တရုတ်အခြေစိုက် စမတ်ဖုန်းကုမ္ပဏီ Lenovo ဟာ Z6 Pro နဲ့ Z6 Youth Edition စမတ်ဖုန်းတွေကို ဧပြီနဲ့ မေလမှာ ကပ်လျက် မိတ်ဆက်ပေးခဲ့ပါတယ်။ အခုလည်း တလလောက်ပဲ ခြားပြီး နောက်ထပ် Z6 ဖုန်းတလုံးကို ထပ်မံ မိတ်ဆက်ပေးလိုက်ပြန်ပါပြီ။
Lenovo Z6 ဖုန်းကို မဂ္ဂနီယမ်သတ္တုစပ် ဖရိန်၊ ဖန်သား ကျောဘက်ကိုယ်ထည်တို့နဲ့ ထုတ်လုပ်ထားပြီး၊ ဖုန်းရဲ့ ဘေးစွန်းတွေကို ရှေ့ကော နောက်ပါ အနည်းငယ်ကွေးထားပါတယ်။ ဒီဇိုင်းကတော့ ပရီမီယမ်ဆန်ဆန်ပါပဲ။
Full HD+ အရည်အသွေးရှိတဲ့ ၆.၃၉ လက်မအရွယ် OLED Display ကလည်း ဖုန်းကိုယ်ထည်အပြည့် နေရာယူထားတာ တွေ့ရမှာပါ။ ဘောင်ဆိုလို့ မပါသလောက်ပါပဲ။ ရေစက်ပုံစံ Notch ကလည်း 16MP ရှေ့ကင်မရာဆန်ဆာတလုံးစာလောက်ပဲ ရှိတာကြောင့် တကယ့်စခရင်အပြည့်အရသာ ခံစားနိုင်မှာပါ။
Display က HDR10 နဲ့ DCI-P3 ကာလာစုံ ဖော်ပြနိုင်သလို 120 Hz အထိ Refresh Rate ရှိတာကြောင့် မြင်သမျှ ပုံရိပ်တိုင်းက ပိုမိုချောမွေ့ စိုပြေနေမှာ ဖြစ်ပါတယ်။ မျက်နှာပြင်အောက်မှာပဲ လက်ဗွေရာဆန်ဆာ ထည့်ပေးထားပါတယ်။
ဖုန်းရဲ့ ကျောဘက်မှာတော့ f/1.8 24MP အဓိကကင်မရာ၊ 2x Optical Zoom ဆွဲနိုင်တဲ့ 8MP Telephoto ကင်မရာနဲ့ 5MP Depth Sensor ၃ လုံးတွဲကို တွေ့မြင်ရမှာပါ။
Lenovo Z6 မှာ စွမ်းဆောင်ရည်မြင့်မားတဲ့ 8nm Snapdragon 730 SoC ကို အသုံးပြုထားပြီး၊ 6GB/64GB, 6GB/128GB နဲ့ 8GB/128GB ဆိုပြီး ၃ မျိုး ရွေးချယ်နိုင်မှာပါ။ microSD ကတ်ကိုလည်း 512GB အထိ ထပ်စိုက်နိုင်ပါသေးတယ်။ Android 9 Pie စနစ်အခြေခံ ZUI 11 နဲ့ ထွက်ရှိလာမှာပါ။ 15W အားအမြန်သွင်းစနစ် ပါတဲ့ 4,000mAh ဘက်ထရီနဲ့ ဖြစ်ပါတယ်။
Lenovo Z6 ရဲ့ ဈေးနှုန်းကတော့ အနိမ့်ဆုံးမော်ဒယ်ကို ၁,၈၉၉ ယွမ် (၂၇၅ ဒေါ်လာ) ပါ။ အမြင့်ဆုံးမော်ဒယ် ယူမယ်ဆိုရင်တော့ ၃၆၅ ဒေါ်လာလောက် ကျသင့်ပါလိမ့်မယ်။ အပြာရောင် တမျိုးပဲ ထုတ်သွားမှာပါ။ တရုတ်နိုင်ငံမှာ ကြိုတင်မှာယူထားနိုင်ပြီဖြစ်ကာ၊ ဇူလိုင် ၉ ရက်နေ့ စတင်ရောင်းချသွားမှာ ဖြစ်ပါတယ်။
Ref: GSM Arena, Gizmochina
You May Also Like These Stories:
Punch-hole Display နဲ့ Vivo Z1 Pro ကို အိန္ဒိယမှာ မိတ်ဆက်< Xiaomi က Mi CC ဖုန်းစီးရီးအသစ်ကို မိတ်ဆက်
Vivo ရဲ့ Gaming ဖုန်းအသစ် “iQoo Neo” ထွက်ရှိ