• English
Saturday, July 19, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home စီးပွားရေး IT

ကမ္ဘာ့ပထမဆုံး မျက်နှာပြင်အောက် ရှေ့ကင်မရာစနစ်ကို OPPO ပြသ

by Nigma
27 June 2019
in IT
A A
ကမ္ဘာ့ပထမဆုံး မျက်နှာပြင်အောက် ရှေ့ကင်မရာကို မိတ်ဆက်ခဲ့တဲ့ OPPO

ကမ္ဘာ့ပထမဆုံး မျက်နှာပြင်အောက် ရှေ့ကင်မရာကို မိတ်ဆက်ခဲ့တဲ့ OPPO

10.6k
VIEWS
Share on FacebookShare on Twitter

OPPO ဟာ တရုတ်နိုင်ငံမှာ လက်ရှိ ကျင်းပပြုလုပ်နေတဲ့ MWC Shanghai 2019 ပွဲမှာ နည်းပညာအသစ်အဆန်းတွေ ထုတ်ဖော်ပြသလျက် ရှိပါတယ်။ ဒီထဲမှာ ပရိတ်သတ်အားလုံးရဲ့ အာရုံကို ဖမ်းစားနိုင်ခဲ့တဲ့ နည်းပညာနှစ်ခု ရှိပါတယ်။ ကမ္ဘာ့ပထမဆုံး မျက်နှာပြင်အောက်ရှေ့ကင်မရာနဲ့ ဖုန်းလိုင်းတွေ မလိုဘဲ ဆက်သွယ်ပြောဆိုနိုင်တဲ့ MeshTalk နည်းပညာတို့ပါ။

OPPO ဟာ ရှေ့ကင်မရာကို ဖုန်းမျက်နှာပြင်အောက်မှာ ပထမဆုံးအကြိမ် ထည့်သွင်းပြလိုက်တာကြောင့် နောက်ဆို မျက်နှာပြင်အပြည့်ဖုန်းတွေ ထုတ်ဖို့အတွက် Notch တွေ၊ မော်တာတပ် ကင်မရာစနစ်တွေ လိုမှာ မဟုတ်တော့ပါဘူး။

RelatedPosts

အောင်လအန်ဆန်းနှင့် ဂျိုရွှာဗန်တို့က ပေးတဲ့ အမျိုးသားစည်းလုံးညီညွတ်မှု

အောင်လအန်ဆန်းနှင့် ဂျိုရွှာဗန်တို့က ပေးတဲ့ အမျိုးသားစည်းလုံးညီညွတ်မှု

16 July 2025
1.3k
NVIDIA က ကမ္ဘာ့ပထမဆုံး ဒေါ်လာ ၄ ထရီလျံ တန်ကြေးရှိ နည်းပညာ ကုမ္ပဏီ ဖြစ်လာ

NVIDIA က ကမ္ဘာ့ပထမဆုံး ဒေါ်လာ ၄ ထရီလျံ တန်ကြေးရှိ နည်းပညာ ကုမ္ပဏီ ဖြစ်လာ

13 July 2025
775
မိုးကုတ်မြို့

မိုးကုတ်မြို့

13 July 2025
560

ဒီနည်းပညာမှာ အထူးထုတ်လုပ်ထားတဲ့ Display တခုနဲ့ ကင်မရာအစိတ်အပိုင်းတခုတို့ကို ပေါင်းစပ် အသုံးပြုထားတယ်လို့ OPPO က ရှင်းပြထားပါတယ်။ ကင်မရာမှန်ဘီလူး အပေါ်တည့်တည့်မှာရှိတဲ့ မျက်နှာပြင် အစိတ်အပိုင်းကို အလင်းဖောက်ထွင်းမှု မြင့်မားတဲ့ ပစ္စည်းတမျိုးနဲ့ လုပ်ထားပြီး၊ အလင်းဝင်နိုင်အောင် Pixel တည်ဆောက်ပုံကိုလည်း ပြင်ဆင်ထားပါတယ်။

ကင်မရာ အပေါ်တည့်တည့်မှာ ရှိတဲ့ မျက်နှာပြင်နေရာကို သာမန်အတိုင်း Touch အပြည့် သုံးနိုင်မှာပါ။ ရုပ်ထွက်အရည်အသွေး ကျမှာ မဟုတ်ဘူးလို့ ကုမ္ပဏီက ဆိုပါတယ်။

ဒါ့အပြင် ကင်မရာကလည်း မြင်နေကျ ရှေ့ကင်မရာတွေနဲ့ တူမှာ မဟုတ်ပါဘူး။ အလင်းယိုင်တာမျိုး မဖြစ်အောင် ကြီးမားတဲ့ ဆန်ဆာ၊ Pixel အရွယ်အစားကြီးကြီး၊ Aperture ကျယ်ကျယ် Lens ကို သုံးထားပါတယ်။

