OPPO က ဖုန်းမော်ဒယ်သစ် K3 ကို ကြာသပတေးနေ့က တရုတ်နိုင်ငံမှာ စတင်မိတ်ဆက်လိုက်ပါတယ်။ ယခုခေတ်စားနေတဲ့ Pop-up ရှေ့ကင်မရာ၊ မျက်နှာပြင်အောက် လက်ဗွေရာဆန်ဆာတို့ ပါဝင်ပြီး၊ ဒေါ်လာ ၂၃၀ နဲ့ ရောင်းချသွားမယ့် တန်ဖိုးသင့်ဖုန်းတလုံး ဖြစ်ပါတယ်။
တန်ဖိုးသင့်ဖုန်းဆိုပေမယ့် OPPO K3 မှာ Samsung ရဲ့ AMOLED Display၊ စွမ်းဆောင်ရည်မြင့် Snapdragon 710 SoC တို့ ပါဝင်သလို၊ VOOC 3.0 အားအမြန်သွင်းစနစ်၊ GameBoost 2.0 စတဲ့ လုပ်ဆောင်ချက်တွေလည်း ပါဝင်ပါတယ်။ Storage ကိုလည်း အမြင့်ဆုံး 256GB အထိ ရရှိမှာပါ။
OPPO ဟာ K3 ဖုန်းနဲ့အတူ VOOC Flash Charge အားအမြန်သွင်းနည်းပညာပါဝင်တဲ့ Power Bank နဲ့ Car Charger တို့ကိုလည်း မိတ်ဆက်သွားခဲ့ပါတယ်။
K3 မှာ ၆.၅ လက်မအကျယ်ရှိတဲ့ AMOLED Display ကို အသုံးပြုထားပြီး၊ ရှေ့ကင်မရာကို မော်တာတပ်စနစ်နဲ့ ကိုယ်ထည်တွင်းမှာ ထည့်သွင်းထားတာကြောင့် မျက်နှာပြင်မှာ Notch ဆိုလို့ ပါဝင်မှာ မဟုတ်ပါဘူး။
ရှေ့ကင်မရာက 16MP ဖြစ်ပြီး၊ ကျောကင်မရာကတော့ 16MP+2MP နှစ်လုံးတွဲ ဖြစ်ပါတယ်။ 3,765mAh ဘက်ထရီနဲ့ ဖြစ်ပြီး၊ OPPO ရဲ့ ကိုယ်ပိုင်အားအမြန်သွင်းနည်းပညာ VOOC 3.0 လည်း ပါဝင်ပါတယ်။ Nebula Purple နဲ့ Secret Black ဆိုပြီး နှစ်ရောင် ထုတ်လုပ်ရောင်းချသွားမှာပါ။ Secret Black ဆိုပေမယ့် ကိုယ်ထည်အရောင်က အစိမ်းရောင်ဖြစ်ပါတယ်။ အဖြူရောင် ဒါမှမဟုတ် ပန်းရောင် တမျိုးလည်း ထုတ်ဖို့ ရှိတယ်လို့ သိရပါတယ်။
OPPO K3 6GB+64GB မော်ဒယ်ကို ၁,၅၉၉ ယွမ် (၂၄၀ ဒေါ်လာခန့်)၊ 8GB+128GB မော်ဒယ်ကို ၁,၈၉၉ ယွမ် (၂၇၅ ဒေါ်လာခန့်) နဲ့ အမြင့်ဆုံး 8GB+256GB ကို (၃၃၀ ဒေါ်လာခန့်) နဲ့ ရောင်းချသွားမှာ ဖြစ်ပါတယ်။ ယနေ့ကစ ကြိုတင်အော်ဒါမှာယူနိုင်ပြီး၊ ဇွန်လ ၁ ရက်နေ့မှာ စတင်ရောင်းချသွားမှာ ဖြစ်ပါတယ်။ ပထမဆုံးမှာသူ အယောက် ၁၀၀ ကို ၁၅ ဒေါ်လာ ဈေးလျော့ပေးသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
Ref: Gadgets 360, GSM Arena
You may also like these stories:
Redmi Y3 နှင့် Redmi 7 ဖုန်းနှစ်မျိုးကို အိန္ဒိယတွင် မိတ်ဆက်
အပေါက်ဖောက်မျက်နှာပြင်ဒီဇိုင်း အသုံးပြုထားတဲ့ Honor 20 Pro နဲ့ Honor 20 ကို မိတ်ဆက်
အပေါ်လှန်တက်လာမယ့် ကင်မရာဒီဇိုင်းနဲ့ ASUS ZenFone 6 ကို မိတ်ဆက်
ရှည်လျားတဲ့ မျက်နှာပြင်နဲ့ One Vision စမတ်ဖုန်းကို Motorola