Xiaomi ရဲ့ အမှတ်တံဆိပ်ခွဲ တခုဖြစ်တဲ့ Redmi က RedmiBook 14 ဆိုတဲ့ တန်ဖိုးနည်း လက်ပ်တော့တလုံးကို မိတ်ဆက်လိုက်ပါတယ်။ Redmi အမှတ်တံဆိပ်နဲ့ ထုတ်တဲ့ ပထမဆုံး လက်ပ်တော့ပါ။
တန်ဖိုးနည်းဖုန်းတွေ ထုတ်လုပ်ရောင်းချနေတဲ့ Redmi ဟာ ပထမဆုံး လက်ပ်တော့ကိုလည်း တန်ဖိုးနည်းဈေးကွက်အတွက် ဦးတည် ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ ၅၈၀ ဒေါ်လာနဲ့ ရောင်းချသွားမှာ ဖြစ်ပြီး၊ 8th Gen Intel Core i5CPU, 256GB SSD နဲ့ 4GB RAM တို့ ပါဝင်မှာပါ။ 512GB SSD နဲ့ လိုချင်ရင်တော့ နောက်ထပ် ဒေါ်လာ ၄၀ လောက်ပိုပေးရမှာဖြစ်ပါတယ်။ အမြင့်ဆုံး Core i7 CPU, 512GB SSD နဲ့ 8GB RAM မော်ဒယ်ဆိုရင်တော့ ၇၂၅ ဒေါ်လာပါ။
RedmiBook 14 ရဲ့ အဓိကဆွဲဆောင်ချက်ကတော့ Nvidia ရဲ့ GeForce MX250 GPU ပါဝင်လာတာပါ။ စွမ်းဆောင်ရည်နိမ့် GPU ဖြစ်ပေမယ့် သူ့ဈေးနဲ့ဆိုရင် ကောင်းတယ်လို့ ဆိုနိုင်ပါတယ်။ USB 3.0 နှစ်ပေါက်၊ USB 2.0 တပေါက်၊ HDMI တပေါက်၊ 3.5mm ဂျက်ပင်ပေါက်နဲ့ Wi-Fi ac တို့ ပါဝင်ပါတယ်။
တန်ဖိုးနည်း လက်ပ်တော့ဆိုပေမယ့် RedmiBook 14 ကို အလူမီနီယမ် သတ္တုကိုယ်ထည်နဲ့ ထုတ်လုပ်ထားပြီး၊ ၁၄.၁ လက်မအရွယ် Full HD Display လည်း ပါဝင်ပါတယ်။ ငွေရောင်တမျိုးတည်း ရရှိမှာ ဖြစ်ပြီး၊ MacBook နဲ့ တော်တော်ဆင်တူပါတယ်။ အလေးချိန် ၃.၃ ပေါင်ရှိကာ၊ ကီးဘုတ်အောက်မှာ လက်ပ်တော့အပူထွက်ဖို့အတွက် လေဝင်ပေါက်နှစ်ခု ပါဝင်ပါတယ်။
RedmiBook 14 ရဲ့ ဘက်ထရီဟာ အားအပြည့် သွင်းပြီးရင် ၁၀ နာရီလောက် အသုံးခံတယ်လို့ ကုမ္ပဏီက ပြောကြားထားပါတယ်။ လက်ပ်တော့ကို Standby mode ကနေ ၁.၂ စက္ကန့်အတွင်း ပြန်ဖွင့်သုံးနိုင်တဲ့ Intelligent Unlock 2.0 လုပ်ဆောင်ချက်လည်း ပါဝင်မှာ ဖြစ်ပါတယ်။
RedmiBook 14 ကို တရုတ်နိုင်ငံမှာ ဇွန်လ ၁၁ ရက်နေ့ စတင် ရောင်းချသွားမှာ ဖြစ်ပါတယ်။ Xiaomi လက်ပ်တော့အများစုက တရုတ်ဈေးကွက် သီးသန့်ဖြစ်ပေမယ့် Redmi လက်ပ်တော့ကတော့ နိုင်ငံတကာဈေးကွက်ဆီ ဦးတည်ထားပါတယ်။
Ref: Windows Central, Gadgets 360
You May Also Like These Stories:
Punch-hole Display ပါဝင်တဲ့ ပထမဆုံးဖုန်းကို Vivo မိတ်ဆက်
သစ်သားနဲ့ ထုတ်လုပ်ထားတဲ့ လက်ပ်တော့ကို HP ပြသ
တန်ဖိုးနည်းဖုန်းအသစ် Redmi 7A ကို Xiaomi ကြေညာ
ကျောကင်မရာသုံးလုံးပါဝင်တဲ့ တန်ဖိုးနည်း Honor 20 Lite ကို မိတ်ဆက်