စမတ်ဖုန်း ဈေးကွက်မှာ အချိန်အတော်ကြာ ပျောက်နေတဲ့ HTC က မော်ဒယ်လတ် ဖုန်းသစ်နှစ်မျိုးကို မိတ်ဆက်လိုက်ပါတယ်။ HTC U19e နဲ့ HTC Desire U19+ တို့ဟာ ကုမ္ပဏီရဲ့ ဖုန်းမော်ဒယ် နှစ်ခုဖြစ်ပြီး၊ ထိုင်ဝမ်ဈေးကွက်မှာ ဇွန်နဲ့ ဇူလိုင်လအတွင်း စတင်ရောင်းချသွားမှာ ဖြစ်ပါတယ်။
HTC U19e မှာ ၆ လက်မ ရှိတဲ့ OLED Display ကို အသုံးပြုထားပြီး၊ 2160 x 1080 pixels ရုပ်ထွက် အရည်အသွေးနဲ့ ဖြစ်ပါတယ်။ Qualcomm ရဲ့ Snapdragon 710 SoC ကို အသုံးပြုထားပြီး၊ 6GB RAM နဲ့ 128GB Storage တို့ ပါဝင်မှာပါ။ ဘက်ထရီကတော့ 3,930mAh ဘက်ထရီ ဖြစ်ပါတယ်။
HTC U19e မှာ 12MP (f/1.8) ကင်မရာနဲ့ Zoom ၂ ဆ ဆွဲနိုင်တဲ့ 20 MP, (f/2.6) Telephoto ကျောကင်မရာ နှစ်လုံးကို အသုံးပြုထားပါတယ်။ ရှေ့ကင်မရာကတော့ 24MP, (f/2.0) ကင်မရာပါ။ မျက်ဝန်း Scan ဖတ်ပြီး ဖုန်းဖွင့်နိုင်တဲ့ 2MP Iris Scanner လည်း ပါဝင်ပါသေးတယ်။ တကယ်လို့ လက်ဗွေရာ ဆန်ဆာပဲ သုံးချင်တယ်ဆိုရင်လည်း ကျောဘက်မှာ ရိုးရိုး လက်ဗွေရာ ဆန်ဆာတခု ပါဝင်ပါတယ်။ OLED Display ဖြစ်ပေမယ့် မျက်နှာပြင်အောက် လက်ဗွေရာဆန်ဆာ မသုံးထားပါဘူး။
HTC U19e ကို ခရမ်းရောင်နဲ့ အစိမ်းရောင် နှစ်မျိုး ထုတ်လုပ် ရောင်းချသွားမှာ ဖြစ်ပြီး ယနေ့မှ စတင်ကာ ဝယ်ယူ နိုင်ပါပြီ။ ဈေးနှုန်းကတော့ ယူရို ၄၂၀ သတ်မှတ်ထားပါတယ်။
ဒုတိယ ဖုန်းတလုံးဖြစ်တဲ့ HTC Desire 19+မှာတော့ MediaTek ရဲ့ Helio P30 SoC ကို အသုံးပြုထားပြီး၊ 4GB RAM နဲ့ 6GB RAM ဗားရှင် းနှစ်မျိုး ထုတ်လုပ်သွားမှာပါ။ ၆.၂ လက်မအရွယ် HD+ မျက်နှာပြင်နဲ့ ဖြစ်ပြီး၊ ရေစက်ပုံစံ Notch ဒီဇိုင်းနဲ့ ဖြစ်ပါတယ်။
Notch အတွင်းမှာတော့ 16MP ရှေ့ကင်မရာတလုံးကို ထည့်သွင်းထားပါတယ်။ ကျောကင်မရာက သုံးလုံးဖြစ်ပြီး၊ 13MP အဓိကကင်မရာ၊ 8MP မြင်ကွင်းကျယ်ကင်မရာနဲ့ 5MP Depth Sensor တို့ ဖြစ်ပါတယ်။ ဒီဖုန်းမှာလည်း ကျောဘက်လက်ဗွေရာ ဆန်ဆာကိုပဲ အသုံးပြုထားပါတယ်။
HTC Desire 19+ ကို ဇူလိုင်လ အစောပိုင်းမှာ စတင်ရောင်းချသွားမှာ ဖြစ်ပြီး၊ ဈေးနှုန်းကတော့ 4GB/ 64GB မော်ဒယ်ကို ယူရို ၂၈၀ နဲ့ 6GB/128GB မော်ဒယ်ကို ယူရို ၃၁၀ သတ်မှတ်ထားပါတယ်။
Ref: GSM Arena, The Verge
You may also like these stories:
Zoom ၁၀ ဆ ဆွဲရိုက်နိုင်တဲ့ ကင်မရာနဲ့ လျှောစောင်း ကင်မရာတို့ ပါဝင်တဲ့ OPPO Reno ဖုန်း ထွက်ရှိ
ကျောကင်မရာသုံးလုံး ပါဝင်တဲ့ Xiaomi Mi 9 စမတ်ဖုန်း ထွက်ရှိ
ရှည်လျားတဲ့ မျက်နှာပြင်နဲ့ One Vision စမတ်ဖုန်းကို Motorola
တန်ဖိုးနည်းဖုန်းအသစ် Redmi 7A ကို Xiaomi ကြေညာ