IT

ကမ္ဘာ့ပထမဆုံး 8K OLED TV ကို ဒေါ်လာ ၄၂,၀၀၀ နဲ့ စတင် ရောင်းချ

Want create site? Find Free WordPress Themes and plugins.

ပြီးခဲ့တဲ့ CES 2019 ပွဲမှာ မိတ်ဆက်ပြသခဲ့တဲ့ LG ရဲ့ ကမ္ဘာ့ပထမဆုံး 8K OLED TV ကို စတင် ဝယ်ယူနိုင်ပြီ ဖြစ်ပါတယ်။

မျက်နှာပြင်အရွယ်အစား ၈၈ လက်မ အထိရှိပြီး၊ 8K  LG က ထုတ်ဖူးသမျှ OLED TV တွေထဲမှာ အရွယ်အစား အကြီးဆုံး TV လည်း ဖြစ်ပါတယ်။ ရုပ်ထွက်အရည်အသွေး Ultra HD (7680 x 4320 pixels) နဲ့ ဖြစ်ပြီး၊ 4K TV တလုံးထက် pixels အရေအတွက် ပိုမို များပြားပါတယ်။

LG ဟာ ယခု TV ကို မိခင် တောင်ကိုရီးယားနိုင်ငံမှာ စတင် အော်ဒါလက်ခံနေပြီ ဖြစ်ကြောင်း တနင်္လာနေ့က ကြေညာလိုက်ပါတယ်။ တန်ဖိုးကတော့ ကိုရီးယားဝမ် သန်း ၅၀ (ဒေါ်လာ ၄၂,၀၀၀) ပေးရမှာပါ။ မြန်မာငွေနဲ့ဆို သိန်း ၆၅၀ နီးပါးလောက် ကျသင့်ပါလိမ့်မယ်။

ဇွန်လ အတွင်း အော်ဒါတင်သူတွေကို လျှော့ဈေး ဒေါ်လာ ၃၄,၀၀၀ နဲ့ ရောင်းချပေးသွားမှာပါ။ တောင်ကိုရီးယားအပြင် မြောက်အမေရိကနဲ့ ဥရောပတို့မှာလည်း ယခုနှစ်ကုန်ပိုင်းလောက် စတင် အော်ဒါလက်ခံသွားမယ်လို့ ဆိုပါတယ်။

ယခု TV ဟာ ဈေးကွက်အတွင်းမှာရှိတဲ့ OLED TV တွေထဲမှာ အရွယ်အစားအကြီးဆုံးနဲ့ ရုပ်ထွက်အရည်အသွေးအမြင့်ဆုံး TV အဖြစ်လည်း မှတ်တမ်းဝင်သွားပြီ ဖြစ်ပါတယ်။

“LG OLED TV ရဲ့  သူမတူတဲ့ ရုပ်ထွက်အရည်အသွေးကို ပေးစွမ်းနိုင်ဖို့အတွက် ကိုယ်တိုင်အလင်းရောင်ထုတ်လွှတ်နိုင်တဲ့ Pixels ပေါင်း ၃၃ သန်းကျော်ရှိတဲ့ အဆင့်မြင့် OLED Panel ကို ဒီ TV မှာ တပ်ဆင်ထားပါတယ်။ စစ်မှန်တဲ့ အနက်ရောင်၊ အလင်းအမှောင်သဲကွဲမှုအမြင့်ဆုံးနဲ့ သဘာဝကျကျ အရောင်အသွေးတွေကို မြင်ကွင်းထောင့်ပေါင်းစုံကနေ ကြည့်ရှုခံစားနိုင်မှာပါလို့ LG က ဆိုပါတယ်။

ကမ္ဘာ့ပထမဆုံး 8K OLED TV ကို ဒေါ်လာ ၄၂,၀၀၀ နဲ့ စတင် ရောင်းချ

ဒီ TV မှာ LG ရဲ့ Alpha Intelligent processor ကို အသုံးပြုထားပြီး၊ AI နည်းပညာနဲ့ ဗျောက်လျော့ချတာ၊ အလင်းတောက်ပမှုကို အကောင်းဆုံးအနေအထား ချိန်ညှိပေးတာ စတဲ့ ပုံရိပ်အရည်အသွေးတိုးမြှင့်မှုတွေ လုပ်ဆောင်နိုင်ပါတယ်။ အသံအရည်အသွေး ပိုမိုကောင်းမွန်စေဖို့အတွက်လည်း အယ်ဂရစ်သမ်စနစ် တခု ပါရှိပြီး၊ အသုံးပြုသူကိုယ်တိုင် ထိန်းချုပ်စရာမလိုဘဲ အလိုအလောက် ချိန်ညှိပေးနိုင်ပါတယ်။

အသုံးပြုသူတွေအနေနဲ့ ကြည့်တဲ့ အနေအထားအလိုက် လိုက်ဖက်တဲ့ အသံကို ချိန်ညှိနိုင်သလို၊ ပတ်ဝန်းကျင်အနေအထားပေါ် မူတည်ပြီး အကောင်းဆုံး အသံနှုန်းထားဖြစ်အောင်လည်း အလိုအလျောက် ချိန်ညှိခိုင်းနိုင်ပါတယ်လို့ LG က ဆိုပါတယ်။

ကမ္ဘာ့ပထမဆုံး 8K OLED TV ဖြစ်သော်ငြားလည်း တကယ်တမ်းတော့ ကြည့်စရာ 8K ဗီဒီယိုတွေ သိပ်မရှိသေးပါဘူး။ 8K YouTube ဗီဒီယိုတွေနဲ့ 8K Blu-ray ဗီဒီယိုတွေ ကြည့်နိုင်ပေမယ့် Streaming အတွက်ကတော့ 8K မရှိသေးဘူး ဖြစ်ပါတယ်။ ဒီပြဿနာကို ဖြေရှင်းဖို့အတွက် 4K ပုံရိပ်၊ ဗီဒီယိုတွေကို 8K အဖြစ် ရုပ်ထွက်မြှင့်တင်ပေးမယ့် Deep Learning နည်းပညာကို TV မှာ ထည့်သွင်းပေးထားတယ်လို့ သိရပါတယ်။

၂၀၂၀ တိုကျို အိုလံပစ်ပြိုင်ပွဲကိုလည်း 8K ရုပ်ထွက်အရည်အသွေးနဲ့ ထုတ်လွှင့်သွားဖွယ်ရှိတာကြောင့်၊ 8K အရသာအပြည့် ခံစားမယ်ဆိုရင် ဒီတီဗီက လောလောဆယ် အကောင်းဆုံး ဖြစ်ပါတယ်။

Ref: DailyMail, Gadgets 360

You may also like these stories:

LG က မိခင်နိုင်ငံဖြစ်တဲ့ တောင်ကိုရီးယားမှာ စမတ်ဖုန်း ထုတ်လုပ်မှု ရပ်ဆိုင်းမည်

ကင်မရာ ၅ လုံးနဲ့ အသစ်ထွက်လာဖွယ် ရှိတဲ့ LG V40 စမတ်ဖုန်း

LG G8 မှာ ဖုန်းကို လက်ပြ ဖွင့်နိုင်တဲ့ “Hand ID” ပါဝင်လာ

Did you find apk for android? You can find new Free Android Games and apps.
Loading