ကင်မရာရိုက်ပုံကတော့ ထုံးစံအတိုင်း ဆန်ဆာကို အလင်းရိုက်ရင် ဓာတ်ပုံရိုက်တာပါပဲ။ ဒါပေမဲ့ Lens အပေါ်ဘက်မှာ ပစ္စည်းအမာတခု ရှိတာကြောင့် ပုံရိပ်တွေက တော်တော်ဝါးသွားနိုင်ပါတယ်။ ဒီအတွက် မျက်နှာပြင် အရည်အသွေး ကျဆင်းမှု မရှိဘဲ ကင်မရာ အရည်အသွေးကို မြှင့်တင် ချိန်ညှိပေးနိုင်တဲ့ အယ်ဂရစ်သစ် (Algorithms) ၃ မျိုးကို အသုံးပြုပေးထားတယ်လို့ OPPO က ပြောကြားထားပါတယ်။

အဓိက အကျဆုံး အယ်ဂရစ်သမ်ကတော့ Haze Removal ပါ။ ပြောခဲ့သလိုပဲ အပေါ်က ပစ္စည်းအမာတခုကြောင့် ဖြစ်နိုင်တဲ့ ပြဿနာတွေကို ဖြေရှင်းပေးမှာ ဖြစ်ပြီး၊ ပုံရိပ် ကြည်လင်ပြတ်သားမှုကို မြှင့်ပေးမှာ ဖြစ်ပါတယ်။

OPPO က “အနာဂတ်ဆန်ပြီး၊ မြင်တာနဲ့ သတိထားမိလောက်မယ့် Notch ပျောက် စမတ်ဖုန်းတလုံး”ကို ထုတ်ပေးဖို့ ရှိတယ်လို့ ဆိုပါတယ်။ ဒီဖုန်းရဲ့ အချက်အလက်၊ ဈေးနှုန်းတွေကိုတော့ နှုတ်ဆိတ်နေခဲ့ပါတယ်။ ကမ္ဘာ့ပထမဆုံး မျက်နှာပြင်အောက် ရှေ့ကင်မရာ နည်းပညာပါဝင်တဲ့ စမတ်ဖုန်းတလုံးကို “မဝေးတော့တဲ့ အနာဂတ်တချိန်မှာ” ထုတ်ဖို့ ခန့်မှန်းထားတယ်လို့ပဲ ပြောထားပါတယ်။

Ref: The Verge, GSM Arena

You may also like these stories:

ကင်မရာ ၅ လုံး ပါဝင်တဲ့ V40 ThinQ စမတ်ဖုန်းကို LG မိတ်ဆက်

HyperBoost နည်းပညာနဲ့ OPPO A7 စမတ်ဖုန်း ထွက်ရှိ

Voice Translation ပါဝင်တဲ့ ကြိုးမဲ့ Bluetooth Headset “O-Free” ကို OPPO မိတ်ဆက်

Your Thoughts …
Tags: OPPOကင်မရာ နည်းပညာ
Nigma

Nigma

Contributor

Similar Picks:

အသစ် ထွက်လာတဲ့ OPPO Reno 3 နဲ့ Reno 3 Pro စမတ်ဖုန်းများ

5G အသုံးပြုနိုင်တဲ့ OPPO Reno 3 နဲ့ Reno 3 Pro စမတ်ဖုန်းများ မိတ်ဆက်

by Nigma
27 December 2019
4.3k

OPPO Reno စီးရီးရဲ့ တတိယမြောက် မျိုးဆက်ဖြစ်ကာ အရင် Reno 2 နဲ့ ၂ လပဲ ခြားပြီး အသစ် ထုတ်လုပ်လိုက်တာ ဖြစ်ပါတယ်။

“Oppo စမတ်ဖုန်း စက်ရုံ လေ့လာရေး ခရီးစဉ်” / သီဟတိုး / ဧရာဝတီ

OPPO နဲ့ အတူ လေ့လာခွင့်ရခဲ့တဲ့ “Oppo စမတ်ဖုန်း စက်ရုံ ခရီးစဉ်”

by သီဟတိုး
23 January 2018
5.1k

“Oppo Factory Tour” ခရီးစဉ်မှာ စမတ်ဖုန်းတလုံး ထုတ်လုပ်ပုံ၊ စမတ်ဖုန်းတလုံးမှာ ပါဝင်တဲ့ စက်ပစ္စည်း ကိရိယာ Chipset များကိုအသေးစိတ် တပ်ဆင်ပုံ၊ တပ်ဆင်ပြီးသား စမတ်ဖုန်းများကို အဆင့်ဆင့် စမ်းသပ်မှုများ ပြုလုပ်ပြီး နောက်ဆုံးအဆင့် စမတ်ဖုန်း...

