MIJIA အမှတ်တံဆိပ် အိမ်သုံး စမတ်ပစ္စည်းတွေကို ထုတ်လုပ်နေတဲ့ Xiaomi က စမတ် တံခါးသော့တမျိုးကို တရုတ်နိုင်ငံမှာ မိတ်ဆက်သွားခဲ့ပါတယ်။ ၂၄၅ ဒေါ်လာပေးရမယ့် နည်းပညာမြင့် စမတ်တံခါးသော့ဖြစ်ပြီး၊ ဇွန်လ ၂၈ ရက်နေ့ မနက် ၁၀ နာရီမှာ စတင်ရောင်းချသွားမှာပါ။
MIJIA Smart Door Lock ကို ဆွဲ-တွန်း ဒီဇိုင်းနဲ့ ပြုလုပ်ထားပြီး၊ တံခါးလက်ကိုင်မှာ လက်ဗွေရာဆန်ဆာ စနစ်ကို ထည့်သွင်းပေးထားပါတယ်။ တံခါးသော့ မေ့ကျန်ခဲ့မယ် ဆိုရင်တောင် လက်ကိုင်က ဆန်ဆာပေါ် လက်တင်လိုက်ရုံနဲ့ တံခါးပွင့်သွားမှာပါ။ ဆလင်ဒါ သော့စနစ်ကို သော့အိမ် ကိုယ်ထည်အတွင်းမှာ ထည့်သွင်းထားတာကြောင့် တံခါးလက်ကိုင် ပျက်စီးသွားခဲ့ရင်တောင် သော့အိမ်ကို ထိခိုက်မှာ မဟုတ်ပါဘူး။
သော့အိမ်မှာ အီလက်ထရောနစ်ဆန်ဆာ တခုလည်း ပါရှိပြီး၊ သော့ပြန် မထုတ်ရသေးရင် ဒါမှမဟုတ် သော့မခတ်ရသေးရင် ဖုန်း ဒါမှမဟုတ် စမတ်လက်ပတ်မှာ သတိပေးချက် ဝင်လာမှာပါ။
MIJIA Smart Door Lock ကို လက်ဗွေရာအပြင် နံပါတ်ရိုက်ပြီး ဖွင့်တဲ့စနစ်၊ Blueooth သုံးပြီး ဖုန်းနဲ့ ဖွင့်တဲ့စနစ်၊ NFC စနစ် စသဖြင့် အမျိုးမျိုး ဖွင့်နိုင်မှာ ဖြစ်ပါတယ်။ ရိုးရိုးဖွင့်ဖို့အတွက်လည်း သော့ပေါက်တခု ပါဝင်မှာပါ။ အကယ်လို့ အခြားတယောက်ယောက်ကို ကိုယ့်အိမ်ထဲ ခဏလောက် ဝင်ခိုင်းထားချင်ရင်လည်း ယာယီ လျှိူ့ဝှက်နံပါတ်တခု ပေးထားနိုင်ပါတယ်။ Black Box အသေးစားတခုနဲ့ လျှပ်စစ်သံလိုက်လှိုင်း လွှင့်ကာ သော့ဖွင့်တဲ့နည်းကို ကာကွယ်တဲ့စနစ်အပြင် ကာကွယ်ရေးစနစ် ၁၅ မျိုးအထိ ပါဝင်တယ်လို့ ပြောကြားထားပါတယ်။
Xiaomi MIJIA Smart Door Lock ကို အခြား အိမ်သုံးစမတ်ပစ္စည်းတွေနဲ့လည်း ချိတ်ဆက်ထားနိုင်ကြောင့် တံခါးဖွင့်လိုက်တာနဲ့ လေအေးပေးစက် တန်းပွင့်လာတာမျိုး လုပ်နိုင်မှာပါ။ တံခါးသော့ကနေလည်း အခန်းတွင်းအပူချိန်နဲ့ စမတ်မီးသီး စတဲ့ စမတ်ပစ္စည်းတွေကို ထိန်းချုပ်နိုင်ပါသေးတယ်။
Ref: Gizmo China
You may also like these stories:
ရောင်စုံမျက်နှာပြင်နဲ့ အသံထိန်းချုပ် စနစ်တို့ ပါဝင်လာတဲ့ Mi Band 4 စမတ်လက်ပတ်ကို မိတ်ဆက်
မျက်နှာပြင်အောက် ရှေ့ကင်မရာစနစ်ကို OPPO နဲ့ Xiaomi တို့ ပြသ
တန်ဖိုးနည်းဖုန်းအသစ် Redmi 7A ကို Xiaomi ကြေညာ