IT

OTP လုပ်ဆောင်ချက် ပါဝင်တဲ့ MytelPay မိုဘိုင်း ငွေလွှဲဝန်ဆောင်မှုကို စတင်မိတ်ဆက်

Want create site? Find Free WordPress Themes and plugins.

ပြည်တွင်း ဆက်သွယ်ရေး အော်ပရေတာတခု ဖြစ်တဲ့ Mytel က “MytelPay” မိုဘိုင်းငွေလွှဲဝန်ဆောင်မှုကို ဇွန်လ ၁၁ ရက်နေ့က ရန်ကုန်မြို့၊ Melia ဟိုတယ်မှာ စတင် မိတ်ဆက်ပေးလိုက်ပါတယ်။ MytelPay ဟာ လွှဲပြောင်းလိုက်တဲ့ ငွေကြေးပမာဏ ဆုံးရှုံးမှု မရှိစေရန်အတွက် OTP (One-time Password) စနစ် ပါဝင်တဲ့ ပထမဆုံး ပြည်တွင်း မိုဘိုင်းငွေလွှဲဝန်ဆောင်မှု တခုလည်း ဖြစ်ပါတယ်။

MytelPay သုံးစွဲသူများအနေနဲ့ အကောင့်ထဲသို့ ငွေသွင်း၊ ငွေထုတ် လုပ်ငန်းတွေကို ဘဏ်အသေးစားသဖွယ် ဆောင်ရွက်ပေးမယ့် မြန်မာနိုင်ငံ တဝှမ်းက ကိုယ်စားလှယ် အေးဂျင့်တွေထံမှာ ပြုလုပ်နိုင်မှာဖြစ်ပါတယ်။

MytelPay မိုဘိုင်း ငွေလွှဲဝန်ဆောင်မှု မိတ်ဆက်ပွဲ (ဓာတ်ပုံ – MytelPay’s Facebook)

MytelPay အသုံးပြုသူတွေကို ဝန်ဆောင်မှုပေးဖို့အတွက် ဆိုင်နဲ့ ကိုယ်စားလှယ်ပေါင်း ၂၀,၀၀၀ ကျော်က အသင့်ရှိနေပြီလို့ သိရပြီး အရေအတွက် ထပ်မံတိုးပွားနေတယ်လို့ သိရပါတယ်။ MytelPay ကို မိုဘိုင်း ကွန်ရက်မရွေး ငွေပေးပို့၊ လက်ခံမှုများ ပြုလုပ်နိုင်ပြီး ဘဏ်ပိတ်ရက်များနဲ့ စနေ၊ တနင်္ဂနွေနေ့တွေမှာလည်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

MytelPay အသုံးပြုသူတွေအနေနဲ့ အော်ပရေတာ အမျိုးအစားအားလုံးအတွက် ဖုန်းဘေလ်ဖြည့်ခြင်း၊ ငွေပေးချေခြင်း၊ iTunes ကတ်ဝယ်ခြင်း၊ ဂိမ်းကတ်များ ဝယ်ယူခြင်း၊ အွန်လိုင်းရှော့ပင်း ဝယ်ယူခြင်းစတဲ့ ငွေပေးချေမှုလုပ်ငန်းများကို လုပ်ဆောင်နိုင်မှာပါ။

MytelPay နဲ့ ဘုရားစေတီတွေမှာလည်း အလှူအတန်း ပြုလုပ်နိုင်တယ်လို့ သိရပါတယ်။ စားသောက်ဆိုင်တွေနဲ့ အခြားသော ဆိုင်တွေမှာ ကျသင့်ငွေ ရှင်းမယ်ဆိုရင်လည်း အက်ပလီကေးရှင်းကနေတဆင့် QR Code နဲ့ ငွေပေးချေနိုင်မှာ ဖြစ်ပါတယ်။ MytelPay အက်ပလီကေးရှင်းကို မိတ်ဆက်တဲ့နေ့က စတင်ပြီး အသုံးပြုနိုင်ပြီလို့ သိရပါတယ်။

You may also like these stories:

Mytel သုံးစွဲသူ နှစ်ဆတိုးရန် ဗီယက်တဲလ် မျှော်မှန်းဟု ဆို

Mytel ၏ အခမဲ့ အစီအစဉ် ရပ်ရန် ညွှန်ကြားခံရ

Mytel က စာသင်ကျောင်း ၃ ထောင်ကျော် Wifi တပ်ဆင်ပေးမည်

မျှတစွာ ယှဉ်ပြိုင်ရေးကို Mytel က ပိုအလေးထားလာစေ

Did you find apk for android? You can find new Free Android Games and apps.
Loading