင်တဲ့ တုံ့ပြန်မှုတွေကြားမှာ ကျဆင်းသွားတဲ့ တက်စ်လာရဲ့ ရောင်းအားဟာ Robotaxi ရဲ့ အောင်မြင်ခြင်းအပေါ် မူတည်နေတယ် လို့လည်း…

အီလွန်မတ်စ် တက်စ်လာ က Robotaxi တွေကို ဇွန်လမှာ စမ်းသပ်တော့မယ်တဲ့

အီလွန်မတ်စ် တက်စ်လာ က Robotaxi တွေကို ဇွန်လမှာ စမ်းသပ်တော့မယ်တဲ့

by ဧရာဝတီ
24 May 2025
531

အော်စတင် မြို့ရဲ့ နေရာတချို့မှာ မောင်းသူမဲ့ ကား ၁၀ စီးခန့်ကို မောင်းနှင်စေမှာ ဖြစ်ပြီး နောက်လ အနည်းငယ် အတွင်း အစီးရေ ၁၀၀၀ ခန့်ထိ တိုးမြှင့်သွားမယ်လို့…

သမ္မတဟောင်း ဒေါ်နယ်ထရမ့်ကို ရဲတွေက ဖမ်းနေပုံအတုအား AI ဖြင့် ဖန်တီးထားသည့်ပုံ

အုတ်အော်သောင်းတင်းဖြစ်လာတဲ့ AI ကမ္ဘာ

by CWM
25 March 2023
19k

ပြီးခဲ့တဲ့လကတည်းက သိပ်မကြာတော့တဲ့ အနာဂတ်မှာ အခုပေါ်လာတဲ့ AI နည်းပညာကြောင့် ပြဿနာမျိုးစုံ ပေါ်လာတော့မယ်လို့ သတိပေးမှုတွေ ရှိခဲ့တယ်။

Google ၏ USM သည် ဘာသာစကား ၁၀၀ ကျော်ကို အလိုအလျောက် သိရှိသည်

Google က ဘာသာစကား ၁၀၀၀ သုံး AI တည်ဆောက်ရန် နီးစပ်လာ

by ဧရာဝတီ
9 March 2023
5.9k

ဉာဏ်ရည်တု (AI) နည်းပညာပြိုင်ပွဲတွင် မိုက်ခရိုဆော့ဖ်က အပေါ်စီးရနေခြင်းကို ပြောင်းလဲသွားစေရန် Google က လုပ်ဆောင်နေသည်။

သီချင်းစာသားတွေကို ဖော်ပြပေးနေတဲ့ Genuis.com

သီချင်းစာသားတွေကို Google က ကော်ပီကူးနေကြောင်း Genuis ဝက်ဘ်ဆိုဒ် စွပ်စွဲ

by Nigma
17 June 2019
6.3k

Google ကတော့ Search Result မှာပြတဲ့ သီချင်းစာသား အကြောင်းအရာတွေကို LyricFind Inc ဆိုတဲ့ ပြင်ပ ကုမ္ပဏီတခုကနေ လိုင်စင်နဲ့ ယူသုံးထားတာ ဖြစ်တယ်လို့ ဆိုပါတယ်။

Next Post
ဧရာဝတီ မြစ်ဆုံ / ဧရာဝတီ

မြစ်ဆုံစီမံကိန်း ကန့်ကွက်သည့် လက်မှတ်များကို တရုတ်သမ္မတထံ ပေးပို့မည်

သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သံတမန်ဖြစ်လာတဲ့ Nadia Sparks

တနိုင်တပိုင် အမှိုက်ကောက်ရာကနေ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သံတမန်ဖြစ်လာတဲ့ မိန်းကလေး

No Result
View All Result

Recommended

MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

3 days ago
3.7k
၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၅

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၅

4 days ago
3.5k

Most Read

  • အာဏာကို ဆက်ထိန်းရန် စစ်ခေါင်းဆောင်မင်းအောင်လှိုင် ပြင်ဆင်

    အာဏာကို ဆက်ထိန်းရန် စစ်ခေါင်းဆောင်မင်းအောင်လှိုင် ပြင်ဆင်

    shares
    Share 0 Tweet 0
  • နောင်ချိုကို ဘာကြောင့် လက်လွှတ်လိုက်ရလဲ

    shares
    Share 0 Tweet 0
  • တောင်ကိုရီးယားက မြန်မာသံရုံး ငွေကြေးအရှုပ်တော်ပုံ

    shares
    Share 0 Tweet 0
  • လေကြောင်းပစ်ကူဖြင့် ဆန်တက်လာသည့် စစ်သင်္ဘောများ စဉ့်ကူးရောက်

    shares
    Share 0 Tweet 0
  • ထိုင်းက အမေရိကန် ကုန်စည် ၉၀ ရာခိုင်နှုန်း အခွန် ကင်းလွတ်ခွင့် ပေးမယ်တဲ့

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate