IT

ကျောကင်မရာသုံးလုံးပါဝင်တဲ့ တန်ဖိုးနည်း Honor 20 Lite ကို မိတ်ဆက်

Want create site? Find Free WordPress Themes and plugins.

Huawei ရဲ့ အမှတ်တံဆိပ်ခွဲဖြစ်တဲ့ Honor က Honor 20 Series အသစ်ကို လန်ဒန်မြို့မှာ ယနေ့ မိတ်ဆက်ခဲ့ပါတယ်။ Honor 20၊ Honor 20 Pro နဲ့ Honor 20 Lite မော်ဒယ်သုံးမျိုး ရှိရာမှာ Honor 20 Lite က တန်ဖိုးအနည်းဆုံးနဲ့ အနိမ့်ဆုံးမော်ဒယ် ဖြစ်ပါတယ်။ တန်ဖိုးနည်းသလို ရှေ့မော်ဒယ်နှစ်လုံးနဲ့လည်း ကွာခြားမှု များပြားပါတယ်။

Honor 20 Lite မှာ ၆.၂၁ လက်မ အရွယ်ရှိတဲ့ FHD+ LCD မျက်နှာပြင်ကို အသုံးပြုထားပါတယ်။ ဒါပေမယ့် Honor 20 နဲ့ Honor 20 Pro တို့မှာ သုံးထားတဲ့ မျက်နှာပြင်အပေါက်ပါဒီဇိုင်း (Punch Hole Design) ကို အသုံးမပြုထားဘဲ ရေစက်ပုံစံ Notch ဒီဇိုင်းကိုပဲ အသုံးပြုထားပါတယ်။ Notch အတွင်းမှာ ရှိတဲ့ ရှေ့ကင်မရာကတော့ ညီနောင်မော်ဒယ်တွေနဲ့အတူတူ 32-megapixel ကင်မရာ ဖြစ်ပါတယ်။

Honor 20 Lite မှာ နောက်ထပ် အဓိကကွာခြားသွားတာက ကျောကင်မရာပါ။ Honor 20 နဲ့ 20 Pro မှာ စုစုပေါင်း ကျောကင်မရာလေးလုံး ပါဝင်ပေမယ့်၊ Honor 20 Lite မှာတော့ သုံးလုံးပဲ ပါဝင်ပါတယ်။ ဒါပေမယ့် တန်ဖိုးနည်းဖုန်းတလုံးအနေနဲ့ ကြည့်ရင် ကျောကင်မရာသုံးလုံးအထိ ပါဝင်တာကိုက စွဲမက်စရာ ကောင်းပါတယ်။

ကျောကင်မရာသုံးလုံးမှာ အဓိကကင်မရာက 24MP sensor, ဒုတိယကင်မရာက မြင်ကွင်းကျယ် 8MP sensor နဲ့ တတိယအလုံးက 2MP Depth sensor ဖြစ်ပါတယ်။ မြင်ကွင်းကျယ်ကင်မရာက ၁၂၀ ဒီဂရီအထိ ရိုက်ကူးပေးနိုင်ပါတယ်။

နောက်ထပ်ကွာသွားတာကတော့ လက်ဗွေရာဆန်ဆာကို အရင်အတိုင်း ကျောဘက်မှာ ထည့်သွင်းထားတာ ဖြစ်ပါတယ်။ ပြီးတော့ USB Type-C အစား micro-USB အပေါက် ဖြစ်သွားပါတယ်။ Honor 20 နဲ့ Honor 20 Pro မှာ နားကြပ်ပေါက်မပါဝင်ပေမယ့် Honor 20 Lite မှာတော့ နားကြပ်ပေါက် ဆက်လက်ပါဝင်လာပါတယ်။ 3,400mAh ဘက်ထရီ ဖြစ်သွားသလို၊ အားအမြန်သွင်းစနစ်လည်း မပါလာတော့ပါဘူး။

Honor 20 Lite မှာ Kirin 710 Chipset ကို အသုံးပြုထားပြီး၊ 4GB RAM နဲ့ 128GB Storage တို့ ပါဝင်မှာ ဖြစ်ပါတယ်။ microSD ကတ် ထပ်စိုက်နိုင်မှာပါ။ Android 9 Pie အခြေခံ EMUI 9.0 စနစ်နဲ့ ဖြစ်ပါတယ်။ Honor 20 နဲ့ Honor 20 Pro မှာတော့ Magic UI နဲ့ ဖြစ်ပါတယ်။

Honor 20 Lite ဖုန်းကိုတော့ ဗြိတိန်မှာ မေလ ၁၅ ရက်နေ့ စတင်ရောင်းချသွားမှာ ဖြစ်ပါတယ်။ တန်ဖိုးကတော့ ၂၄၉ ယူရို (၂၇၉ ဒေါ်လာ) ပါ။ Phantom Red၊ Phantom Blue နဲ့ Midnight Black ဆိုပြီး အရောင်သုံးမျိုး ရွေးချယ်ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။

Ref: Android Authority, Gadgets 360

You may also like these stories:

အပေါက်ဖောက်မျက်နှာပြင်ဒီဇိုင်း အသုံးပြုထားတဲ့ Honor 20 Pro နဲ့ Honor 20 ကို မိတ်ဆက်

Honor 20 Series အသစ်ကို ဈေးကွက်တွင်း မကြာမီ မိတ်ဆက်မည်

ပြည်တွင်းဈေးကွက်ကို ဝင်ရောက်လာတဲ့ OPPO R17 Pro စမတ်ဖုန်း

Did you find apk for android? You can find new Free Android Games and apps.
Loading