IT

ဖုန်းအတွင်းမှာ ပန်ကာပါဝင်တဲ့ Nubia Red Magic 3 ကို ကမ္ဘာ့ဈေးကွက်တွင် ဝယ်ယူနိုင်ပြီ

Want create site? Find Free WordPress Themes and plugins.

တရုတ်နိုင်ငံမှာ ပြီးခဲ့တဲ့ ဧပြီလက စတင်မိတ်ဆက်ခဲ့တဲ့ Nubia Red Magic 3 စမတ်ဖုန်းကို ယခုအခါ မြောက်အမေရိက၊ ဥရောပနဲ့ အချို့ အာရှဈေးကွက်တွေမှာ စတင်ဝယ်ယူနိုင်ပြီ ဖြစ်ပါတယ်။ Red Magic 3 ဟာ ယမန်နှစ်က ထွက်ရှိခဲ့တဲ့ Red Magic 2 ဖုန်းရဲ့ မျိုးဆက်သစ် မော်ဒယ်ဖြစ်ပါတယ်။

Red Magic 3 ဖုန်းမှာ စိတ်ဝင်စားစရာအကောင်းဆုံး နည်းပညာက ဖုန်းတွင်းမှာ “မြန်နှုန်းမြင့်ပန်ကာ” တလုံး ပါဝင်တာပါ။ ပန်ကာပါတဲ့ ပထမဆုံး စမတ်ဖုန်းဖြစ်တယ်လို့ Nubia က ပြောထားပါတယ်။ ပန်ကာနဲ့ Liquid Cooling နည်းပညာက ဖုန်းရဲ့ အမြင့်ဆုံးစွမ်းဆောင်ရည်ကို အချိန်ကြာကြာ ရရှိအသုံးပြုနိုင်အောင် စွမ်းဆောင်ပေးနိုင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

Red Magic 3 မှာ နောက်ထပ်အကြီးမားဆုံး ပြောင်းလဲမှုတခုကတော့ မျက်နှာပြင်ဖြစ်ပါတယ်။ 90Hz Refresh Rate ရှိတဲ့ ၆.၆၅ လက်မ အကျယ်ရှိတဲ့ FHD+ အရည်အသွေးရှိ AMOLED Display ကို အသုံးပြုထားပါတယ်။ အရင်မော်ဒယ်က LCD Display ထက် ပိုမိုကောင်းမွန်သွားမှာ ဖြစ်သလို၊ Refresh rate မြင့်မားတာကြောင့် ဖုန်းသာမန်အသုံးပြုတဲ့အခါမှာကော၊ ဂိမ်းကစားတဲ့အခါမှာပါ ညက်ညောချောမွေ့တဲ့ အမြင်ခံစားမှုကို ပေးစွမ်းနိုင်မှာ ဖြစ်ပါတယ်။

Red Magic 3 မှာ ကျောကင်မရာကို 48MP ကင်မရာတလုံးတည်း အသုံးပြုထားပြီး၊ ကျောဘက်မှာ RGB အလင်းရောင်ဖော်ပြနိုင်တဲ့ ဒေါင်လိုက် မျဉ်းကြောင်းတခုလည်း ပါရှိပါတယ်။ ရှေ့ကင်မရာကတော့ 16MP ပါ။ နားကြပ်ထိုးဖို့ ဂျက်ပင်ပေါက်လည်း ပါဝင်ပါသေးတယ်။

လက်ဗွေရာဆန်ဆာကိုတော့ ကျောဘက်မှာပဲ တွေ့မြင်ရမှာပါ။ ဖုန်းရဲ့ ညာဘက်အခြမ်းမှာ အချို့ဂိမ်းတွေကို ထိန်းချုပ်ကစားနိုင်တဲ့ ခလုတ်တွေလည်း ပါဝင်ပါတယ်။ ဘယ်ဘက်မှာတော့ ဖုန်းရဲ့ ဂိမ်းသီးသန့် Launcher ဖြစ်တဲ့ Game Space ကို ဖွင့်နိုင်တဲ့ ခလုတ်တခု ပါဝင်ပါတယ်။

ဂိမ်းမင်း စမတ်ဖုန်းဖြစ်တာနဲ့အညီ လက်ရှိစွမ်းဆောင်ရည်အမြင့်ဆုံး မိုဘိုင်း ချစ်ပ်ဖြစ်တဲ့ Snapdragon 855 ကို အသုံးပြုထားပြီး၊ 8GB RAM နဲ့ 128GB Storage မော်ဒယ်၊ 12GB RAM နဲ့ 256GB Storage မော်ဒယ်နှစ်မျိုး ထုတ်သွားမှာပါ။ 5,000mAh ဘက်ထရီကြီးကြီး သုံးပေးထားသလို၊ 18W အားအမြန်သွင်းစနစ်လည်း ပါဝင်ပါတယ်။ Android 9 Pie စနစ်နဲ့ အသုံးပြုနိုင်မှာပါ။

Nubia Red Magic 3 အနိမ့်ဆုံးမော်ဒယ်ကို အမေရိကန်မှာ ၄၇၉ ဒေါ်လာ၊ ဥရောပမှာ ၄၇၉ ယူရို၊ ဗြိတိန်မှာ ၄၁၉ ပေါင် ဈေးနှုန်းအသီးသီးနဲ့ ရောင်းချသွားမှာ ဖြစ်ပါတယ်။ သြစတြေးလျ၊ ဟောင်ကောင်၊ အစ္စရေး၊ ဂျပန်၊ စင်ကာပူ၊ အင်ဒိုနီးရှား၊ ထိုင်ဝမ်နဲ့ မက္ကာအို နိုင်ငံတွေမှာလည်း ရောင်းချသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ အိန္ဒိယကိုတော့ ဇွန်လလယ်လောက်မှာ ဝင်လာမှာပါ။

Ref: Android Authority, XDA Developers

You may also like these stories:

Infinity-O Display အသုံးပြုထားတဲ့ Samsung Galaxy S10 စီးရီးကို တရားဝင် မိတ်ဆက်

ထွက်ခဲ့ဖူးသမျှ အထူးဆန်းဆုံး Android ဖုန်း ၅ မျိုး

LG G8 မှာ ဖုန်းကို လက်ပြ ဖွင့်နိုင်တဲ့ “Hand ID” ပါဝင်လာ

ရှည်လျားတဲ့ မျက်နှာပြင်နဲ့ One Vision စမတ်ဖုန်းကို Motorola

Did you find apk for android? You can find new Free Android Games and apps.
Loading