Apple ရဲ့ WWDC 2019 ပွဲ မတိုင်ခင်မှာ Samsung က Notebook 7 နဲ့ Notebook 7 Force လို့ အမည်ပေးထားတဲ့ Laptop မော်ဒယ်အသစ် ၂ မျိုးကို မိတ်ဆက်လိုက်ပါတယ်။ ဆန်းသစ်တဲ့ ဒီဇိုင်း၊ သတ္တုကိုယ်ထည်တို့ကို အသုံးပြုထားပြီး၊ 8th Gen Intel Core Processors နဲ့ ထွက်ရှိလာမှာဖြစ်ပါတယ်။
Notebook 7 ကို ၁၃ လက်မနဲ့ ၁၅ လက်မ မော်ဒယ်ကွဲ ၂ မျိုး ထုတ်လုပ်သွားမှာဖြစ်ပြီး၊ Notebook 7 Force ကိုတော့ တမျိုးပဲ ထုတ်မှာပါ။ မော်ဒယ်အားလုံးမှာ Intel ရဲ့ 8th Gen Core i7-8565U Processor တွေကို အသုံးပြုထားပြီး၊ အမြင့်ဆုံး 16GB RAM နဲ့ 512GB SSD အထိ ဝယ်ယူရရှိနိုင်မှာ ဖြစ်ပါတယ်။
၁၃ လက်မ Notebook 7 က Intel UHD Graphics နဲ့ပဲ လာမှာဖြစ်ပြီး၊ ၁၅ လက်မ မော်ဒယ်ဆိုရင်တော့ Intel UHD ဒါမှမဟုတ် Nvidia GeForce MX250 ကတ် ၂ မျိုး ရွေးချယ်နိုင်ပါတယ်။ MX250 နဲ့ ယူမယ်ဆိုရင် နောက်ထပ် SSD တခု ထပ်စိုက်နိုင်မှာပါ။
Notebook 7 Force ကတော့ အားလုံးထဲမှာ စွမ်းဆောင်ရည် အမြင့်ဆုံး ဖြစ်ပါတယ်။ ရိုးရိုး Notebook 7 နဲ့ Processor, RAM တွေ တူညီပေမယ့် ဂရပ်ဖစ်ကိုတော့ GTX 1650 တပ်ပေးထားပါတယ်။ နောက်ထပ် SSD နှစ်ခုလည်း ထပ်စိုက်နိုင်မှာပါ။
Samsung ဟာ Notebook 7 မော်ဒယ်အားလုံးမှာ Screen အပြည့်အရသာ ခံစားနိုင်ဖို့အတွက် မျက်နှာပြင်ဘောင်တွေကို အသေးဆုံးဖြစ်အောင် လုပ်ပေးထားတာ တွေ့ရပါတယ်။ ကီးဘုတ်ကြားထဲမှာ လက်ဗွေရာဆန်ဆာအဖြစ် အသုံးပြုနိုင်တဲ့ အပြာရောင် ခလုတ်လေးတခုလည်း ပါဝင်မှာပါ။
Full HD အရည်အသွေးရှိတဲ့ မျက်နှာပြင်ကိုပဲ မော်ဒယ်အားလုံးမှာ အသုံးပြုပေးထားပါတယ်။ ၁၃ လက်မ Notebook 7 က ၂.၈ ပေါင်ပဲ လေးပြီး၊ ၁၅ လက်မော်ဒယ်က ၃.၇ ပေါင် လေးပါတယ်။ Notebook 7 Force ကတော့ သာမန် ၁၅ လက် မော်ဒယ်ထက် အရွယ်အစားလည်း ပိုကြီးသလို အလေးချိန်လည်း ၄.၁ ပေါင်အထိ ဖြစ်သွားပါတယ်။
USB 3.0 နှစ်ပေါက်၊ USB-C တပေါက်၊ HDMI နဲ့ microSD ကတ် တပေါက်နဲ့ 3.5mm ဂျက်ပင်ပေါက် တို့ ပါဝင်မှာပါ။ Notebook 7 Force မှာတော့ RJ45 Ethernet တပေါက် သီးသန့် ပါဝင်မှာ ဖြစ်ပါတယ်။
Samsung Notebook 7 (၁၃ လက်မ) ကို ၉၉၉ ဒေါ်လာ၊ Notebook 7 (၁၅ လက်မ) ကို ၁,၀၉၉ ဒေါ်လာနဲ့ ရောင်းချသွားမှာဖြစ်ကာ၊ Notebook 7 Force ကိုတော့ ၁,၄၉၉ ဒေါ်လာနဲ့ ရောင်းချသွားမှာပါ။ ဇူလိုင်လ ၁၂ ရက်နေ့ကစပြီး ကြိုတင်မှာယူထားနိုင်ပါပြီ။ ဇူလိုင် ၂၆ ရက်နေ့မှာ တရားဝင် ရောင်းချသွားမှာပါ။
Ref: The Verge, Laptop Mag
You may also like these stories:
MacBook Pro Touch Bar မော်ဒယ်တွေကို Upgrade လုပ်ပေးလိုက်တဲ့ Apple
ပထမဆုံး ဟိုက်ဒရိုဂျင်ဓာတ်ငွေ့သုံး မိုးပျံတက္ကစီ ဖြစ်လာနိုင်တဲ့ Skai ကို ပြသ
မျက်နှာပြင်မှာ ကင်မရာအပေါက် ပါဝင်တဲ့ Nokia X71 စမတ်ဖုန်း ထွက်ရှိ