Xiaomi ရဲ့ Redmi အမှတ်တံဆိပ်က တန်ဖိုးနည်းဖုန်းမော်ဒယ်သစ် Redmi 7A ကို မိတ်ဆက်လိုက်ပါတယ်။ Redmi 7 ဖုန်းစီးရီးမှာ ဈေးအနည်းဆုံးဖုန်း ဖြစ်လာမှာပါ။ မနှစ်က မိတ်ဆက်ခဲ့တဲ့ Redmi 6A ဖုန်းရဲ့ မျိုးဆက်သစ်မော်ဒယ်လည်း ဖြစ်ပါတယ်။
Redmi 7A မှာ Qualcomm ရဲ့ octa-core Snapdragn 439 Chipset ကို အသုံးပြုထားပြီး၊ Redmi 6A မှာ သုံးခဲ့တဲ့ MediaTek Helio A22 ထက် စွမ်းဆောင်ရည် ၂၆ ရာခိုင်နှုန်း ပိုကောင်းလာတယ်လို့ ဆိုပါတယ်။ ၅.၄၅ လက်မအရွယ် HD+ Display ကို အသုံးပြုထားပြီး၊ 6A ရဲ့ Display ထက် တုံ့ပြန်နိုင်စွမ်း ပိုကောင်းလာပြီး မျက်လုံးညောင်းညာကိုက်ခဲစေတဲ့ Blue-light စစ်ထုတ်မှုလည်း ပိုကောင်းလာတယ်လို့ ဆိုပါတယ်။
ဓာတ်ပုံအရ Redmi 7A ရဲ့ ကျောဘက်ကိုယ်ထည်ကို ပိုလီကာဘွန်နိတ်ပလတ်စတစ်တဲ့ ပြုလုပ်ထားပြီး၊ မနှစ်က Redmi 6A ထက် ဒီဇိုင်းပိုရှင်းလင်း သပ်ရပ်သွားပါတယ်။ ကျောဘက်ကိုယ်ထည်ကို ရေနဲ့ အဆီတွေ မတင်နိုင်တဲ့ P2i အလွှာသုတ်ပေးထားပြီး၊ ရေဖိတ်စင်မှုလောက်ကို ခံနိုင်ရည်ရှိပါတယ်။ စိတ်မကောင်းစရာတခုကတော့ အရင်နှစ်မော်ဒယ်အတိုင်း လက်ဗွေရာဆန်ဆာ မပါလာတာပါ။
ကင်မရာပိုင်းအနေနဲ့လည်း Redmi 7A မှာ သိသာတဲ့ပြောင်းလဲမှုမျိုး မပါလာပါဘူး။ 13MP ကျောကင်မရာတလုံး၊ LED ဖလက်ရှ်မီးတခုနဲ့ ပဲ ဖြစ်ပြီး၊ ဓာတ်ပုံပိုကောင်းဖို့အတွက် AI လုပ်ဆောင်ချက်တွေ ပါတယ်လို့ ဆိုပါတယ်။ ရှေ့ကင်မရာကတော့ 5MP ပါ။ ရှေ့ကင်မရာမှာ AI နည်းပညာသုံး Face Unlock စနစ်အပြင် AI အလှထည့်လုပ်ဆောင်ချက်တွေနဲ့ နောက်ခံဝါးတဲ့ Effect တွေ ပါမယ်လို့တော့ ဆိုပါတယ်။
Redmi 7A မှာ 4,000mAh ဘက်ထရီ သုံးပေးထားပြီး၊ Redmi 6A ထက် ၃၃ ရာခိုင်နှုန်း ပိုကြီးလာပါတယ်။ ဒါ့အပြင် အရင်ဖုန်းတွေတုန်းက ဗူးထဲပါတဲ့ အားသွင်းခေါင်းကို 5W ခေါင်းပဲ ပေးထားရာကနေ အခုမော်ဒယ်မှာ 10W ခေါင်း ပြောင်းပေးမယ်လို့ သိရပါတယ်။
Redmi 7A ဖုန်းကို အနက်နဲ့ အပြာ အရောင်နှစ်မျိုး ထုတ်လုပ်သွားမှာ ဖြစ်ပါတယ်။ 2GB RAM နဲ့ 16GB မော်ဒယ်အပြင် 3GB RAM နဲ့ 32GB မော်ဒယ်လည်း ထုတ်ပေးမှာပါ။ microSD ကတ်လည်း 256GB အထိ စိုက်နိုင်မှာ ဖြစ်ပါတယ်။ Android 9.0 Pie စနစ်နဲ့ ထွက်ရှိလာမှာပါ။
Redmi 7A ဖုန်းရဲ့ ဈေးနှုန်းနဲ့ ဝယ်ယူရရှိနိုင်မယ့် နေ့ရက်တို့ကိုတော့ မေလ ၂၈ ရက်နေ့မှာ Redmi K20 ဖုန်း မိတ်ဆက်ရင်းနဲ့ ကြေညာသွားမှာ ဖြစ်ပါတယ်။ အရင် Redmi 6A မော်ဒယ်တုန်းက ဒေါ်လာ ၁၀၀ အတိနဲ့ စရောင်းချခဲ့တာကြောင့် ဒီဖုန်းကလည်း ဒေါ်လာ ၁၀၀ ပတ်ချာလည်ပဲ ရှိလောက်ပါတယ်။
Ref: GSM Arena, XDA Developers
You may also like these stories:
U.S မှာ စတင်ရောင်းချသွားမယ့် Sony ရဲ့ ခွေးစက်ရုပ် ‘Aibo’
Game of Thrones ရိုက်ကွင်းပေါ်က လူတွေသိပ်မသိကြသေးတဲ့ ဖြစ်ရပ်များ
“ဧည့်သည်” ဇာတ်ကားမှာ ဧည့်သည် သရုပ်ဆောင်အဖြစ် ပါဝင်ထားတဲ့ ဖြိုးငွေစိုး
DJI ရဲ့ ပထမဆုံး Action Camera “Osmos Action”