Samsung ရဲ့ ၂၀၁၉ ခုနှစ်ထုတ် Galaxy A နဲ့ Galaxy M စီးရီး ဖုန်းတွေဟာ ပြည်တွင်းဈေးကွက်နဲ့ နိုင်ငံတကာ ဈေးကွက်မှာပါ နာမည်ရနေတဲ့ ဖုန်းတွေ ဖြစ်ပါတယ်။ ဒီလို နာမည်ကောင်းရနေတဲ့ အချိန်မှာ ဈေးကွက် အခိုင်အမာ ရယူထားဖို့အတွက် M စီးရီးအသစ် Galaxy M40 ကို ထပ်မံ မိတ်ဆက်လိုက်ပါတယ်။
ဆန်းသစ်တဲ့ Infinity-O Display၊ ကျောကင်မရာ ၃ လုံးနဲ့ စွမ်းဆောင်ရည်သင့်တင့်တဲ့ Snapdragon 675 Chipset တို့ကို အသုံးပြုထားပြီး၊ ဈေးနှုန်းသင့်တင့်တဲ့ ဖုန်းတလုံး ဖြစ်ပါတယ်။
Samsung Galaxy M40 မှာ ၆.၃ လက်မအရွယ် IPS LCD မျက်နှာပြင်ကို အသုံးပြုထားပြီး၊ Infinity-O ဒီဇိုင်းနဲ့ပါ။ Infinity-O ဆိုတာကတော့ Punch-hole Display ဒီဇိုင်းကို Samsung ရဲ့ အခေါ် ဖြစ်ပါတယ်။ မျက်နှာပြင် ဘယ်ဘက်အပေါ်ထောင့်မှာ ကင်မရာအတွက် အပေါက်ဖောက်ထားတဲ့ ဒီဇိုင်းဖြစ်ပြီး၊ အပေါက်ထဲမှာ 16MP ရှေ့ကင်မရာကို တွေ့မြင်ရမှာပါ။
ဒီဖုန်းရဲ့ ထူးခြားချက်က ဖုန်းအများစုမှာ ပါနေကျ Earpiece (ဖုန်းစပီကာခွက်) မပါလာတာပါ။ အဲဒီအစား စခရင်ကနေ တုန်ခါမှုနဲ့ အသံလှိုင်းထုတ်လွှတ်မယ့် နည်းပညာကို အသုံးပြုထားပါတယ်။
Qualcomm ရဲ့ Snapdragon 675 Chipset ကို အသုံးပြုထားပြီး၊ 6GB RAM နဲ့ 128GB Storage တို့ ပါဝင်လာမှာပါ။ microSD ကတ်ကနေလည်း နောက်ထပ် 512GB ထပ်စိုက်နိုင်ပါတယ်။
ဖုန်းရဲ့ ကျောဘက်မှာတော့ 32MP အဓိကကင်မရာ၊ 8MP မြင်ကွင်းကျယ်ကင်မရာနဲ့ 5MP Depth Sensor သုံးလုံးတွဲကို တွေ့မြင်ရမှာပါ။ ကျောကင်မရာနဲ့ 4K အရည်အသွေးရှိ ဗီဒီယိုတွ ရိုက်ကူးနိုင်ပြီး၊ 240fps နဲ့ Super Slow-mo တွေလည်း ရိုက်နိုင်မှာ ဖြစ်ပါတယ်။ LCD ဖြစ်တာကြောင့် လက်ဗွေရာဆန်ဆာကို ကျောဘက်မှာပဲ ထည့်သွင်းထားပါတယ်။
Galaxy M40 မှာ 3,500mAh ဘက်ထရီကို အသုံးပြုထားပြီး၊ USB-C နဲ့ 15W အားအမြန်သွင်းစနစ် အသုံးပြုနိုင်မှာပါ။ Android Pie စနစ်အခြေခံ Samsung OneUI အသစ်နဲ့ ဖြစ်ပါတယ်။ Dolby Atmos စနစ်လည်း ရရှိမှာ ဖြစ်တဲ့အပြင်၊ NFC နဲ့ Bluetooth 5.0 တို့လည်း ပါဝင်မှာ ဖြစ်ပါတယ်။ နားကြပ်ပေါက်တော့ မပါဝင်လာပါဘူး။
ဒီဖုန်းဟာ တရုတ်ပြည်တွင်းမှာ Galaxy A60 နာမည်နဲ့ မိတ်ဆက်ထားတဲ့ ဖုန်းလည်း ဖြစ်ပါတယ်။ M စီးရီးအဖြစ် နိုင်ငံတကာဈေးကွက်အတွက် ပြန်ထုတ်ပေးလိုက်တာပါ။
Samsung Galaxy M40 ကို Midnight Blue နဲ့ Seawater Blue ဆိုပြီး အရောင် ၂ မျိုး ထုတ်လုပ်ရောင်းချသွားမှာ ဖြစ်ပါတယ်။ ဈေးနှုန်းကတော့ ရူပီး ၁၉,၉၉၀ (၂၂၈ ဒေါ်လာ) သတ်မှတ်ထားပါတယ်။ Amazon ၊ Flipkart ၊ Pricebaba စတဲ့ အိန္ဒိယနာမည်ကြီး အွန်လိုင်း အရောင်းဆိုဒ်တွေမှာ ဇွန်လ ၁၈ ရက်နေ့ စတင်ရောင်းချသွားမှာ ဖြစ်ပါတယ်။ အခြားဈေးကွက်အတွက်တော့ မသိရသေးပါဘူး။
Ref: GSM Arena
You may also like these stories:
Galaxy Note 10 မှာ နားကြပ်ပေါက်အပြင် ခလုတ်အားလုံး ဖြုတ်ပစ်ဖွယ်ရှိ
အသွင်း၊ အထုတ် လုပ်နိုင်တဲ့ ရှေ့ကင်မရာနဲ့ Vivo V15 Pro ကို မိတ်ဆက်
လက်ကိုင်ဖုန်းကနေ လူကိုအန္တရာယ်ဖြစ်စေတဲ့ ဓာတ်ရောင်ခြည်ထုတ်လွှတ်မှု အတိုင်းအတာ
ကမ္ဘာ့ပထမဆုံး “ခေါက်ချိုး အသုံးပြုနိုင်တဲ့ဖုန်း” မိတ်ဆက်နိုင်ဖွယ်ရှိတဲ့ Samsung