IT

Redmi K20 နဲ့ Redmi K20 Pro တို့ကို တရားဝင် မိတ်ဆက်

Want create site? Find Free WordPress Themes and plugins.

Redmi ဖုန်းပရိတ်သတ်တွေ မျှော်လင့်စောင့်စားနေတဲ့ Redmi K20 နဲ့ Redmi K20 Pro တို့ကို ယနေ့ တရားဝင် မိတ်ဆက်လိုက်ပြီ ဖြစ်ပါတယ်။ ယခု K စီးရီးအသစ်ဟာ Xiaomi ကနေ ခွဲထွက်ထားတဲ့ Redmi ရဲ့ ပထမဆုံး Flagship ဖုန်းတွေ ဖြစ်ပါတယ်။ အဆင့်မြင့် စွမ်းဆောင်ရည်၊ ကောင်းမွန်တဲ့ Specs တွေကို သက်သာတဲ့ ဈေးနှုန်းနဲ့ ရရှိနိုင်မှာပါ။

ဒီမော်ဒယ် နှစ်မျိုးထဲမှာ Pro မော်ဒယ်က ကုမ္ပဏီက ကြွေးကြော်ထားတဲ့အတိုင်း “Flagship Killer” လို့ ဆိုနိုင်တဲ့ မော်ဒယ်ပါ။ FullHD+ ရုပ်ထွက်အရည်အသွေးရှိတဲ့ ၆.၃၉ လက်မအရွယ် AMOLED Display ကို အသုံးပြုထားပြီး၊ အလင်းတောက်ပမှု 600-nit အထိ ရှိပါတယ်။ ဖုန်းကိုယ်ထည်အတွင်းက ထွက်လာမယ့် မော်တာတပ် ရှေ့ကင်မရာဒီဇိုင်းကို အသုံးပြုထားတာကြောင့် ဖုန်းရှေ့မျက်နှာပြင်မှာ ဘာ Notch မှ ပါလာမှာ မဟုတ်ပါဘူး။ ဖန်သားပြင်က လုံးဝကိုယ်ထည်အပြည့် ဖြစ်နေမှာပါ။

Redmi K20 Pro ကိုယ်ထည်ကို 3D အကွေးဒီဇိုင်းနဲ့ ထုတ်လုပ်ထားပြီး၊ အနက်ရောင်မော်ဒယ်က အစင်းကြောင်းဒီဇိုင်းနဲ့ ဖြစ်ပါတယ်။ အပြာနဲ့ အနီရောင်မော်ဒယ်တွေကတော့ မီးတောက်ပုံစံ ဒီဇိုင်းနဲ့ပါ။ ဖုန်းကိုယ်ထည်က ၈.၈ မီလီမီတာ အထူ ရှိပြီး၊ အတွင်းမှာတော့ မော်ဒယ်မြင့်ဖုန်းတွေအတိုင်း Snapdragon 855 Chipset ကို အသုံးပြုထားပါတယ်။

RAM ကို 6GB နဲ့ 8GB နှစ်မျိုး ရွေးချယ်နိုင်မှာ ဖြစ်သလို၊ Storage ကိုလည်း 64GB, 128GB နဲ့ 256GB ဆိုပြီး ထပ်မံရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။ USB-C, 3.5mm နားကြပ်ပေါက်တို့လည်း ပါဝင်ပါတယ်။ ဖုန်းကို အေးမြနေစေဖို့အတွက် ဂရပ်ဖိုက်အလွှာ ၈ လွှာ အသုံးပြုပေးထားတယ်လို့ ကုမ္ပဏီက ဆိုပါတယ်။

ဖုန်းရဲ့ ကျောဘက်မှာတော့ ကင်မရာ ၃ လုံးပါဝင်ပြီး၊ အဓိကကင်မရာက Sony ရဲ့ IMX586 ဆန်ဆာသုံး 48MP ကင်မရာ၊ ဒုတိယအလုံးက ၁၂၄.၈ ဒီဂရီမြင်ကွင်းကျယ် ရိုက်ကူးနိုင်တဲ့ 13MP ကင်မရာနဲ့ တတိယအလုံးက 8MP Telephoto ကင်မရာတို့ ဖြစ်ပါတယ်။ ရှေ့က မော်တာတပ် ကင်မရာ အစိတ်အပိုင်းအတွင်းမှာတော့ 20MP selfie ကင်မရာကို အသုံးပြုပေးထားပါတယ်။

