IT

ကိုယ်ပိုင် HongMeng OS သုံး ဖုန်းပေါင်း ၁ သန်းကျော်ကို Huawei တင်ပို့ထားပြီးဖြစ်

Want create site? Find Free WordPress Themes and plugins.

Huawei ဟာ ကိုယ်ပိုင် HongMeng OS အသုံးပြုထားတဲ့ ဖုန်းပေါင်း ၁ သန်းကျော်ကို တင်ပို့ထားပြီး ဖြစ်တယ်လို့ China Daily သတင်းဌာနမှာ ဖော်ပြပါရှိလာပါတယ်။

စီးပွားရေးဆိုင်ရာ အကျိုးတော်ဆောင်ကုမ္ပဏီတခုဖြစ်တဲ့ Rosenblatt Securities ရဲ့ အဆိုအရ Huawei ဟာ ဒီဖုန်းတွေကို စမ်းသပ်ဖို့အတွက် တင်ပို့ထားတာဖြစ်တယ်လို့ သိရပါတယ်။ ဈေးကွက်အတွင်း ရောင်းချဖို့ ရှိ၊ မရှိကိုတော့ သေချာ မပြောထားပါဘူး။ Huawei ရဲ့ HongMeng OS ဟာ Android Application အားလုံး အသုံးပြုနိုင်ပြီး၊ “ပုဂ္ဂိုလ်ရေး အချက်အလက်တွေကို ကာကွယ်ပေးဖို့အတွက် လုံခြုံရေး လုပ်ဆောင်ချက်တွေကို အဆင့်မြှင့်တင်ထားတယ်”လို့ ဆိုပါတယ်။

Huawei Consumer Business Group ရဲ့ CEO ဖြစ်သူ Richard Yu ကတော့ ကုမ္ပဏီရဲ့ ကိုယ်ပိုင် OS ကို အစောဆုံး ယခုလာမယ့် ဆောင်းဦးပေါက် ဒါမှမဟုတ်ရင် အလွန်ဆုံး နောက်နွေဦးရာသီမှာ ထုတ်ပေးဖို့ ရှိတယ်လို့ ထုတ်ဖော် ပြောကြားထားပါတယ်။ ဒါကြောင့် Huawei ဟာ HongMeng OS သုံး ဖုန်းတွေကို ယခုကတည်းက စမ်းသပ်နေပုံပေါ်ပါတယ်။

ဒါ့အပြင် Richard Yu က HongMeng OS ကို ဖုန်းတွေတင် မကဘဲ တက်ဘလက်၊ ကွန်ပျူတာ၊ တီဗီ၊ ကား၊ ဝတ်ဆင်နိုင်တဲ့ နည်းပညာပစ္စည်း (Wearables) စတဲ့ OS ထည့်သုံးရတဲ့ ပစ္စည်းတိုင်းမှာ ထည့်သွင်းအသုံးပြုဖို့ ရှိတယ်လို့လည်း ကုမ္ပဏီအတွင်းလူတွေနဲ့ WeChat group တခုမှာ ပြောကြားခဲ့ကြောင်း သိရှိထားရပါတယ်။

အမေရိကန်အစိုးရဟာ Huawei ကို ကုန်သွယ်မှုပိတ်ပင်ထားရာကနေ မေလ ၂၀ ရက်နေ့အထိ ခေတ္တ ဖြေလျော့ပေးထားပါတယ်။ ဒါပေမဲ့ Huawei ကတော့ အမေရိကန်အစိုးရရဲ့ နောက်ထပ် ဆုံးဖြတ်ချက်ကို စောင့်မနေတော့ဘဲ နှစ်ပေါင်းများစွာ အချိန်ယူပြင်ဆင်ထားတဲ့ ကိုယ်ပိုင် OS ကိုပဲ ထုတ်ပေးဖို့ အားထည့်လုပ်ဆောင်နေတာပါ။

Huawei ဟာ”Huawei Ark OS” နဲ့ “Huawei HongMeng” တို့ကို  နိုင်ငံတော်တော်များများမှာ အမှတ်တံဆိပ် မူပိုင်ခွင့် ရယူထားပြီး ဖြစ်ပါတယ်။ HongMeng OS က တရုတ်နိုင်ငံအတွင်း အသုံးပြုမယ့် OS ဖြစ်ပြီး၊ နိုင်ငံတကာဈေးကွက်မှာတော့ Ark OS ဆိုပြီး သုံးသွားမယ်လို့ ယူဆရပါတယ်။

Ref: GSM Arena, China Daily, Indiashopps

You may also like these stories:

HongMeng OS ကို Huawei Mate 30 မှာ ပထမဆုံး အသုံးပြုဖွယ်ရှိ

ကျောကင်မရာသုံးလုံး ပါဝင်တဲ့ Maimang 8 ဖုန်းကို Huawei မိတ်ဆက်

Facebook App တွေကို Huawei ဖုန်းတွေမှာ ကြိုတင် မထည့်ပေးရန် တားမြစ်

ဟွာဝေးကို အမေရိကန်တို့ လျှော့တွက်ထားကြောင်း တည်ထောင်သူ ပြော

Did you find apk for android? You can find new Free Android Games and apps.
Loading