IT

ဒေါ်လာ ၉၀ တန် Echo Show 5 ကို Amazon မိတ်ဆက်

Want create site? Find Free WordPress Themes and plugins.

Amazon က Echo ထုတ်ကုန်အသစ်တခုဖြစ်တဲ့ Echo Show 5 ကို ယနေ့၊ မေ ၃၀ ရက်နေ့မှာ မိတ်ဆက်လိုက်ပါတယ်။ စမတ်မျက်နှာပြင် (Smart Display) လို့ ခေါ်တဲ့ နည်းပညာ ပစ္စည်းတမျိုး ဖြစ်ပြီး၊ ဈေးကွက်ထဲ ဝင်ရောက်လာတာ သိပ်မကြာသေးတဲ့ နည်းပညာတခု ဖြစ်ပါတယ်။ မျက်နှာပြင် မပါတဲ့ စမတ် စပီကာတွေကို ပိုမို အသုံးဝင်အောင် မျက်နှာပြင်ထည့်ထားတာလို့လည်း ဆိုနိုင်ပါတယ်။

ယခု Echo Show 5 ဟာ အရင်နှစ်က ထုတ်ထားတဲ့ Echo Show ထက် အရွယ်အစား ပိုသေးသွားပြီး၊ ဒီဇိုင်းလည်း ပိုမိုဆွဲဆောင်မှု ရှိလာပါတယ်။ ဈေးလည်း အများကြီး ပိုနည်းသွားမှာပါ။ အရင်မော်ဒယ်လို ဒေါ်လာ ၃၀၀ လောက် မပေးရဘဲ လူတိုင်း လက်လှမ်း မီနိုင်လောက်တဲ့ ဒေါ်လာ ၉၀ ဈေးပဲ သတ်မှတ်ထားတာ တွေ့ရပါတယ်။

Echo Show 5 မှာ 960×480 pixels အရည်အသွေးရှိတဲ့ ၅.၅ လက်မအရွယ် မျက်နှာပြင်တခု၊ 1-megapixel ကင်မရာတလုံးနဲ့ ၁.၆၅ လက်မ စပီကာတလုံးတို့ ပါဝင်ပါတယ်။ Amazon ရဲ့ အသံထိန်းချုပ် AI အထောက်အကူစနစ် Alexa နဲ့ အဓိက ထိန်းချုပ်အသုံးပြုရမှာ ဖြစ်ပါတယ်။ Alexa ပြောသမျှကို မျက်နှာပြင်မှာ စာသားနဲ့ ဖော်ပြပေးမှာဖြစ်တဲ့အတွက် ဟင်းချက်နည်းကြည့်တာ၊ စာရင်းဇယားတွေ ကြည့်ရာမှာ ပိုမိုလွယ်ကူလာမှာပါ။

အဖြူနဲ့ အနက် အရောင်နှစ်မျိုး ထုတ်လုပ်ရောင်းချသွားမှာ ဖြစ်ပြီး၊ မျက်နှာပြင် လှည့်နိုင်တဲ့ သံလိုက် Stand တခုကိုလည်း ၁၉.၉၉ ဒေါ်လာနဲ့ ရောင်းချပေးသွားမှာ ဖြစ်ပါတယ်။

မျက်နှာပြင်ပါတဲ့ အခြား Echo ပစ္စည်းတွေလိုပဲ Echo Show 5 နဲ့  သီချင်းတွေ Stream ဖွင့်တာ၊ ဗီဒီယိုခေါ်ဆိုတာ၊ Amazon Prime Video ကနေ ရုပ်ရှင်၊ ဇာတ်လမ်းတွဲ ကြည့်တာတွေ လုပ်နိုင်ပါတယ်။ ဟင်းချက်နည်းကြည့်တာ၊ သတင်းဖတ်ခိုင်းတာ စတဲ့ လုပ်ဆောင်ချက်အများအပြားကို Alexa ကနေတဆင့် အသုံးပြုနိုင်မှာပါ။ လုံခြုံရေးကင်မရာလိုမျိုး အိမ်သုံးစမတ်ပစ္စည်းတွေကိုလည်း ဒီ Display ကနေ ထိန်းချုပ်နိုင်မှာ ဖြစ်ပါတယ်။

Echo Show 5 မှာ MediaTek ရဲ့ MT8163 Chipset ကို အသုံးပြုထားပြီး၊ Wi-Fi ကနေတဆင့် အင်တာနက်ချိတ်ဆက်နိုင်မှာပါ။ Bluetooth လည်း ပါဝင်တာကြောင့် ကြိုးမဲ့စပီကာတလုံးလို ဖုန်း၊ တက်ဘလက် ကွန်ပျူတာကနေ သီချင်းဖွင့်နိုင်ပါတယ်။

တကိုယ်ရည် လွတ်လပ်ခွင့် ပြဿနာတွေ ဖြစ်ပေါ်နေတာကြောင့် ရှေ့ကင်မရာနဲ့ မိုက်ခရိုဖုန်းကို ပိတ်ထားနိုင်တဲ့ သီးသန့် ခလုတ်တွေလည်း ထည့်သွင်းပေးထားတာ တွေ့ရပါတယ်။ ကိုယ်ပြောခဲ့သမျှ အသံမှတ်တမ်းတွေနဲ့ Amazon မှတ်တမ်းအားလုံးကို အသံနဲ့တင် ဖျက်ခိုင်းနိုင်ပြီ ဖြစ်ပါတယ်။

Echo Show 5 ကို ဇူလိုင်လ ၁၈ ရက်နေ့မှာ ၈၉.၉၉ ဒေါ်လာနဲ့ စတင် တင်ပို့ ရောင်းချသွားမှာ ဖြစ်ပါတယ်။

Ref: Gadgets 360, The Verge

You may also like theses stories:

Pop-up ကင်မရာပါတဲ့ တန်ဖိုးသင့် K3 ဖုန်းကို OPPO မိတ်ဆက်

သာမန် ကြော်ငြာတွေထက် ပိုပြီး လူတွေကို အသိပညာ ပေးနိုင်တဲ့ ကြော်ငြာများ

Redmi K20 နဲ့ Redmi K20 Pro တို့ကို တရားဝင် မိတ်ဆက်

Redmi ရဲ့ ပထမဆုံး လက်ပ်တော့ RedmiBook 14 ကို မိတ်ဆက်

ရှည်လျားတဲ့ မျက်နှာပြင်နဲ့ One Vision စမတ်ဖုန်းကို Motorola

Did you find apk for android? You can find new Free Android Games and apps.
Loading