3.5mm နားကြပ်ပေါက်ကို တခြားဖုန်းကုမ္ပဏီတွေ ဖြုတ်ပစ်နေတဲ့အချိန်မှာ လုံးဝ မဖြုတ်ဘဲ မားမားမတ်မတ်ရပ်တည်ခဲ့တဲ့ Samsung ဟာ နောက်ဆုံးမှာတော့ နားကြပ်ပေါက် ဖြုတ်ပစ်ဖို့ စဉ်းစားနေပြီလို့ သိရပါတယ်။
ထူးခြားတာက နားကြပ်ပေါက်တင်မက ပါဝါခလုတ်၊ အသံ အတိုးအချဲ့ခလုတ် စတဲ့ရှိသမျှ ခလုတ် အကုန်လုံးကို ဖြုတ်ပစ်ဖို့ လုပ်နေတာပါ။ ၁၀ နှစ်ပြည့် Galaxy Note 10 ဖုန်းမှာ စတင် အကောင်အထည်ဖော်သွားဖို့ ရှိပါတယ်။ ကုမ္ပဏီအတွင်း သတင်းရင်းမြစ်တခုကနေ ဒီသတင်းကို ရရှိခဲ့တာ ဖြစ်တယ်လို့ Android Police က ဆိုပါတယ်။
Samsung ဟာ ပါဝါ၊ အသံ အတိုးအချဲ့ခလုတ်နဲ့ Bixby ခလုတ်တွေနေရာမှာ “လျှပ်ကူးနိုင်တဲ့ သို့မဟုတ် ဖိအားသိတဲ့ မျက်နှာပြင်ဧရိယာ” တွေကို ထည့်သုံးသွားမှာဖြစ်ပြီး၊ ဒီဧရိယာတွေကို သိသာအောင်လို့ ဧရိယာတလျှောက် အကွက် ဖော်ရင်ဖော် ဒါမှမဟုတ် အနည်းငယ် ဖောင်းထားပေးမှာပါ။
ခလုတ် ဖြုတ်လိုက်ခြင်းအားဖြင့် အလူမီနမ် ကိုယ်ထည်ဖရိန်မှာ ခလုတ်တွေအတွက် နေရာဖောက်ထားစရာမလိုတော့ဘဲ ကိုယ်ထည် တသားတည်း ဖြစ်သွားမှာပါ။ ကိုယ်ထည် ပိုမိုပါးလျ၊ ပေါ့ပါးတဲ့ ဖုန်းကိုယ်ထည် ဒီဇိုင်းအသစ်တွေ ဖန်တီးလာနိုင်မှာ ဖြစ်ပါတယ်။
3.5mm နားကြပ်ပေါက်ကိုတော့ Apple အပါအဝင် Huawei, Honor, OnePlus, Google, Motorola စတဲ့ ကုမ္ပဏီအများအပြားဟာ သူတို့ရဲ့ လက်ရှိ မော်ဒယ်မြင့် Flagship ဖုန်းတွေမှာ ဖြုတ်ထားပြီး ဖြစ်ပါတယ်။ Flagship မှာ နားကြပ်ပေါက် ဆက်သုံးနေတာဆိုလို့ LG နဲ့ Samsung တို့လောက်ပဲ ရှိတော့မှာပါ။
ကိုယ်ထည်က တခြားခလုတ်တွေ ဖြုတ်တာက အကြောင် းမဟုတ်ပေမယ့် သူ့ဖုန်းတွေမှာ နားကြပ်ပေါက် ပါသေးတာကို အမြဲလိုလို အဓိကထား ကြော်ငြာလေ့ ရှိတဲ့ Samsung အနေနဲ့ အခုမှ ဖြုတ်လိုက်ရင် ဝေဖန်စရာ ဖြစ်လာနိုင်ပါတယ်။
ဒါပေမယ့် 3.5mm နားကြပ်ဖြုတ်လိုက်ရင်လည်း ဖုန်းအတွက် တခြားကောင်းကျိုးတွေ ရှိလာနိုင်ပါတယ်။ အဓိကအားဖြင့် ဘက်ထရီနေရာ ပိုလွတ်သွားမှာ ဖြစ်ပြီး၊ Note 10 မှာ ဘက်ထရီ ပိုကြီးလာနိုင်ပါတယ်။
နောက်ထပ် သိရတာကတော့ Samsung ဟာ ၁၀ နှစ်ပြည့် Galaxy Note ဖုန်းကို အရင်လို တမျိုးတည်း ထုတ်မှ ာမဟုတ်ဘဲ ပုံမှန်အရွယ်အစားနဲ့ အနည်းငယ်ပိုသေးတဲ့ ဗားရှင်းဆိုပြီး ၂ မျိုးထုတ်ဖို့ ရှိတယ်လို့ ဆိုပါတယ်။
နှစ်လယ်လောက် ရောက်ပြီဆိုတာနဲ့ Galaxy Note ဖုန်းအသစ်နဲ့ ပတ်သက်တဲ့ ကောလာဟလ သတင်းတွေက အမြဲလိုလို ထွက်နေကျပါ။ အခုအချိန်မှာ ဒီကောလာဟလ သတင်းတွေကို အတည်ယူဖို့ စောပါသေးတယ်။ နောက်ထပ် ဘယ်လို ထူးခြားချက်တွေ ကြားရဦးမလဲ၊ ယခုသတင်းနဲ့ကော တူညီမှုရှိမလား ဆိုတာပဲ စောင့်ကြည့်ရမှာပါ။
Ref: Android Police, The Verge
You may also like these stories:
Samsung က ကိုယ်ထည်အပြင်ဘက် ချိုးကွေးနိုင်သည့် ဖုန်းဒီဇိုင်းအသစ်ကို မူပိုင်ခွင့်တင်
ခေါက်ချိုးအသုံးပြုနိုင်တဲ့ Samsung Galaxy Fold စမတ်ဖုန်း တရားဝင် ထွက်ရှိ
တီဗီတလုံး အရွယ်အစားရှိတဲ့ တက်ဘလက်ကို Samsung မိတ်ဆက်
မျက်နှာပြင်အောက်လက်ဗွေရာစနစ် ပါဝင်တဲ့ Samsung Galaxy A70 ဖုန်းကို ကြေညာ