သားရေ အုပ်ထားတဲ့ လက်ပ်တော့တလုံးကို အောင်မြင်စွာ စမ်းသပ်ထုတ်လုပ်အပြီးမှာ HP က သစ်သားနဲ့ လက်ပ်တော့စီးရီး အသစ်တမျိုးကို ထပ်မံ ထုတ်လုပ်လိုက်ပါတယ်။
HP ရဲ့ Envy Wood စီးရီးအသစ်ဟာ သစ်သားတခုလုံးကို ထွင်းပြီး ကိုယ်ထည်အဖြစ် ထုတ်လုပ်ထားတာတော့ မဟုတ်ပါဘူး။ လက်ပ်တော့ရဲ့ Trackpad နဲ့ လက်ဖမိုး တင်တဲ့ အစိတ်အပိုင်းမှာပဲ သီးသန့် ဒီဇိုင်းဖော်ထားတဲ့ သစ်သားအစစ်ကို မြှုပ်ထည့်ပေးထားတာပါ။
သစ်သားနဲ့ ဝယ်ယူနိုင်တဲ့ မော်ဒယ်တွေကတော့ Envy 13, Envy 17, Envy x360 14 နဲ့ Envy x360 15 မော်ဒယ်တွေ ဖြစ်ပါတယ်။ ဒီမော်ဒယ်တွေမှာ နောက်ဆုံးပေါ် Intel Core processors ဒါမှမဟုတ် 2nd-Gen AMD Ryzen Processor တွေ ပါဝင်လာတာကလွဲရင် ကျန်တာအားလုံးက အရင်က ထုတ်ထားတဲ့ သတ္တုဗားရှင်း မော်ဒယ်တွေနဲ့ အတူတူပါပဲ။
သစ်သားအရောင်ကို Nightfall Black with Natural Walnut , Ceremic White with White Bircch နဲ့ Natural Silver with Pale Birch ဆိုပြီး ၃ ရောင် ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။ အားလုံးထဲမှာ Natural Walnut ကတော့ သစ်သားမှန်း ပိုသိသာပါတယ်။ လက်ပ်တော့ တလုံးချင်းစီအလိုက် သစ်သားပုံစံကွက်လည်း ကွာခြားသွားမှာဖြစ်တယ်လို့ HP က ဆိုပါတယ်။
HP Envy Wood စီးရီးကို ယခုနှစ် ဆောင်းဦးပေါက်မှာ စတင် ရောင်းချသွားမှာ ဖြစ်ပါတယ်။ ဈေးနှုန်းကိုတော့ ထွက်ခါနီးရင် ထပ်မံကြေညာသွားမှာပါ။
Ref: The Verge, Mashable
You may also like these stories
တရုတ်အစိုးရက Apple ကို လက်တုံ့ပြန်ပါက သူအရင် ဆန္ဒပြမှာဖြစ်ကြောင်း Huawei CEO ပြောကြား
ပရိသတ်တွေကို အားရကျေနပ်စေခဲ့တဲ့ Aladdin ရုပ်ရှင်
သိပ္ပံရုပ်ရှင် ဇာတ်ကားသစ်မှာ ပါဝင်ဖို့ လက်ခံလိုက်တဲ့ ဆောင်ဂျွန်ကီနဲ့ ကင်တေးရီ
သက်တမ်းလွန်အလှကုန်တွေကို ဆက်သုံးမိနေဦးမယ်ဆိုရင်