IT

VR ကျောပိုးအိတ်အသစ်ကို HP ပြသ

Want create site? Find Free WordPress Themes and plugins.

VR (Virtual Reality) Headset တွေဟာ များသောအားဖြင့် ကြိုးနဲ့ ကွန်ပျူတာကို ချိတ်ဆက် အသုံးပြုရတဲ့ ခေါင်းစွပ်တွေ ဖြစ်ပါတယ်။ အခုနောက်ပိုင်းမှာတော့ ကွန်ပျူတာ မလိုဘဲ သီးသန့် သုံးနိုင်တဲ့ VR Headset တွေကို ပိုမို တွင်ကျယ်စွာ ထုတ်လုပ်လာကြပါပြီ။ ဒီလို ကြိုးမဲ့ လွတ်လပ်စွာ လှုပ်ရှား၊ ဆော့ကစားနိုင်တဲ့ သီးသန့် VR Headset တွေ ထုတ်နေတဲ့ ကုမ္ပဏီတွေထဲမှာ HP လည်း အပါအဝင် ဖြစ်ပါတယ်။

HP ဟာ ပထမဆုံး VR ကျောပိုးအိတ်ကို ၂၀၁၇ ခုနှစ်မှာ စတင်ထုတ်လုပ်ခဲ့ပြီး၊ ဒေါ်လာ ၃,၅၀၀ နဲ့ ရောင်းချခဲ့ပါတယ်။ ဈေးက တော်ရုံလက်လှမ်း မမှီနိုင်ပေမယ့် သုံးစွဲသူတွေအတွက် ရည်ရွယ်ထုတ်လုပ်ခဲ့တဲ့ VR ကျောပိုးအိတ်ပါ။ ယခု အသစ် ထွက်ရှိလာတဲ့ VR ကျောပိုးအိတ်ကတော့ လေ့ကျင့်ရေးပြုလုပ်တာမျိုး လုပ်ငန်းခွင် အခြေအနေတွေနဲ့ VR နည်းပညာ အကောင်အထည်ဖော်မှုတွေမှာ အသုံးပြုဖို့ ရည်ရွယ် ထုတ်လုပ်ထားတဲ့အိတ် ဖြစ်ပါတယ်။

HP VR Backpack G2 လို့ နာမည်ပေးထားတဲ့ ယခု ကျောပိုးအိတ် အသစ်ထဲမှာ 8th Gen Intel Core i7 CPU နဲ့ Nvidia GeForce RTX2080 GPU တို့ကို ထည့်သွင်း အသုံးပြုထားပြီး၊ အရင်ကျောပိုးအိတ်ထက် စွမ်းဆောင်ရည် ၃၀ ရာခိုင်နှုန်း ပိုကောင်းလာကာ၊ ဂရပ်ဖစ် စွမ်းဆောင်ရည် ၂၅ ရာခိုင်နှုန်း ပိုကောင်းလာတယ်လို့ ဆိုပါတယ်။ ကျောပိုးအိတ်မှာ USB 3.0 နှစ်ပေါက်၊ Thunberbolt အသုံးပြုနိုင်တဲ့ USB-C တပေါက်၊ HMD အားသွင်းပေါက်နဲ့ နားကြပ်၊ မိုက်ခရိုဖုန်းအတွဲ တပေါက်တို့ ပါဝင်ပါတယ်။

ဒီကွန်ပျူတာ အစိတ်အပိုင်းအားလုံးကို ကျောပိုးအိတ်အောက်မှာ တပါတည်းပါတဲ့ ဘက်ထရီနှစ်လုံးနဲ့ ပါဝါပေးမှာ ဖြစ်ပါတယ်။ ဘက်ထရီကို အလွယ်တကူ ဖြုတ်တပ်၊ လဲလှယ် နိုင်ပါတယ်။ ကြိုက်တဲ့နေရာကို ကျောပိုးအိတ်လွယ်သွားပြီး VR ဆော့ကစားရုံပါပဲ။ အရင် Omen X VR ကျောပိုးအိတ်တွေလိုပဲ အနောက်က ကွန်ပျူတာ အစိတ်အပိုင်းကို Dock မှာ တပ်ပြီး၊ Gaming PC တလုံးအနေနဲ့လည်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

VR ကျောပိုးအိတ်တွေဟာ နည်းပညာနယ်ပယ်ထဲမှာမှ လူအနည်းငယ်လောက်သာ စိတ်ဝင်စားတဲ့ ထုတ်ကုန်တွေ ဖြစ်တာကြောင့် ဈေးကလည်း ကြီးပါတယ်။ ၂၀၁၇ မော်ဒယ်တုန်းကလည်း ဒေါ်လာ ၃,၅၀၀ နဲ့ ရောင်းချခဲ့တာကြောင့် သုံးစွဲသူဈေးကွက်ထဲမှာ နေရာရနိုင်ပါ့မလားဆိုတာ မေးခွန်းထုတ်ခံခဲ့ရပါတယ်။

အခု VR ကျောပိုးအိတ်အသစ်ကိုလည်း ဒေါ်လာ ၃,၃၀၀ နဲ့ ရောင်းချသွားမှာပါ။ ဒါပေမယ့် ယခုမော်ဒယ်ကတော့ လုပ်ငန်းသုံးအတွက် ရည်ရွယ်ထားတာဖြစ်တာကြောင့် အလားအလာကောင်းနိုင်ပါတယ်။ ယခုနွေရာသီအတွင်း စတင်ရောင်းချသွားဖို့ ရည်ရွယ်ထားတယ်လို့ သိရပါတယ်။

Ref: Engadget, The Verge

Redmi ရဲ့ ပထမဆုံး လက်ပ်တော့ RedmiBook 14 ကို မိတ်ဆက် 

ဒေါင်လိုက် ပြောင်းလဲ ကြည့်ရှုနိုင်တဲ့ တီဗီကို Samsung ပြသ 

OnePlus 7 Pro ထက် ပိုမိုဈေးသက်သာတဲ့ OnePlus 7 ကို တပါတည်း မိတ်ဆက် 

Did you find apk for android? You can find new Free Android Games and apps.
Loading