Redmi K20 Pro မှာ 8th-gen မျက်နှာပြင်အောက် လက်ဗွေရာဆန်ဆာကို အသုံးပြုထားပြီး၊ လက်ဗွေရာ သိနိုင်တဲ့ မျက်နှာပြင် အကျယ်အဝန်း ၁၅ ရာခိုင်နှုန်း ပိုကြီးလာပါတယ်။ အရင်ဆန်ဆာထက် ပိုမြန်သလို၊ ပိုမို တိကျမှုလည်း ရှိမှာပါ။

4,000mAh ဘက်ထရီနဲ့ ဖြစ်ပြီး၊ Xiaomi Mi 9 နဲ့ Xiaomi Black Shark 2 တွေမှာ အသုံးပြုခဲ့တဲ့ 27W အားအမြန်သွင်းစနစ်လည်း ပါဝင်မှာပါ။ ဘက်ထရီအား ၀ ကနေ ၅၈ ရာခိုင်နှုန်းကို နာရီဝက်အတွင်း မြန်ဆန်စွာ အားသွင်းပေးနိုင်ပါတယ်။

Redmi K20 Pro ကို Flame Red, Glacier Blue နဲ့ Carbon Fiber Black သုံးရောင် ရောင်းချသွားမှာ ဖြစ်ပြီး၊ ဈေးနှုန်းတွေကတော့ (6/64GB) ကို ၃၆၀ ဒေါ်လာ၊ (6/128GB) ကို ၃၇၇ ဒေါ်လာ၊ (8/128GB) ကို ၄၀၅ ဒေါ်လာ၊ (8/256GB) ကို ၄၃၄ ဒေါ်လာခန့် အသီးသီး သတ်မှတ်ထားပါတယ်။

Redmi K20

Redmi K20 ကလည်း Redmi K20 Pro နဲ့ ဒီဇိုင်းပိုင်း အကုန်နီးပါး တူညီပါတယ်။ ဒါပေမယ့် Chipset က Snapdragon 730 ဖြစ်သွားပြီး၊ ဘက်ထရီပမာဏချင်း တူညီပေမယ့် အားအမြန်သွင်းစနစ်က 18W အား ဖြစ်သွားပါတယ်။

Redmi K20 ကိုတော့ (6/64GB) မော်ဒယ်ကို ၁,၉၉၉ ယွမ် (၂၉၀ ဒေါ်လာခန့်) နဲ့ (6/128GB) မော်ဒယ်ကို ၂,၀၉၉ ယွမ် (၃၀၀ ဒေါ်လာခန့်) နဲ့ ရောင်းချသွားမှာ ဖြစ်ပါတယ်။

Redmi K20 နဲ့ K20 Pro တို့ကို တရုတ်နိုင်ငံအတွင်းမှာ ဇွန်လ ၁ ရက်နေ့ကနေ စတင်ရောင်းချသွားမှာပါ။

Ref: Android Beat, GSM Arena

You may also like these stories:

တကိုယ်လုံး 3D Scan ဖတ်ခွင့်ပေးရင် ၂၅ ဒေါ်လာတန် လက်ဆောင်ကတ်ပေးမယ်လို့ Amazon ကြေညာ

ရေငုပ်သင်္ဘော ငှားစီးနိုင်တဲ့ ‘scUber’ ဝန်ဆောင်မှုကို Uber မိတ်ဆက်

သရက်သီးစားသုံးခြင်းကနေ ရရှိနိုင်မယ့် ကျန်းမာရေးကောင်းကျိုးများ

သမိုင်းထဲက မေယု စစ်သင်္ဘောကြီး

Did you find apk for android? You can find new Free Android Games and apps.
Loading