Dual Wi-Fi ဆိုတဲ့အတိုင်း ဖုန်း ဒါမှမဟုတ် တက်ဘလက် တလုံးတည်းကနေ Wi-Fi ကွန်ရက်နှစ်ခုကို တချိန်တည်း ချိတ်ဆက် အသုံးပြုနိုင်မှာပါ

Wi-Fi ကွန်ရက်နှစ်ခု တပြိုင်တည်း ချိတ်သုံးနိုင်တဲ့ နည်းပညာကို OPPO နဲ့ Vivo တို့ ပြသ

by Nigma
22 July 2019
6.7k

Dual Wi-Fi Feature ကို Vivo က iQOO ဖုန်းနှစ်လုံးနဲ့ စမ်းသပ်ပြခဲ့တာ ဖြစ်ပါတယ်။ ဒီ Feature ပါဝင်တဲ့ ဖုန်းမှာ "Smart Multi-network Acceleration" ဆိုတဲ့ ခလုတ်တခု ပါလာတာကို...

ဖုန်းကွန်ရက် မလိုဘဲ ဖုန်းအချင်းချင်း ဖုန်းခေါ်၊ စာပို့နိုင်မယ့် နည်းပညာကို OPPO က မိတ်ဆက်လိုက်တာပါ

ဖုန်းလိုင်း မလိုဘဲ ဖုန်းခေါ်၊ စာပို့ လုပ်နိုင်တဲ့ MeshTalk နည်းပညာကို OPPO ပြသ

by Nigma
27 June 2019
28.4k

OPPO ဖုန်းကိုင်သူ အချင်းချင်းပဲ ဆက်သွယ် ပြောဆိုနိုင်မှာဖြစ်ပြီး၊ ဖုန်းခေါ်၊ စာပို့၊ အသံ မက်ဆေ့ချ် ပို့တာ အားလုံး လုပ်နိုင်ပါတယ်။

OPPO Reno ဖုန်း

Zoom ၁၀ ဆ ဆွဲရိုက်နိုင်တဲ့ ကင်မရာနဲ့ လျှောစောင်း ကင်မရာတို့ ပါဝင်တဲ့ OPPO Reno ဖုန်း ထွက်ရှိ

by Nigma
10 April 2019
4.9k

OPPO Reno ကို ဗားရှင်း ၂ မျိုးနဲ့ ရရှိမှာပါ။ ရိုးရိုး Reno နဲ့ Reno 10x Zoom Edition ဆိုပြီး ဖြစ်ပါတယ်။

OPPO F1s Limited Edition

အရောင်သစ်နဲ့ ထပ်မံထွက်ရှိလာတဲ့ OPPO F1s Limited Edition စမတ်ဖုန်း

by သီဟတိုး
30 November 2016
12.2k

OPPO F1s Limited Edition စမတ်ဖုန်းကို အလုံးရေ တထောင်သာ အကန့်အသတ်နဲ့ ရောင်းချပေးသွားမှာဖြစ်ပြီး မြန်မာတနိုင်ငံလုံးမှာရှိတဲ့ OPPO မိုဘိုင်းဖုန်းဆိုင်များထဲမှ သတ်မှတ်ထားတဲ့ ဖုန်းဆိုင် ၃၀၀ မှာသာ ရောင်းချပေးသွားမယ်လို့ သိရပါတယ်

Next Post
မလေးရှားတွင် ဖမ်းဆီးမိသည့် မူးယစ်ဆေးဝါးများ  / Reuters

မလေးရှား၌ ဖမ်းမိသည့် စံချိန်တင် မြန်မာမူးယစ်မှု ၁ နှစ်ကျော် အထိ သက်သေ ၉ ဦးသာစစ်ပြီး

သြဂုတ် ၂၄ ရက်တွင် ပြုလုပ်သည့် ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့၏ ဒုတိယ ၁ နှစ်တာ ဆောင်ရွက်ချက် များ သတင်းစာ ရှင်းလင်းပွဲ၌ တွေ့ရသော ဦးဖြိုးမင်းသိန်း / မျိုးမင်းစိုး / ဧရာဝတီ

ကျူးကျော်များ အတွက် ၃ လအတွင်း တိုက်ခန်းများ စဆောက်နိုင်မည် ဟု ရန်ကုန် ဝန်ကြီးချုပ် ပြော

No Result
View All Result

Recommended

MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

2 days ago
3.5k
၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၅

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၅

3 days ago
3.4k

Most Read

  • အသိအမှတ်ပြုမှုအတု၊ ထရမ့်၏ မြန်မာအခွန်နှင့် ပေးစာရေးသားခြင်း အလွဲ

    အသိအမှတ်ပြုမှုအတု၊ ထရမ့်၏ မြန်မာအခွန်နှင့် ပေးစာရေးသားခြင်း အလွဲ

    shares
    Share 0 Tweet 0
  • လေကြောင်းပစ်ကူဖြင့် ဆန်တက်လာသည့် စစ်သင်္ဘောများ စဥ့်ကူးရောက်

    shares
    Share 0 Tweet 0
  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၆

    shares
    Share 0 Tweet 0
  • MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

    shares
    Share 0 Tweet 0
  • ပြည်သူ့ရင်ခွင် ခိုလှုံတဲ့ သုခစခန်းက ဗိုလ်ကြီး မျိုးဆွေဦးရဲ့ စကား

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate